ဘန်ကောက်၊ သြဂုတ် ၂၂
ဘန်ကောက်ရှိ ဒေသ ၉ ခုတစ်ဝှမ်း အိမ်ထောင်စု ၁၃ ခုက လိပ်စာ တစ်ခုစီကို သုံးပြီး ရွှေ့ပြောင်းနေထိုင်သူ ၁၆ ဦးထက်မနည်းကို ပန်းရောင်ကတ်တွေ ထုတ်ပေးထားကြောင်း စစ်ဆေးတွေ့ရှိထားတာကြောင့် အာဏာပိုင်တွေက အမှု တစ်ခုချင်းစီကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။
ထိုင်း အစိုးရ ဝန်ဆောင်မှုတွေကို နိုင်ငံခြားသားတွေ အသုံးပြုနိုင်ရေး ဂဏန်း ၁၃ လုံးပါဝင်တဲ့ ကတ်တွေရရှိရေး နိုင်ငံခြားသားတွေ အသုံးပြုနေတယ်ဆိုတဲ့ အိမ်ထောင်စု မှတ်ပုံတင်မှု မူမမှန်တာတွေကို ဒေသဆိုင်ရာရုံး ၅၀ လုံးမှာ စစ်ဆေးပြီးနောက် ဘန်ကောက်မြို့ပြ အုပ်ချုပ်ရေး အဖွဲ့ (BMA) က သြဂုတ် ၂၁ ရက်မှာ အစီရင်ခံ တင်ပြခဲ့တာ ဖြစ်ပါတယ်။
BMA ရဲ့ အစီရင်ခံချက်အရ ပန်းရောင်ကတ် ကိုင်ဆောင်ထားသူ ၁၆၆၃၄ ဦးဟာ မြို့တော် ဘန်ကောက်ရှိ အိမ်ထောင်စု ၁၀၀၆၆ ခုမှာ မှတ်ပုံတင်ထားတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မှတ်ပုံတင်ထားတဲ့ အိမ်ထောင်စု အများစုဟာ သာမန် နေထိုင်မှု အစီအစဉ်တွေနဲ့ နေထိုင်နေကြတာ ဖြစ်ကြောင်း ဖော်ပြနေတယ်လို့ BMA က ပြောပါတယ်။
ဒါပေမဲ့ မူမမှန်တဲ့ မှတ်ပုံတင်မှု ၁၃ ခုအား စစ်ဆေးတွေ့ရှိထားပြီး ဒေသ ၉ ခုက ဖြစ်ကြောင်း အရာရှိတွေက ပြောပါတယ်။
အများစုဟာ စက်ရုံတွေ၊ ကွန်ဒို အသေးစားတွေနဲ့ ငှားရမ်းထားတဲ့ အိမ်လိပ်စာတွေ ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူ ၁၆ စီအထိ မှတ်ပုံတင်ထားကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။
မှတ်ပုံတင် မှတ်တမ်းတွေကို အခြေခံပြီး ဒေသဆိုင်ရာ ရုံးတွေက စုဆောင်းထားတဲ့ အချက်အလက်အလက်တွေအရ အဲဒီ ကိစ္စတွေကို စုံစမ်းသိရှိခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေက မှတ်ပုံတင်မှု လုံခြုံရေးဆိုင်ရာ အထူးအဖွဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီး အုပ်ချုပ်ရေး မှတ်ပုံတင်ရေး ဌာနက နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ BMA က ပြောထားပါတယ်။
အိမ်လိပ်စာတွေကို အသုံးပြုထားတဲ့ ပန်းရောင်ကတ် ကိုင်ဆောင်သူ တစ်ဦးချင်းစီကို စစ်ဆေးသွားမှာ ဖြစ်ပြီး အိမ်အပြောင်းအရွှေ့တွေကိုလည်း စစ်ဆေးသွာမှာ ဖြစ်ကြောင်း အရာရှိတွေက ပြောပါတယ်။
အစိုးရ အိမ်ရာစီမံကိန်း ဒင်ဒါအန်း ဖလက် အဆောက်အဦတွေကို လိပ်စာတပ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ကလေး ၁၄၀၀ ကျော်ရဲ့ မှတ်တမ်းတွေကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဒေသဆိုင်ရာ အရာရှိ ၃ ဦး အပါအဝင် သံသယရှိသူ ၇ ဦးကို သြဂုတ် ၁၈ ရက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။
အဲဒီ လူနေ တိုက်ခန်း ၄၄ ခန်းဟာ တစ်ခုစီမှာ ကလေး ၁၆ ဦးစီ မှတ်ပုံတင်ထားရှိထားတာ ဖြစ်ကြောင်း သိရပါတယ်။
Ref:Bangkokpost

