နူဝါကော့၊ သြဂုတ် ၂၉

နီပေါနဲ့ တိဘက်ဒေသမှာ ဆူနာမီလို ရေတံတိုင်းနဲ့ အပျက်အစီးတွေကြောင့် ကျေးရွာတွေ ရေနစ်မြုပ်သွားပြီး လူရာပေါင်းများစွာ သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းကြာတဲ့အထိ ပျောက်ဆုံးနေသူ အရေအတွက် ၂၄၀၀ ကျော်ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။

အခုအထိ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက အလောင်း ၅၈၆ လောင်း တွေ့ရှိထားပြီး နောက်ထပ် ရေကြီးနိုင်တဲ့ အန္တရာယ် နီးကပ်လာနေချိန် ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့နွံတွေကြောင့် အခက်ကြုံနေရပါတယ်။

သေဆုံးသူ တချို့ဟာ နိုင်ငံအောက်ပိုင်း အိန္ဒိယနိုင်ငံအထိ မျောပါ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

တိဘက်ဒေသ ခိုင်လက်ရှ်တောင်သို့ ဘုရားသွားဖူးသူတွေနဲ့ တောင်တက်သမားတွေအပါအဝင် ပျောက်ဆုံးနေသူ စာရင်းမှာ ရေအားလျှပ်စစ် အလုပ်သမား ၉၃၃ ဦးလည်း ပါဝင်တယ်လို့ နီပေါ သဘာဝဘေးအန္တရာယ် ဖြေရှင်းရေး အာဏာပိုင်တွေက ပြောပါတယ်။

ပျောက်ဆုံးနေသူတွေရဲ့ ဓာတ်ပုံတွေနဲ့ အမည်တွေကို နံရံတွေပေါ်မှာ ကပ်ထားပြီး နီပေါနိုင်ငံ မြို့တော်ရှိ ဆေးရုံတွေမှာ ဆွေမျိုးသားချင်းတွေ စုပြုံနေပါတယ်။

ဒီကနေ့ သုံးရက်မြောက်ရှိပြီ၊ ကျွန်မတို့ ဘာမှ မသိရသေးဘူး။ သူ ဘေးကင်းတဲ့ နေရာမှာ ရှိနေမယ်လို့ မျှော်လင့်ပါတယ်လို့ အသက် ၂၇နှစ် အရွယ် ဆမ်ဟာနာ သင်းက သူ့အစ်ကိုကို ရည်ညွှန်းပြီး အေအက်ဖ်ပီ သတင်းဌာနသို့ ပြောပါတယ်။

အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က အဲဒီ သဘာဝဘေးဟာ ၂၀၁၅ ခုနှစ်မှာငလျင်လှုပ်ပြီးနောက်ပိုင်း နီပေါမှာ လူသေဆုံးမှု အများဆုံး သဘာဝဘေး ဖြစ်တယ်လို့ ပြောပါတယ်။

ရေခဲ အပိုင်းအစတွေ အများကြီးကြောင့် ရေခဲမြစ် တစ်ခု ပြိုပြီး ဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရေခဲတွေနဲ့ ရွှံ့နွံတွေကြောင့် ကြီးမားတဲ့ ရေအိုင်ကြီးတွေလည်း ဖြစ်ပေါ်လာပြီး အဲဒီ ရေအိုင်ကြီးတွေထဲက တစ်ခုကြောင့် ကယ်ဆယ်ရေး အလုပ်သမားတွေ တိုက်ရိုက် အန္တရာယ် ရှိနေပါတယ်။

ကယ်ဆယ်ရေး လုပ်သားတွေအားလုံး ဘေးကင်းရာနေရာသို့ ချက်ချင်း ပြောင်းရွှေ့ကြဖို့ နီပေါ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

တိဘက်ဖက်ခြမ်းမှာ ဆည်တစ်ခု ကျိုးပေါက်သွားတယ်လို့ သတင်းရရှိထားကြောင်းလည်း နီပေါ ရဲတပ်ဖွဲ့က ပြောပါတယ်။

တိဘက်ရဲ့ အဆိုးရွားဆုံး ထိခိုက်တဲ့ ဂရီယွန်ဒေသမှာ တရုတ်က ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေကို ရပ်ထားလိုက်ရပြီး သြဂုတ် ၂၈ ရက်မှာ ရေထပ်ကြီးနိုင်တဲ့ အန္တရာယ်ကြောင့် လုပ်ငန်းစဉ်တွေ ရပ်လိုက်ရတာလို့ ပြောပါတယ်။

အပျက်အစီး ပုံတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေအိုင် တစ်ခုဟာ ကယ်ဆယ်ရေး သမားတွေ ဦးတည်ရာနေရာဆီ ရေတွေ စီးထွက်နေတယ်လို့ နိုင်ငံပိုင် ရုပ်သံ သတင်းဌာန CCTV က ဖော်ပြပြီး နောက်ပိုင်းမှာ အဲဒီ ရေအိုင်ရဲ့ ရေမျက်နှာပြင်လျော့ကျလာတယ်လို့ ပြောပါတယ်။

ဒါကြောင့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေကို စည်းကမ်းတကျ အသေအချာ ဂရုစိုက်ပြီး လုပ်နေရတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို ဦးဆောင်ခဲ့တဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်က နီပေါ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ကူညီ ပေးမယ်လို့ ပြောထားပါတယ်။

ရေဘေးသင့် ဒေသတွေမှာ အသက်ရှင်သူတွေကို ကယ်တင်ဖို့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ အချိန်လု ကြိုးပမ်းနေရပါတယ်။

ကြီးမားကျယ်ပြန့်တဲ့ ထိခိုက်ပျက်စီးမှုတွေကြောင့် စားနပ်ရိက္ခာနဲ့ ရေအထောက်အပံ့တွေ ကုန်တော့မှာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

Trishuli 3A ရေအားလျှပ်စစ် စီမံကိန်း ဥမင်လမ်း တစ်ခုထဲ ပိတ်မိနေသူတွေကို နီပေါ စစ်တပ်က ရှာတွေ့ထားပြီး အသက်ရှင်သူတွေကို ကယ်ထုတ်ဖို့ လမ်းကြောင်း ရှာဖွေနေပါတယ်။

ရဟတ်ယာဉ် နှစ်စီး စေလွှတ်ထားပေမယ့် အဲဒီ ဥမင်လမ်း ဝင်ပေါက်ကို ရှာဖွေဖို့တောင် ခက်ခဲတာကြောင့် စိန်ခေါ်မှုတွေ ရှိနေတယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရာဂျာ ရမ် ဘတ်စ်နက်က ပြောပါတယ်။

အဲဒီ နေရာကနေ အလုပ်သမားများနဲ့ ဒေသခံ ၃၅၀ လောက်ကို ဘေးကင်းရာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အဲဒီ ဒေသမှာပဲ နောက်ထပ် လူ ၁၀၀ ကျော်ကို ကယ်တင်ဖို့ ဆက်လက် ကြိုးပမ်းနေရတယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.