ဒါးဗု့ိစ်၊ ဇန်နဝါရီ ၂၂

ဒါးဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကနေဒါ ဝန်ကြီးချုပ် မက်ခ် ကာနေကို နာမည်တပ်ခေါ်ပြီး အမေရိကန်ကြောင့် ကနေဒါ ရှင်သန်နေရတယ်ဆိုတာ မှတ်သားထားဖို့ ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် မက်ခ် ကာနေအနေနဲ့ နောက်ထပ် ကြေညာချက်တွေ ထုတ်ပြန်ချိန်မှာ အဲဒီအချက်ကို အမှတ်ရဖို့လည်း ထရန့်က ပြောပါတယ်။

ကနေဒါဟာ အမေရိကန်ဆီက အခမဲ့ ရရှိနေတာတွေ အများကြီးရှိနေပြီး အဲဒါအတွက် ကျေးဇူးတင်သင့်ကြောင်းလည်း သူက ပြောပါတယ်။

အင်အားကြီးမားတဲ့ နိုင်ငံတွေက သူတို့ရဲ့ စီးပွားရေး အင်အားကို လက်နက်အဖြစ် အသုံးချနေတယ်လို့ ကာနေက မကြာသေးခင်က ပြောဆိုခဲ့ပါတယ်။

ထရန့်က တခြားသော ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း ဝေဖန် ထိုးနှက်ခဲ့ပါတယ်။

နေကာမျက်မှန်တပ်တဲ့ ပြင်သစ်သမ္မတ အမ်မန်နူရာယ် မက်ကရွမ်ကိုလည်း ထရန့်က ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

မက်ကရွမ်က ကမ္ဘာကြီး မတည်ငြိမ်မှုနဲ့ပတ်သက်လို့ ပြောကြားသွားပြီး အမေရိကန်က ဥရောပအပေါ် အခွန်တွေ တိုးကောက်ပြီး အားနည်းအောင် သူတို့ရဲ့ လက်အောက်ခံ ဖြစ်အောင် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

ထရန့်က လှပတဲ့ နေကာမျက်မှန်တပ်ထားတဲ့ မက်ကရွမ်ကို မိမိကြည့်ရှုခဲ့ကြောင်းနဲ့ ဘာနေ့ဖြစ်သွားပြီလဲလို့ ဇန်နဝါရီ ၂၁ ရက်မှာ လှောင်ပြောင်ထားပါတယ်။

မက်ကရွမ်ဟာ မျက်စိနာနေတာကြောင့် နေကာမျက်မှန် တပ်သွားတာဖြစ်ကြောင်း ပြင်သစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆွစ်ဇာလန် သမ္မတဟောင်း ကာရင် ကယ်လာ ဆက်တာကလည်း မိမိကို မဟုတ်တဲ့နည်းနဲ့ ပွတ်သပ်ခဲ့တယ်လို့ ထရန့်က ပြောပါတယ်။

ဒါးဗို့စ်မြို့မှာ ဇန်နဝါရီ ၂၀ ရက်က ဝန်ကြီးချုပ် ကာနေပြောကြားခဲ့တဲ့ မိန့်ခွန်းကိုတော့ ကနေဒါက နိုင်ငံရေးသမားတွေနဲ့ ဝေဖန်သူသပ်သူအများက လှောင်ရယ်ခဲ့ကြပါတယ်။

သူက အင်အားသေးငယ်တဲ့ နိုင်ငံတွေ အတူတကွ အလုပ်လုပ်ပြီး အင်အားကြီး နိုင်ငံတွေရဲ့ အကြပ်ကိုင်မှုကို ငြင်းပယ်ဖို့နဲ့ ညှိနှိုင်းပြင်ဆင်ကြဖို့ ပြောဆိုသွားပါတယ်။

ကနေဒါဟာ သတ္တုတွေနဲ့ကားတွေလို အဓိက ကဏ္ဍတွေအပေါ် အမေရိကန် ချမှတ်ထားတဲ့ အခွန် အတုပ်တွေကနေ ပြန်လည် သက်သာခါစပဲ ရှိပါသေးတယ်။

ထရန့်ရဲ့ ပထမသမ္မတ သက်တမ်းအတွင်း ရရှိခဲ့တဲ့ မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု USMCA ကို သက်တမ်းတိုးဖို့လည်း ကနေဒါက မျှော်လင့်ထားပေမယ့် အခုတော့ ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်နေပါတယ်။

ကနေဒါက သူတို့ရဲ့ ထုတ်ကုန် ၇၅ ရာခိုင်နှုန်းကို သူတို့ရဲ့ တောင်ပိုင်းအိမ်နီးချင်းဆီ တင်ပို့နေတာကြောင့် အမေရိကန်နဲ့ သဘောတူညီမှု တစ်ရပ်ဟာ ကနေဒါ စီးပွားရေးအတွက် အရေးကြီးတယ်လို့ မှတ်ယူရပါတယ်။

ဇန်နဝါရီ ၂၁ ရက်က တန်ပြန်ရိုက်ခတ်မှုတွေ ရှိနိုင်ခြေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ကနေဒါ ကုန်သွယ်ရေးဝန်ကြီး မာနင်ဒါ ဆီဒူက အမေရိကန်ဟာ ကနေဒါအတွက် အမြဲတမ်း အရေးပါနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အခွင့်အလမ်းတွေအတွက် တရုတ်နဲ့ အိန္ဒိယတို့လို တခြား ဈေးကွက်တွေကိုလည်း လေ့လာနေတယ်လို့ ကနေဒါ ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.