October 29, 2026

စစ်အာဏာသိမ်း (၂၀၉၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၆၂၇)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၃၀ AAPP ရဲ့ အောက်တိုဘာ ၂၉ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၉၇) ရက်အတွင်း ပြည်သူ (၈၆၂၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၂၅၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၉၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

တိုင်းပြည်ကို ချောက်တွန်းပြီး ကယ်တင်ရှင်အဖြစ် သမိုင်းမှတ်ကျောက်တင်ခံချင်တဲ့ စစ်အာဏာရှင်

နေပြည်တော် ၊ အောက်တိုဘာ ၃၀ တိုင်းပြည်ကို တကျော့ပြန် စစ်အာဏာသိမ်းမှုနဲ့ ချောက်ထဲတွန်းပို့ပြီးမှ ကယ်တင်ရှင်အဖြစ် နိုင်ငံ့သမိုင်းမှာ မှတ်ကျောက်တင်ခံနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းသွားကြဖို့ ကိုယ်တိုင်ခန့် သမ္မတ စစ်အာဏာရှင် ဦးမင်းအောင်လှိုင်က သူ့ရဲ့ လက်အောက်ငယ်သားတွေကို ပြောပါတယ်။ အောက်တိုဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဒုသမ္မတ နှစ်ဦးနဲ့ တပ်ချုပ် အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ…

မော်လမြိုင်မြို့ပေါ်မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ရောင်းစားမှုတွေ ဆက်ရှိနေ

မော်လမြိုင် ၊ အောက်တိုဘာ ၃၀ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့ပေါ်မှာ စစ်တပ် အသွင်ပြောင်း စစ်အစိုးရ လက်အောက်ခံတွေက ဒေသခံတွေကို မထင်ရင် မထင်သလို ဖမ်းဆီးပြီး စစ်မှုထမ်း ရောင်းစားတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အစိုးရ လက်အောက်ခံတွေဟာ တစ်ဦးတည်း အပြင်ထွက်တဲ့သူတွေ၊ ညဘက်အပြင်ထွက်တဲ့ သူတွေ၊ အလုပ်သွား အလုပ်ပြန်သူတွေအပြင် လူပြတ်တဲ့…

ထိုင်း-မြန်မာနယ်စပ် ဖာပွန်ဒေသမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ

ဖာပွန်၊ အောက်တိုဘာ ၃၀ KNU တပ်မဟာ ၅ ဖာပွန်ခရိုင် ထိန်းချုပ်နယ်မြေ ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေအပေါ် စစ်တပ်က လေကြောင်းဗုံးကြဲမှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ဆက်ရှိနေတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU တပ်မဟာ ၅ နယ်မြေ ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းအနီးက စစ်ဘေးရှောင်ပြည်သူလူထုတွေ နေထိုင်တဲ့ မယ်နူထရွာကို…

စပိန်မှာ အမြန်ရထားနှစ်စင်း တိုက်မိမှုကြောင့် သေဆုံးသူ ၆၉ ဦးအထိ မြင့်တက်

မက်ဒရစ် အောက်တိုဘာ ၂၉ စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိခဲ့တဲ့ မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၆၉ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိနေပါတယ်။ ဒီမတော်တဆမှုဟာ အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းက စပိန်နိုင်ငံအလယ်ပိုင်း တိုလီဒိုပြည်နယ်၊ အူဒါမြို့အနီးမှာ ဖြစ်ပွားခဲ့တာပါ။ မက်ဒရစ်မြို့ကနေ ဆီဗီးလ်မြို့ကို သွားနေတဲ့ အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာဖြစ်ပြီး ရထားနှစ်စင်းပေါ်မှာ ခရီးသည်စုစုပေါင်း ၅၄၄…

တနင်္သာရီမှာ ရေဘေးကြောင့် ပျက်စီးသွားတဲ့ NUG စာသင်ကျောင်း ၃၀ အကူအညီ လိုအပ်နေ

တနင်္သာရီ၊ အောက်တိုဘာ ၂၉ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း ရေဘေးကြောင့် ပျက်စီးသွားတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ စာသင်ကျောင်း ၃၀ အကူအညီ လိုအပ်နေတယ်လို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း တနင်္သာရီမြစ်ရေကြီးမှုကြောင့် ကျေးရွာပေါင်း ၅၀ ထက်မနည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် NUG စာသင်ကျောင်းတွေလည်း ရေနစ်မြှုပ်ပျက်စီးမှုအတွင်း ပါဝင်ခဲ့ပါတယ်။ ရေကြီးမှုဟာ…

၇၂ နာရီစာ ရိက္ခာစုဆောင်းရန် ညွှန်ကြားထားခြင်းမရှိကြောင်း ထိုင်းအစိုးရ ပြော

ဘန်ကောက် အောက်တိုဘာ ၂၃ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ထိုင်းပြည်သူတွေအနေနဲ့ အရေးပေါ်အခြေအနေအတွက် ၇၂ နာရီစာ အစားအစာ၊ ဆေးဝါးနဲ့ အခြေခံအသုံးအဆောင်တွေကို ကြိုတင်စုဆောင်းထားဖို့ ထိုင်းအစိုးရက သတိပေးထားတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ အဲဒီသတင်းတွေဟာ မမှန်ကန်ဘူးလို့ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကောင်စီ (NSC) က အောက်တိုဘာ ၂၉ ရက်နေ့မှာ တရားဝင်ရှင်းလင်းလိုက်ပါတယ်။…

ကျိုက်ထိုမှာ စစ်တပ်ဗုံးကြဲမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရ

ကျိုက်ထို၊ အောက်တိုဘာ ၂၉ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ချောင်းစောက်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ မနေ့ အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ချောင်းစောက်ကျေးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာ လေယာဉ် နှစ်စီးနဲ့…

ဘရာဇီးကနေ ထွက်ပြေးလာတာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ရှုံးနိမ့်သူ ဘိုလ်ဆိုနာရို ပြော

မီယာမီ ၊ အောက်တိုဘာ ၂၉ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်က သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် မီယာမီသို့ ရောက်ရှိလာတဲ့ ဘရာဇီး လွှတ်တော် အမတ် ဖလာဗီယို ဘိုလ်ဆိုနာရိုက သူ့အနေနဲ့ အမိမြေကို စွန့်ခွာဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘူးလို့ ပြောပါတယ်။ “ကျွန်တော် ဘရာဇီးက ထွက်ပြေးလာခဲ့တာ မဟုတ်ပါဘူး။ ဘရာဇီး…

မင်းလက်ပံ တိုက်ပွဲကြောင့် ထိုင်းဘက် လက်နက်ကြီးကျည်ကျပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မြဝတီ အောက်တိုဘာ ၂၉ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေရာကနေ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်အထိ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုင်းစစ်တပ်ကလည်း သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာ ၂၉ ရက် ဒီကနေ့ မနက်အစောပိုင်းမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်က ခြေလျင်တပ်ရင်းအများအပြားက စစ်အင်အားတွေကို…