မော်စကို ၊ သြဂုတ် ၂၈

ရုရှားနိုင်ငံပိုင် နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်း Russian State Nuclear Energy Corporation Rosatom က လာမယ့်နှစ်အတွင်း မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်အားပေး စက်ရုံ တစ်ခု တည်ဆောက်ပေးသွားမှာ ဖြစ်ကြောင်း ကြေညာပါတယ်။

မော်စကိုနဲ့ နေပြည်တော် အစိုးရကြား ဆက်ဆံရေး အခြေအနေတိုးတက်လာချိန် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်အဖြစ်ကနေ သမ္မတ ရာထူးယူထားသူ မင်းအောင်လှိုင် မော်စကိုမြို့မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ ဝန်ကြီးချုပ် မီခေးလ် မစ်ရှ်ဟူဆင်တို့နဲ့ ဆွေးနွေးပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် အသေးစား နျူကလီးယား ဓာတ်အားပေး စက်ရုံက မြေနေရာကို အခြေခံတဲ့ ဓာတ်ပေါင်းဖိုတွေရဲ့ ထုတ်လုပ်အားအပေါ် အခြေခံပြီး လျှပ်စစ် ထုတ်လုပ်အား ၁၁၀ မီဂါဝပ်အထိ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

အဲဒီ နျူကလီးယား ဓာတ်အားပေး စက်ရုံကို အင်ဂျင်နီယာ နည်းပညာနဲ့ ပေါင်းစပ်ပြီး မီဂါဝပ် ၃၃၀ အထိ တိုးမြှင့် ထုတ်လုပ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ရုရှားက မြန်မာနဲ့ ပူးပေါင်းပြီး သိပ္ပံ သုတေသန အလုပ်အကိုင် လေ့ကျင့်ရေး၊ နည်းပညာ တက္ကသိုလ်တွေကြား ပညာရေးဆိုင်ရာ အပြန်အလှန် ဆက်ဆံရေး လုပ်ဆောင်သွားဖို့ သဘောတူထားပါတယ်။

ရုရှားနဲ့ ဆက်နွယ်မှုနဲ့ ပတ်သက်လို့ နေပြည်တော်က သတင်းထုတ်ပြန်ထားတာ မရှိသေးပေမဲ့ Rosatom က နေပြည်တော်တဝိုက် တည်နေရာတွေကို ဘူမိဗေဒဆိုင်ရာ စစ်တမ်း ကောက်ယူမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်တမ်း ကောက်ယူမှုတွေအရ နေပြည်တော်နဲ့ ၃၁ မိုင်အကွာ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းဆည်အနီး နေရာတွေကို ရုရှား-မြန်မာ ကိုယ်စားလှယ်အဖွဲ့တွေက အရင်က ကျောက်သားပုံစံတွေ၊ မြေ အနေအထားတွေကို စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

၂၀၂၅ ခုနှစ် ငလျင်ကြောင့် နျူကလီးယား ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ အနှောင့်အယှက် ဖြစ်မှာ မဟုတ်ကြောင်း Rosatom က ပြောထားပါတယ်။

Ref:DBV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.