နိုင်ငံခြားသားတွေကို လက်ခံရေး ဂျပန်အစိုးရက ပညာရှင်များအဖွဲ့ ဖွဲ့စည်း

တိုကျို၊ ဇူလိုင်

နိုင်ငံခြားသားများအား လက်ခံရေး နိုင်ငံရဲ့ ချည်းကပ်ပုံကို စိစစ်ရေး ကျွမ်းကျင်သူများအလုပ်အမှုဆောင် အဖွဲ့ ဖွဲ့စည်းရေး အစီအစဉ်ကို ဂျပန် အစိုးရက ဇူလိုင် ၂၄ ရက်မှာ အတည်ပြုလိုက်ပါတယ်။

နိုင်ငံခြားသားတွေနဲ့ ဂျပန် လူမှုအဖွဲ့အစည်းတွေအတူ ယှဉ်တွဲနေထိုင်ရေး လေ့လာဆန်းစစ်မယ့် ပညာရှင်များအဖွဲ့ ဖွဲ့စည်းရေး ဂျပန် အစိုးရက စီစဉ်နေတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်း နေထိုင်သူတွေကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုတွေနဲ့ အစိုးရရဲ့ မူဝါဒ ရေးဆွဲမှုအပေါ် သက်ရောက်မှုတွေကို လက်တွေ့ကျကျ စဉ်းစား ဆောင်ရွက်ရေး ပညာရှင်အဖွဲ့ကို ဂျပန်က ဖွဲ့စည်းတာ ဖြစ်ပါတယ်။

နိုင်ငံခြားသား နေထိုင်သူတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေအတွက် တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံမှုအပြီး အဲဒီ အစီအစဉ်ကို ဇူလိုင် ၂၃ ရက်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးအတွင်း နိုင်ငံခြားသားတွေနဲ့ ဆက်စပ်တဲ့ မူဝါဒဆိုင်ရာ တာဝန်ရှိတဲ့ ဝန်ကြီး ကီမီ အိုနိုဒါနဲ့ တခြား အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဂျပန်နိုင်ငံမှာ နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ နေထိုင်မှုတွေအတွက် သီးခြား အမှုဆောင်အဖွဲ့ ဖွဲ့စည်းဖို့လည်း ဂျပန် အစိုးရက စီစဉ်ထားပါတယ်။

နိုင်ငံခြားသား နေထိုင်သူတွေ၊ သတ်မှတ်နေရာတွေနဲ့ ပတ်သက်လို့ အဆင့်အတန်း သတ်မှတ်မှတ်ချက်တွေကိုလည်း အစိုးရက ဖော်ပြထားပါတယ်။

လူဦးရေ ထိန်းချုပ်မှုဆိုင်ရာ ပါတီအရပ်ရပ်ကြား သဘောတူညီမှုအရ အခုလို အရေးယူ ဆောင်ရွက်တာ ဖြစ်တယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

၂၀၂၈ ခုနှစ်မှာ အရည်အချင်းရှိ အလုပ်သမားတွေ လက်ခံရေး အစီအစဉ်အရ အဲဒီနှစ် ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပ အလုပ်သမား ၁ ဒသမ ၂၃ သန်း လက်ခံဖို့ စီစဉ်ထားပါတယ်။

လာမယ့်နှစ်အတွက် နိုင်ငံခြားသား အလုပ်သမားတွေ အလုပ်အကိုင်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုတွေ လုပ်ပေးဖို့လည်း ဂျပန် အစိုးရက ကြေညာထားပါတယ်။

၂၀၂၈ ခုနှစ်အထိ ထိုင်းအစိုးရက နိုင်ငံခြား အလုပ်သမား ၁ ဒသမ ၂၃ သန်းအထိ လက်ခံဖို့ စီစဉ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။

ဒါက အရည်အချင်ပြည့် အလုပ်သမား ဗီဇာနဲ့ တခြား အရည်အချင်းရှိ အလုပ်သမားများ ခန့်ထားရေး စီမံကိန်းတွေအတွက် ဖြစ်ပါတယ်။

လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ကျောင်းသား ဗီဇာကိုတော့ ချင့်တွက် စဉ်စားသွားမှာ ဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ပြောပါတယ်။

ဂျပန်မှာ အိုမင်းမစွမ်း ဖြစ်သူတွေ များပြားလာတာကြောင့် နိုင်ငံခြား အလုပ်သမားတွေအပေါ် အမှီအခို ပြုမှု ပိုများလာနေပါတယ်။

လစ်လပ် အလုပ်အကိုင် နေရာမှာ လူပြန်ဖြည့်ရေး အတွက်လည်း ဂျပန် အစိုးရ အနေနဲ့ အခက်အခဲ ကြုံတွေ့နေရပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းမှာ နိုင်ငံခြားသား နေထိုင်သူ ၄ ဒသမ ၁၃ သန်းရှိပြီး ဂျပန် လူဦးရေရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိနေတာ ဖြစ်ပါတယ်။

ဂျပန်မှာ တရားမဝင် နေထိုင်သူတွေနဲ့ တရားမဝင် အလုပ်ခန့်ထားမှုတွေအပေါ် ဥပဒေစည်းကြပ်မှုကိုလည်း အစိုးရက အားကောင်းအောင် လုပ်ဆောင်နေပါတယ်။

ဂျပန်မှာ ခွင့်ပြုထားတဲ့ ဗီဇာသက်တမ်းထက် ကျော်လွန်နေထိုင်သူ အရေအတွက် ဇန်နဝါရီလအထိ ၇ သိန်းနီးပါး ရှိနေတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.