2026

အမေရိကန် ဒါမှမဟုတ် တရုတ်အကြား ရွေးချယ်မှာ မဟုတ်ဘူးလို့ ဗြိတိန် ဝန်ကြီးချုပ် ပြော

လန်ဒန်၊ ဇန်နဝါရီ ၂၇ ဘေဂျင်းခရီးစဉ် မတိုင်ခင် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက သူ့အနေနဲ့ အမေရိကန် ဒါမှမဟုတ် တရုတ်နဲ့ ဆက်ဆံရေးကြား ရွေးချယ်ရတဲ့ အခြေအနေသို့ အရောက်ခံမှာ မဟုတ်ကြောင်း ပြောပါတယ်။ ဝန်ကြီးချူပ် စတာမာဟာ ၈ နှစ်အတွင်း ဘေဂျင်းသို့ သွားရောက်တဲ့ ပထမဆုံး ဗြိတိန်ခေါင်းဆောင် ဖြစ်လာမှာ ဖြစ်ပါတယ်။ စီးပွားရေး၊ လုံခြုံရေး၊…

မြန်မာနဲ့ပါကစ္စတန် နိုင်ငံရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

အစ္စလာမ်မာဘက် ဇန်နဝါရီ ၂၇ ပါကစ္စတန်နဲ့မြန်မာကြား ပုံမှန် စေ့စပ်ရေး အထောက်အကူ ဖြစ်စေဖို့၊ နှစ်နိုင်ငံ ဒေသဆိုင်ရာနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ရေရှည် ပြုလုပ်ရေး နိုင်ငံရေးတိုင်ပင်ဆွေးနွေး နားလည်မှု စာချွန်လွှာ တစ်ရပ်ကို ဇန်နဝါရီ ၂၆ ရက်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပါကစ္စတန် လက်ထောက်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး လွှတ်တော် အမတ် မိုဟာမက် အီရှက်ဒါးနဲ့…

မုန်းမြို့နယ်မှာ လေကြောင်းဗုံးကြဲခံရလို့ အရပ်သားသုံးဦးဒဏ်ရာရ

မုန်း၊ ဇန်နဝါရီ ၂၆ ပဲခူးတိုင်း မုန်းမြို့နယ် ရေလဲအနောက်ဘက်ကမ်းကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်း အရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ နေလည် ၁၁ နာရီခွဲအချိန်လောက်မှာ တောင်ငူလေတပ်က ဂျက်ဖိုက်တာ လေယာဉ် တစ်စီးဟာ တိုက်ပွဲမရှိဘဲ ရေလဲအနောက်ဘက်ကမ်းကျေးရွာထဲကို ဗုံး…

နယ်စပ်ဂိတ်တွေ အမြန်ဆုံးပြန်ဖွင့်ဖို့ စစ်ကော်မရှင်နဲ့ထိုင်းတို့ ဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီ ၂၇ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေးအတွက် ထိုင်းနိုင်ငံသံအမတ်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့က တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာမယ့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်နဲ့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်တို့က နေပြည်တော်မှာ…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ မြေးအဖွား နှစ်ဦး သေဆုံး

ဘီးလင်း၊ ဇန်နဝါရီ ၂၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြေးအဖွား နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်လောက်မှာ ဘီးလင်းအခြေစိုက် ခမရ ၃ တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ရာကနေ အလူးကြီးကျေးရွာရှိ နေအိမ်တစ်လုံးအပေါ်…

အီရန်က မြန်မာ စစ်တပ်ကို လေယာဉ်ဆီ လျှို့ဝှက် ထောက်ပံ့ပေးနေ

နေပြည်တော်၊ ဇန်နဝါရီ ၂၇ အီရန်က မကြာသေးခင်က မြန်မာ စစ်တပ်အတွက် လေယာဉ်ဆီ ပမာဏ အများကြီးကို သင်္ဘောနဲ့ တင်ပို့ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အရပ်ဖက် ပစ်မှတ်တွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု အရှိန်မြှင့် ပြုလုပ်နေချိန် အီရန်ဟာ အခုအချိန်မှာ မြန်မာ စစ်တပ်အတွက် လေယာဉ်ဆီနဲ့ ယူရီးယားဓာတ် အဓိက ထောက်ပံ့ပေးတဲ့ နိုင်ငံ ဖြစ်လာပါတယ်။…

နှစ်သစ်ကူးကာလ ဂျပန်ကို ခရီးမသွားကြဖို့ တရုတ်က နိုင်ငံသားတွေကို တိုက်တွန်း

ဘေဂျင်း၊ ဇန်နဝါရီ ၂၇ အများပြည်သူဆိုင်ရာ လုံခြုံရေး ယိုယွင်းနေတာကြောင့် လာမယ့် တရုတ် နှစ်သစ်ကူး အားလပ်ရက် ကာလအတွင်း ဂျပန်နိုင်ငံသို့ ခရီးမသွားကြဖို့ တရုတ် အစိုးရက သူတို့ရဲ့ နိုင်ငံသားတွေကို ဇန်နဝါရီ ၂၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ တိုကျိုနဲ့ ဘေဂျင်းကြား သံတမန်ရေး အငြင်းပွားနေချိန်မှာ အခုလို တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ထိုင်ဝမ်ကို…

စစ်အာဏာသိမ်း (၁၈၂၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၇၂၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၇ AAPP ရဲ့ ဇန်နဝါရီ၂၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၂၁) ရက်အတွင်း ပြည်သူ (၇၇၂၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၃၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၇၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်ယူနီဖောင်းချွတ်တွေ ဦးဆောင်မယ့်အစိုးရ ရွှေရည်စိမ်ဒီမိုကရေစီစနစ်ဖြစ်ဖို့တောင် ခဲယဉ်းနေ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၇ စစ်တပ် ဦးဆောင်ကျင်းပတဲ့ ၂၀၂၅ – ၂၀၂၆ ရွေးကောက်ပွဲကနေ နောက်တက်လာမယ့် အစိုးရနဲ့ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရလိုမျိုး မျှော်လင့်ဖို့ လက်ရှိ အနိုင်ရပါတီကို ပူးပေါင်းပေးမယ့် အခြေ အနေပတ်ဝန်းကျင်အပေါ် မူတည်လိမ့်မယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပပြီးစီးသွားခဲ့တဲ့ အပိုင်း ၃ ရွေးကောက်ပွဲကို မန္တလေးတိုင်း…

သထုံခရိုင်က စစ်ရှောင်တစ်သောင်းကျော် နေရပ်မပြန်ရဲသေး

သထုံ၊ ဇန်နဝါရီ ၂၇ မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှု ဆက်ရှိနေတာကြောင့် စစ်ရှောင်တစ်သောင်းကျော် နေရပ်မပြန်ရဲသေးဘူးလို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်တို့မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ဆန်းပိုင်းအတွင်း စစ်ကော်မရှင်တပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။ စစ်ကော်မရှင်တပ်ရဲ့…