ဟောမု့ဇ်ရေလက်ကြား ဖြတ်သန်းခွင့်အတွက် အီရန်ကို ငွေမပေးကြဖို့ အကြံပြုထား
ဝါရှင်တန်၊ ဧပြီ ၁၁ ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းလိုတဲ့ ရေနံတင်သင်္ဘောတွေ ဖြတ်သန်းခွင့်ရရှိရေး အတွက် အီရန်ကို ငွေမပေးကြဖို့ ကမ္ဘာ့ရေနံတင် သင်္ဘော အုပ်စုက အကြံပြုထားပါတယ်။ ဧပြီ ၇ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပေမယ့် အဲဒီ ရေလမ်းကြောင်းကို ဖြတ်သန်းခွင့် ရယူဖို့ ထပ်မံ ပျက်ကွက်ခဲ့ပါတယ်။ အဲဒီ သဘောတူညီမှုမှာ ရေလက်ကြားဖြတ်သန်းခွင့် ပါဝင်မယ်လို့…
