August 2026

ကျိုက်ထိုမှာ ထိုင်းကုန်ပစ္စည်း သိုလှောင်ရုံတွေကို စစ်တပ် ဝင်စီး

ကျိုက်ထို၊ ဩဂုတ် ၂၈ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခလွန်ကျေးရွာမှာ အခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်းသိုလှောင်ရုံတွေကို စစ်တပ် ဝင်ရောက်စီးနင်းပြီးနောက် ကုန်ပစ္စည်းအများအပြား သိမ်းယူသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က ခလွန်ကျေးရွာမှာရှိတဲ့ ထိုင်းကုန်ပစ္စည်း သိုလှောင်ရုံတစ်ခုကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီးနောက် သိန်းပေါင်း နှစ်သောင်းကျော် တန်းဖိုရှိတဲ့ ထိုင်ကုန်ပစ္စည်းတွေကို…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း စစ်တပ်က အရပ်သား ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

တနင်္သာရီ၊ ဩဂုတ် ၂၈ တိုက်ပွဲဖြစ်ပွားမှု လျော့ကျသွားတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့တစ်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးပြီး အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ တစ်လအတွင်း တနင်္သာရီတိုင်းအတွင်းရှိ…

အွန်တာရီအို ရေကန်ကို အမေရိကန် ရေကန်အဖြစ် အမည်ပြောင်း အမိန့် ထရန့် လက်မှတ်ရေးထိုး

ဝါရှင်တန်၊ သြဂုတ် ၂၈ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အွန်တာရီအို ရေကန်ကို အမေရိကန် ရေကန်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ရေး အထူးညွှန်ကြားချက် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက အမေရိကန်နဲ့ ကနေဒါကြား ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ပျက်ပြယ်သွားပြီးနောက် ထရန့်က အခုလိုမျိုး ကြေညာလာတာပါ။ ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိ…

မလေးရှားက ရိုဟင်ဂျာ ဒုက္ခသည် ၁၅၀၀ ကို လာမယ့်လ မြန်မာနိုင်ငံသို့ ပြန်ပို့မယ်

ကွာလာလမ်ပူ၊ သြဂုတ် ၂၈ မလေးရှား အစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ရေး စစ်ဆေးအတည်ပြုထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၅၀၀ ကို စက်တင်ဘာ ၂၉ ရက်မှာ ပြန်လည် ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အဲဒီ ဒုက္ခသည်တွေဟာ ကိုယ့်သဘောနဲ့ ပြန်သွားလိုတာ ဖြစ်ပြီး ပထမအသုတ်အတွက် ပြန်လည်ပို့ဆောင်ရေး အစီအစဉ် အပြီးသတ် လုပ်ဆောင်ထားပြီ…

မော်လမြိုင် ကိုကိုညီညီ လျှပ်စစ်ပစ္စည်းဆိုင် ဓါးပြတိုက်ခံရ

မော်လမြိုင်၊ ဩဂုတ်၂၈ မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ် ဓါးပြတိုက်ခံရပြီး မီးခံသေတ္တာ ယူဆောင်သွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ သြဂုတ် ၂၈ ရက်နေ့ မနက် ၄ နာရီအချိန်လောက်မှာ ကိုကိုညီညီလျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ်ကို ကားနှစ်စီးနဲ့ လာတဲ့ လူတစ်စုက ဓါးပြဝင်တိုက်သွားတာပါ။ အဲဒီဓါးပြအုပ်စုဟာ ကိုကိုညီညီ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်…

ထိုင်း၊ ရုရှားအကူအညီနဲ့ ထားဝယ်စီမံကိန်း မြန်မာ ပြန်စနိုင်မလား

ဘန်ကောက် ဩဂုတ် ၂၈ မြန်မာနိုင်ငံ တောင်ပိုင်းက ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ မြန်မာဘက်က ကြိုးပမ်းနေပြီး ရုရှားနိုင်ငံရဲ့ ပါဝင်မှုနဲ့ ထိုင်းနိုင်ငံဘက်ကလည်း စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာပါတယ်။ ထားဝယ်စီမံကိန်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကတည်းက အရှေ့တောင်အာရှရဲ့ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းအသစ်တစ်ခုအဖြစ် ရည်ရွယ်ခဲ့တာပါ။ အစီအစဉ်အရ မြန်မာနိုင်ငံ ကပ္ပလီပင်လယ်ဘက်ခြမ်းမှာ ရေနက်ဆိပ်ကမ်းတည်ဆောက်ပြီး အကြီးစားစက်မှုလုပ်ငန်းတွေ၊ လမ်းနဲ့…

နီပေါ-တိဘက် ရေကြီးမှုမှာ သေဆုံးသူ ၄၀၀ နီးပါးအထိ တိုးလာ

ခတ္တမန္ဒူ ဩဂုတ် ၂၈ နီပေါနဲ့ တရုတ်နိုင်ငံ တိဘက်ဒေသနယ်စပ်မှာ ဩဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ လျှပ်တပြက် ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ဦးရေ ၄၀၀ နီးပါးအထိ ရှိလာပြီး လူ ၁,၄၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒီနေ့ ဩဂုတ် ၂၈ ရက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တတိယမြောက်နေ့အဖြစ် ဆက်လက်လုပ်ဆောင်နေကြပြီး အသက်ရှင်ကျန်ရစ်သူတွေကို…

စစ်အာဏာသိမ်း (၂၀၃၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၂၆) ဦးထိရှိလာ

မော်လမြိုင်၊ သြဂုတ်၂၈ AAPP ရဲ့ သြဂုတ်၂၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၃၄) ရက်အတွင်း ပြည်သူ (၈၃၂၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၈၃၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၁၆)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ဦးမင်းအောင်လှိုင် ဗီယက်နမ်လာဖို့ ဖိတ်ကြားခံရ၊ နိုင်ငံတကာမျက်နှာစာမှာ အပြန်အလှန် ထောက်ခံသွားမယ်လို့ ဆို

နေပြည်တော် ၊ ဩဂုတ် ၂၈ အာဏာသိမ်းစစ်တပ်ကနေ အရပ်သား အသွင်ပြောင်း စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားခံရပြီး နှစ်နိုင်ငံအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ အပြန်အလှန် ထောက်ခံသွားမယ်လို့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဩဂုတ် ၂၆ ရက်နေ့က ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ကို လာရောက်ပြီး ဦးမင်းအောင်လှိုင်နဲ့…

မွန်မှာ စက်သုံးဆီမရောင်းပေးလို့ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေအများစု မထွက်နိုင်

မော်လမြိုင် ၊ ဩဂုတ် ၂၈ မွန်ပြည်နယ်မှာ အခုနှစ်ငါးဖမ်းရာသီကို ဇူလိုင်လက စတင်ခွင့်ပြုခဲ့ပေမယ့် စက်သုံးဆီ မရောင်းပေးတာကြောင့် လက်ရှိ ဩဂုတ်လကုန်ထိ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေအများစု မထွက်နိုင်သေးဘူးလို့ ငါးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ငါးဖမ်းလှေတွေအတွက် စက်သုံးဆီတွေကိုတော့ စက်သုံးဆီဆိုင် အများစုက ပုံးတွေ၊ ပီပါတွေနဲ့ မရောင်းပေးတာ၊ အရင်လို အလွယ်တကူ ဝယ်ယူလို့ မရတာ အပြင်…