ဝါရှင်တန် ဩဂုတ် ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အရင်သမ္မတဟောင်းတွေရဲ့ သမိုင်းဝင်အဆင့်သတ်မှတ်ချက်စာရင်းကို သူကိုယ်တိုင် Truth Social မှာ ပြန်လည်မျှဝေခဲ့ပြီး သူ့ကိုတော့ “The Greatest” အကြီးမြတ်ဆုံး ဆိုတဲ့ အဆင့်မှာ တစ်ဦးတည်း သတ်မှတ်ထားပါတယ်။

ထရန့် မျှဝေခဲ့တဲ့ ဇယားထဲမှာ အမေရိကန်သမ္မတတွေကို “Great” ကောင်းမွန်သော “Near Great” ကောင်းမွန်လုနီးပါး စတဲ့ အဆင့်တွေအပြင် “Failures” ဆိုတဲ့ ကျရှုံးသူအဆင့်အထိ ခွဲခြားထားပါတယ်။

ထရန့် ကတော့ တခြားသမ္မတတွေထက် အပေါ်ဆုံးအဆင့်ဖြစ်တဲ့ “The Greatest” အကြီးကျယ် အမြင့်မြတ်ဆုံးမှာ တစ်ဦးတည်း ရှိနေပါတယ်။

အမေရိကန်သမိုင်းမှာ ထင်ရှားတဲ့ သမ္မတတွေဖြစ်တဲ့ အီဗရာဟန် လင်ကွန်း၊ ဂျော့ချ်ဝါရှင်တန်နဲ့ ဖရန့်ကလင်း ဒီ ရုစဗဲ့တို့ကိုတော့ သူ့ရဲ့အောက်တစ်ဆင့်ဖြစ်တဲ့ “Great” အဆင့်မှာ ထည့်သွင်းထားပါတယ်။

အဲဒီအဆင့်မှာ လင်ကွန်း၊ ဝါရှင်တန်၊ ရုစဗဲ့တို့အပြင် ဝူဒိုးလ် ဝီလ်ဆန်၊ သောမတ် ဂျက်ဖာဆန်နဲ့ အန်ဒရူးဂျက်ဆန် တို့လည်း ပါဝင်ပါတယ်။

ထရန့်ရဲ့ ဒီအဆင့်သတ်မှတ်ချက်ဟာ အမေရိကန်သမ္မတတွေအပေါ် သူ့ရဲ့ကိုယ်ပိုင်အမြင်ကို ပြသနေသလို လက်ရှိ ရီပတ်ဘလစ်ကန်မဲဆန္ဒရှင်တွေကြား ထရန့်ရဲ့ လူကြိုက်များမှုကလည်း အရင်ရီပတ်ဘလစ်ကန်သမ္မတတွေထက် ပိုမိုမြင့်မားနေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ရီပတ်ဘလစ်ကန်မဲဆန္ဒရှင်တွေဟာ သူတို့အလေးစားဆုံး သမ္မတအဖြစ် ရော်နယ်ရေဂင် ဒါမှမဟုတ် အီဗရာဟမ် လင်ကွန်းတို့ထက် ထရန့်ကို ရွေးချယ်မှု ပိုမိုများပြားခဲ့ပါတယ်။

၁၉၄၈ ခုနှစ် သမ္မတအဆင့်သတ်မှတ်ချက်နဲ့ ဆင်တူ ထရန့် မျှဝေခဲ့တဲ့ ဇယားဟာ ၁၉၄၈ ခုနှစ် နိုဝင်ဘာလမှာ LIFE မဂ္ဂဇင်းက ထုတ်ဝေခဲ့တဲ့ အမေရိကန်သမ္မတတွေရဲ့ အဆင့်သတ်မှတ်ချက်နဲ့ တော်တော်လေး ဆင်တူပါတယ်။

အဲဒီမူရင်းအဆင့်သတ်မှတ်ချက်ကို သမိုင်းပညာရှင် အာသာ အယ် ရှလက်ဇင်ကာစီနီယာ က သမိုင်းပညာရှင် ၅၅ ဦးရဲ့ အမြင်တွေကို စုစည်းပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သမိုင်းပညာရှင်တွေက သမ္မတတွေကို “Great”၊ “Near Great”၊ “Average”၊ “Below Average” (ပုံမှန်အောက်) နဲ့ “Failures” ဆိုပြီး အဆင့် ၅ ဆင့် ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။

၁၉၄၈ ခုနှစ်က ပြုလုပ်ခဲ့တဲ့ မူရင်းစာရင်းမှာတော့ အီဗရာဟမ် လင်ကွန်း၊ ဂျော့ဝါရှင်တန်၊ ဖရန့်ကလင်း ဒီ ရုစဗဲ့၊ ဝူဒိုးလ်ဝီလ်ဆင်၊ သောမတ်ဂျက်ဖာဆန်နဲ့ အန်ဒရူး ဂျက်ဆန်တို့ကို အမေရိကန်ရဲ့ “Great” သမ္မတ ၆ ဦးအဖြစ် သတ်မှတ်ထားပါတယ်။

အဲဒီအချိန်မှာ ဟယ်ရီထရူးမန်းဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်တာကြောင့် စစ်တမ်းထဲမှာ ထည့်သွင်းအဆင့်သတ်မှတ်ခြင်း မရှိခဲ့ပါဘူး။

ထရန့် ရဲ့ လက်ရှိဇယားမှာတော့ အဲဒီ မူရင်းအဆင့်သတ်မှတ်ချက်အများစုကို ဆက်လက်အသုံးပြုထားပြီး ထရန့်ကို “The Greatest” ဆိုတဲ့ သီးခြားအဆင့်တစ်ခု ထပ်မံဖန်တီးပြီး ထည့်သွင်းထားတာ ဖြစ်ပါတယ်။

တဖက်မှာတော့ သမ္မတဟောင်းတွေဖြစ်တဲ့ ဂျိုးဘိုက်ဒန်၊ ဘားရက် အိုဘားမားနဲ့ ဂျင်မီကာတာတို့ကို “Failures” အဆင့်ထဲ ထည့်သွင်းထားပါတယ်။

ဒီလိုနဲ့ ထရန့် ရဲ့ ကိုယ်ပိုင်သမ္မတအဆင့်သတ်မှတ်ချက်မှာ သူ့ကိုယ်သူ အမေရိကန်သမိုင်းတလျှောက် တခြားသမ္မတအားလုံးထက် အမြင့်ဆုံးနေရာမှာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Ref:newsweek

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.