June 2026

ဟောမု့ဇ် ရေလက်ကြားကို အိုမန်နဲ့ ပူးပေါင်းပြီး စီမံခန့်ခွဲမယ်လို့ အီရန် ပြော

အစ္စတန်ဘူလ်၊ ဇွန် ၅ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ဟောမု့ဇ် ရေလက်ကြားကို အိုမန်နဲ့ အီရန် ပူးပေါင်းပြီး နိုင်ငံတကာဥပဒေနဲ့အညီ စီမံခန့်ခွဲသွားမှာ ဖြစ်ကြောင်း ဇွန် ၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့လောင်စာ တင်ပို့မှု ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြား တစ်ဖက် တစ်ချက်မှာ ရှိနေတဲ့ အိုမန်နဲ့…

စစ်အာဏာသိမ်း (၁၉၅၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၅ AAPP ရဲ့ ဇွန်၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၅၀) ရက်အတွင်း ပြည်သူ (၈၀၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၁၀၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၄၄)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

တော်လှန်ရေးအဖွဲ့တွေ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပူးပေါင်းကြဖို့ အာဏာသိမ်းသမ္မတပြော

နေပြည်တော် ၊ ဇွန် ၅ စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က အိန္ဒိယခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံစီးပွားရေးတိုးချဲ့နိုင်ရေး တည်ငြိမ်မှဖြစ်မှာမို့ တော်လှန်‌ရေးအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ပူးပေါင်းကြဖို့ ဇွန် ၃ ရက်နေ့က ထုတ်ပြောလာပါတယ်။ အာဏာသိမ်း သမ္မတရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဝန်ကြီးချုပ် မိုးဒီရဲ့ ဖိတ်ကြားချက်နဲ့ မေ ၃၀ ရက်နေ့မှာ…

ကျိုက်ထိုမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ ဇွန် ၅ မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၄ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ ကော့စနိုင်ရပ်ကွက်က “ရွှေချိူးဖြူ” လက်ဖက်ရည်ဆိုင်ပိုင်ရှင် အသက် ၄၇ နှစ်အရွယ် ဦးကျော်စွာကို သေနတ်သမား နှစ်ဦးက ဆိုင်ထဲဝင်ပြီး…

ကမ္ဘာတဝှမ်း နိုင်ငံအများအပြားမှာ အမေရိကန် သံအမတ် မရှိ ဖြစ်နေ

ဝါရှင်တန်၊ ဇွန် ၄ ကမ္ဘာတဝှမ်း နိုင်ငံ ထက်ဝက်ကျော်မှာ အမေရိကန် သံအမတ်တွေ မရှိ ဖြစ်နေကြောင်း အမေရိကန် သတင်းဌာနတွေက ပြုစုထားတဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ကမ္ဘာတဝှမ်းက အမေရိကန် သံတမန် ၂၀၀၀ လောက်ဟာ အလုပ်ဖြုတ်ခံရတာနဲ့အတင်းအကြပ် အနားပေးခံထားရပါတယ်။ ဒီလို အလုပ်ဖြုတ်ခံရတဲ့ အမေရိကန် သံတမန်တွေထဲမှာ လုပ်သက် ၂၈ နှစ်ကျော်ရှိပြီး သံတမန်…

ပုစွန် တင်သွင်းမှုအရေး ထိုင်းဝန်ကြီးချုပ်က မလေးရှားနဲ့ အရေးတကြီး ဆွေးနွေးဖို့ စီစဉ်

ကွာလာလမ်ပူ၊ ဇွန် ၄ ထိုင်း ရေထွက်ကုန်တွေကို ပိုမို တင်းကြပ်စွာ ထိန်းချုပ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းပုစွန်မျိုးစိပ် ၅ မျိုး တင်သွင်းမှု ရပ်ဆိုင်းလိုက်ပြီးနောက် မလေးရှားနဲ့ ချက်ချင်း ဆွေးနွေးရေး ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က တိုက်တွန်းလိုက်ပါတယ်။ ဇွန် ၂ ရက်မှာ အစိုးရ အဖွဲ့အတွင်း ဝန်ကြီးချုပ် အနုတင်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး အချိန်အကြာကြီး…

ကျောက်လုံးကြီးစခန်း ပြန်ရဖို့ စစ်တပ် အပြင်းအထန် ထိုးစစ်ဆင်

ပုလော၊ ဇွန် ၄ တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် ကျောက်လုံးကြီးစခန်း ပြန်ရဖို့ စစ်တပ် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျောက်လုံးကြီးကျေးရွာအခြေစိုက် စစ်တပ်စခန်းကို ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဟာ…

ကျားဖြန့်တိုက်ဖျက်ရေးဥပဒေကြမ်း စစ်အစိုးရ လွှတ်တော်မှာ တင်သွင်း

နေပြည်တော် ၊ ဇွန် ၄ သေဒဏ်အထိ ချမှတ်နိုင်င်တဲ့ ကျားဖြန့်တိုက်ဖျက်ရေးဥပဒေကြမ်းကို တတိယကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ အရပ်သားအသွင်ပြောင်း စစ်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက တင်သွင်းခဲ့ပါတယ်။ ကျားဖြန့်နဲ့ ပတ်သက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်အစိုးရက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ မေ ၁၄…

နျူကလီးယား တပ်ဖွဲ့အင်အားကို ဆတိုး အားဖြည့်သွားမယ်လို့ ကင်ဂျုံအန် ကြွေးကြော်

ဆိုးလ်၊ ဇွန် ၄ မြောက်ကိုရီးယားရဲ့ လက်နက်အဆင့် နျူကလီးယား ပစ္စည်း ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း နှစ်ဆ မြင့်တက်ခဲ့တယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်က ဇွန် ၃ ရက်မှာ ပြောကြားပြီး စစ်တပ်ရဲ့ နျူကလီးယား စွမ်းပကားတွေကို ဆတိုး တိုးတိုးမြှင့်သွားမယ်လို့ ကြွေးကြော်လိုက်ပါတယ်။ နျူကလီးယား ပစ္စည်း ထုတ်လုပ်ရေး စက်ရုံသစ်သို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း…

အီရန် စစ်ပွဲ အဆုံးသတ်ရေး အမေရိကန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်

ဝါရှင်တန်၊ ဇွန် ၄ အီရန်မှာ နောက်ထပ် စစ်ဆင်ရေးတွေ မလုပ်ဖို့ သမ္မတ ဒေါ်နယ် ထရန့်အား တားဆီးရေး ကြိုးပမ်းမယ့် အစီအစဉ် တစ်ရပ်ကို အမေရိကန် အောက်လွှတ်တော် အမတ်တွေ မဲခွဲ အတည်ပြုလိုက်ပါတယ်။ ဖေဖော်ဝါရီ လကုန်ပိုင်းက စတင်ခဲ့တဲ့ စစ်ပွဲကို သဘောမတူကြောင်း ရှားရှားပါးပါး လူသိရှင်ကြား ဖော်ပြမှုအဖြစ် ဒီမိုကရက်တွေနဲ့ အတူ ရီပက်ဘလေကန်…