ကိဗ်၊ ဇူလိုင် ၂၅
ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်အနီး ကျင်းပတဲ့ ဒရုန်းနည်းပညာပြပွဲကို ရုရှားက ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ပြပွဲကို နေ့ခင်းကြောင်တောင် တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၁၀၀ လောက် ရှိတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။
ကိဗ်မြို့အနီး ကျင်းပခဲ့တဲ့ အဲဒီ ပြပွဲသို့ ယူကရိန်း ကာကွယ်ရေးဆိုင်ရာ ထင်ရှားတဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အရှေ့ပိုင်းမြို့ စလိုဗီးယန့်စ်မှာ ရုရှားရဲ့ ရှော့တိုက်ဗုံးတွေနဲ့ တိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
မြောက်ပိုင်းမြို့ ဆူမီမှာ လူ နှစ်ဦး သေဆုံးကြောင်း စစ်ဖက်ဆိုင်ရာ အရာရှိတွေက ဇူလိုင် ၂၅ ရက် မနက်ပိုင်းမှာ အတည်ပြုပါတယ်။
ရုရှားက နောက်ထပ် ကြီးကြီးမားမား ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းရရှိထားတယ်လို့ သမ္မတ ဇီလန်စကီးက ဇူလိုင် ၂၄ ရက် ညနေပိုင်းမှာ ပြောဆိုထားပါတယ်။
ရုရှားက လာမယ့် ၄၈ နာရီအတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်ကြောင်း ဇီလန်စကီးက ပြောပါတယ်။
ဇူလိုင် ၂၄ ရက်က ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ ကီရော့ဗ်မြို့မှာ လူ ၆ ဦး သေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ ရှေ့တန်း စစ်မျက်နှာနဲ့ မိုင် ၆၀၀ ကျော် အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။
ရုရှားရဲ့ အကြီးမားဆုံး လက်လီ အရောင်းကုမ္ပဏီ ဖြစ်တဲ့ Wildberries ကိုလည်း ယူကရိန်းက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကိဗ်မြို့ အနီး တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် ယူကရိန်း စစ်ဖက်ဆိုင်ရာ အကြံပေးအရာရှိ လူဘာ ဆိုင်ပိုဗက်ချ်ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုများ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် အဲဒီ ဒရုန်းပြပွဲကို ရှောင်ရှားခဲ့တဲ့ ထိပ်တန်း အရာရှိတွေ ရှိနေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
ယူကရိန်း လေတပ် ပြောရေးဆိုခွင့်ရှိသူ ယူရီ အင်နက်က ပြောကြားရာမှာ ရုရှားက ပဲ့ထိန်း ဒုံးကျည် သုံးစင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒုံးကျည် တစ်စင်းကိုပဲ ကြားဖြတ်တားဆီး ပစ်ချနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေကို ရုရှားကလာ်း အတည်ပြုထားပါတယ်။
ရုရှား နိုင်ငံ အတွင်းနက်နက်ထဲအထိ တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ ယူကရိန်းရဲ့ ဒရုန်းတွေ ခင်းကျင်းပြသရာ နေရာကို တာဝေးပစ် ပစ်မှတ်တိကျပြတ်သားတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ အခမ်းအနားသို့ ယူကရိန်း ဒရုန်း တပ်ဖွဲ့ ကိုယ်စားလှယ်တွေ၊ လုံခြုံရေး အရာရှိတွေ တက်ရောက်ခဲ့ပြီး ယူကရိန်းဟာ ရုရှား နယ်နိမိတ်တွေကို တိုက်ခိုက်ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ ရုရှား အရာရှိတွေက ပြောပါတယ်။
ဒါက ယူကရိန်းကို ရုရှားက ၂၀၂၂ ခုနှစ်မှာ ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း ဒါဟာ ယူကရိန်းရဲ့ လက်နက် ပြပွဲကို အနည်းဆုံး သုံးကြိမ်မြောက် တိုက်ခိုက်မှု ဖြစ်ပါတယ်။
အဲဒီ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း သမ္မတ ဇီလန်စကီးက ပြောကြားပြီး ယူကရိန်း အစိုးရ ရှေ့နေချုပ်က ဒရုန်းပြပွဲ စီစဉ် ကျင်းပသူ ခွင့်ပြုသူတွေကို စုံစမ်း စစ်ဆေးနေပါတယ်။
ယူကရိန်းက ရုရှား ကီရော့ဗ်မြို့ကို တိုက်ခိုက်ခဲ့ပြီးနောက် မကြာခင်မှာပဲ ရုရှားက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားရဲ့ ရေနံတင်ပို့ရာနေရာတွေကို လများစွာကြာ တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားရဲ့ ပို့ဆောင်ရေး အချက်အချာ နေရာတွေကို တိုက်ခိုက်နေကြောင်း ယူကရိန်း စစ်တပ်က ပြောပါတယ်။
ဇီလန်စကီးဟာ လာမယ့် သီတင်းပတ်မှာ ဗြိတိန်နိုင်ငံသို့ သွားရောက်ဖို့ ရှိနေပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့လည်း ဇူလိုင် ၂၇ ရက် အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။
Ref:AFP

