ဆိုးလ်၊ ဇူလိုင် ၂၃

ဇွန်လ ဒေသဆိုင်ရာ ရွေးကောက်ပွဲ အတွင်း မဲပေးသူ အရေအတွက် လိမ်လည်ဖော်ပြခဲ့တယ်ဆိုတဲ့ တင်ပြချက်တွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယား စုံစမ်း စစ်ဆေးရေးမှူးတွေက ရွေးကောက်ပွဲ ကော်မရှင်ကို ဇူလိုင် ၂၃ ရက်က စီးနင်းခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က သမ္မတ လီဂျေးမြောင် တာဝန်ယူပြီး နောက်ပိုင်း ပထမဆုံးအနေနဲ့ ဇွန် ၃ ရက်က နိုင်ငံတဝှမ်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲရုံဒါဇင်ပေါင်းများစွာမှာ မဲစာရွက်တွေ မကြုံစဖူး မလုံမလောက် ဖြစ်ခဲ့ပါတယ်။

အဲဒီ အငြင်းပွားစရာ ကိစ္စကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အမျိုးသား ရွေးကောက်ပွဲ ကော်မရှင် (NEC) အကြီးအကဲ ရိုတေအက် ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ အစိုးရ ရှေ့နေတွေ ပါဝင်တဲ့ အထူးအဖွဲ့က NEC ရုံးတွေကို ဇူလိုင် ၂၃ ရက်က ဝင်ရောက် စီးနင်းခဲ့ကြောင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ မဲပေးသူ အရေအတွက်ကို အမျိုးသားရွေးကောက်ပွဲ ကော်မရှင်နဲ့ ဂျီယွန်ဂျီ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အရာရှိတွေက လိမ်လည် ဖော်ပြခဲ့တယ်ဆိုတဲ့ ဖော်ပြချက်တွေ တွေ့ရှိထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီ လိမ်လည်မှုအတွင်း ပါဝင်သူတွေကို ရှာဖွေ ဖမ်းဆီးမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒေသဆိုင်ရာ ရွေးကောက်ပွဲ မဲစာရွက် မလုံမလောက် ဖြစ်မှုကို သေသေချာချာ စုံစမ်း စစ်ဆေးရေး သမ္မတက ညွှန်ကြားခဲ့ပြီးနောက် အခုလို စီးနင်းမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်လို့ တောင်ကိုရီးယား အစိုးရက ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပြုပြင်ပြောင်းလဲဖို့လည်း စီစဉ်ထားပြီး ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲစာရွက် မလုံမလောက် ဖြစ်မှုကြောင့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ရာထူးက နုတ်သွားပြီး နောက်ဆိုးလ်မြို့မှာ လူထောင်ချီ ပါဝင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ပြန်လည် ကျင်းပပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီ ဖြစ်ရပ်အတွက် နိုင်ငံသား တစ်ယောက်အနေနဲ့ အစိုးရ အဖွဲ့အတွက် တာဝန်ရှိတဲ့ သမ္မတ တစ်ယောက်အနေနဲ့ မိမိများစွာ စိတ်မကောင်း ဖြစ်ရကြောင်း သမ္မတ လီဂျေးမြောင်က ပြောပါတယ်။

ဒါပေမဲ့ အဲဲဒီ ဖြစ်ရပ်ဟာ ရွေးကောက်ပွဲ လိမ်လည်ဖို့ ပူးပေါင်းကြံစည်မှု မဟုတ်ဘဲ ဒီမိုကရေစီ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့ ပြဿနာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါဟာ မဲပေးသူတွေရဲ့ အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှု ဖြစ်တယ်လို့လည်း သမ္မတက ပြောဆိုထားပါတယ်။
Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.