ဗင်နီဇွဲလားနိုင်ငံမှာ အင်အားပြင်း အမြွှာငလျင်ကြောင့် သေဆုံးသူ ၁၆၄ ဦးအထိ ရှိလာ
ကရာကတ်စ် ဇွန် ၂၅ ဗင်နီဇွဲလားနိုင်ငံမှာ အင်အားပြင်း ငလျင် နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၁၆၄ ဦးထက်မနည်း သေဆုံးကာ ၉၇၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယာယီသမ္မတ ဒယ်စီ ရိုဒရီဂွက်ဇ်က ဇွန် ၂၅ ရက်နေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ မြို့တော် ကာရာကတ်စ်အနီး ဒေသတွေမှာ အဆောက်အအုံ အများအပြား ပြိုကျခဲ့သလို တချို့အဆောက်အအုံတွေကလည်း ပြင်းပြင်းထန်ထန်…
