ထန်းတပင်မှာ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး
ထန်းတပင်၊ ဇန်နဝါရီ ၂၂ ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သက်ကြီးပိုင်း အမျိုးသမီး နှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇန်နဝါရီ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ ထန်းတပင်မြို့နယ် ဇီဒေါခိုကျေးရွာထဲကို လေကြောင်းကနေ ပေါင် ၅၀၀…
