ကာကွယ်ဆေးထိုးနှံမှုနှုန်း လျော့နည်းလို့ မြန်မာနိုင်ငံမှာ မျိုးဆက် ပျောက်သွားနိုင်ကြောင်း ကုလ သတိပေး
ချင်းမိုင်၊ ဇန်နဝါရီ ၂၈ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးတာကြောင့် ကလေးငယ် မျိုးဆက် တစ်ဆက် ပျောက်ဆုံးသွားနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ် အာဏာမသိမ်းခင်က ကာကွယ်ဆေး ထိုးနှံမှုနှုန်း ၉၄ ရာခိုင်နှုန်း အထိ ရှိခဲ့ပေမယ့် အခုအခါ ၃၇ ရာခိုင်နှုန်းဆီ လျော့ကျသွားကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ဆိုးရွားပြီး…
