ဘယ်လာရုစ်နဲ့ မြန်မာစစ်အစိုးရတို့ ကာကွယ်ရေးနဲ့ လုံခြုံရေးမှာ ပူးပေါင်းမှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့
မင့်စ် ၊ ဩဂုတ် ၂၃ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ လူကာရှန်ကိုနဲ့ ဦးမင်းအောင်လှိုင်တို့ကြား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးနိုင်ခဲ့တယ်လို့ စစ်တပ်အသွင်ပြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်အဆင့် တွေ့ဆုံပွဲကိုတော့ ဩဂုတ် ၂၁ ရက်နေ့က မင့်စ်မြို့ရှိ သမ္မတနန်းတော်အစည်းအဝေးမှာ ပြုလုပ်ခဲ့ရာ နှစ်နိုင်ငံ သမ္မတတွေနဲ့အတူ မြန်မာက ပြည်ထောင်စုဝန်ကြီးတွေနဲ့…
