ဝါရှင်တန်၊ ဇူလိုင် ၁၈

ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေနဲ့ ပတ်သက်လို့ အနောက်တိုင်း စွမ်းအင်ကုမ္ပဏီတွေက အီရတ် အရာရှိတွေနဲ့ ဇူလိုင် ၁၇ ရက်က သဘောတူညီမှု ဒါဇင်ပေါင်းများကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အိုပက်အဖွဲ့ဝင် အီရတ်က အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးပမ်းနေပြီး သူတို့ရဲ့ စွမ်းအင်တွေ ကမ္ဘာ ဈေးကွက်တွေထဲ ရောက်ရှိစေဖို့ ဟောမု့ဇ် ရေလက်ကြားကို မဖြတ်ဘဲ အခြားလမ်းကြောင်းတွေကို ဖော်ဆောင်နေပါတယ်။

ကျွန်တော်တို့ တံခါးဖွင့် မူဝါဒကို အသုံးပြုနေပါတယ်လို့ ဝန်ကြီးချုပ် အလီ အယ်လ်ဇိုင်ဒီက အမေရိကန်မှာ ကျင်းပခဲ့တဲ့ အမေရိကန်-အီရတ် စီးပွားရေး ထိပ်သီး ဆွေးနွေးပွဲမှာ စကားပြန်ကဆဆင့် ပြောဆိုပါတယ်။

အဲဒီ ဆွေးနွေးပွဲအတွင်း အမေရိကန်၊ စွမ်းအင်၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ နည်းပညာ ကုမ္ပဏီတွေက ဥပဒေအရ ချည်နှောင်မှု မရှိတဲ့ သဘောတူညီမှုတွေနဲ့ ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးရှိ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

စီမံကိန်း တစ်ရပ် ရှိသူတိုင်းအနေနဲ့ မိမိတို့ဆီကို လာရောက် ဆွေးနွေးနိုင်ကြောင်း မိမိတို့ဟာ ဘယ်သူ့အတွက်မှ ခက်ခဲအောင် မလုပ်ကြောင်း ဝန်ကြီးချုပ် ဇိုင်ဒီက ပြောပါတယ်။

အမေရိကန်-အစ္စရေးတို့က အီရန်ကို စစ်ခင်းနေကြတာကြောင့် အိမ်နီးချင်း အီရတ်အပေါ် ရိုက်ခတ်မှုတွေ ရှိနေပြီး အရှေ့အလယ်ပိုင်းဒေသအပေါ်ကိုပါ ပိုမိုကျယ်ပြန့်တဲ့ ရိုက်ခတ်မှုတွေ ရှိနေပါတယ်။

သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အဲဒီ ဒေသဆိုင်ရာ ကိုယ်စားလှယ် တွမ် ဘားရက်က စစ်ပွဲကြောင့် တစ်ဖက်မှာ ပရမ်းပတာ အခြေအနေတွေ ဖြစ်နေပေမယ့် တခြား တစ်ဖက်မှာ အီရတ်ဟာ အမေရိကန်၊ တခြား နိုင်ငံတွေနဲ့ ဗျူဟာမြောက် လုံခြုံရေး မဟာမိတ်ဖွဲ့မှု အသစ် တစ်ခုရဲ့ ရှေ့တန်း မျက်နှာစာ ဖြစ်တယ်လို့ ပြောပါတယ်။

အီရတ်ရဲ့ အနောက် ကွာနာ ၂ နဲ နာဆီရီယာ ရေနံမြေတွေဆီ ဝင်ရောက်နိုင်ခြေ အားကောင်းလာစေရေး အီရတ် အရာရှိတွေက အဓိက ရေနံကုမ္ပဏီတွေနဲ့ သဘောတူညီမှုတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဇိုင်ဒီ သွားရောက်ခဲ့တဲ့ Chevron ကုမ္ပဏီ ဥက္ကဋ္ဌ ဂျိတ် စပီရင်းက သူ့ကုမ္ပဏီအနေနဲ့ ဟောမု့ဇ် ရေလက်ကြားကို ရှောင်ရှား ပိုက်လိုင်းအတွက် ရင်းနှီးမြှုပ်နှံသွားမယ်လို့ ပြောပါတယ်။

ဒါက အီရတ်ကနေ လောင်စာ တင်ပို့မယ့် နောက်ထပ် လမ်းကြောင်း တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

အဲဒီလို ပိုက်လိုင်း တစ်ခုအနေနဲ့ အီရတ် ရေနံတွေကို မြေထဲပင်လယ်ရှိ ဆီရီးယား အနောက်ဖက် ကမ်းရိုးတန်းသို့ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြား ပိတ်ထားလို့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စစ်ပွဲကြောင့် အီရတ်ရဲ့ တင်ပို့မှုတွေ ထိခိုက်နေရပါတယ်။

ရေရှည်မှာ အီရတ်ရဲ့ စွမ်းအင် အလားအလာဟာ အမေရိကန်ရဲ့ စွမ်းအင် ကုန်သွယ်မှု ဗဟိုချက်တွေ ရှိရာ အရှေ့အလယ်ပိုင်းရဲ့ စွမ်းအင် ပမာဏနဲ့ တူညီလာနိုင်တယ်လို့ စပီရင်းက ပြောဆိုထားပါတယ်။
Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.