ဝါရှင်တန်၊ ဇွန် ၄
ကမ္ဘာတဝှမ်း နိုင်ငံ ထက်ဝက်ကျော်မှာ အမေရိကန် သံအမတ်တွေ မရှိ ဖြစ်နေကြောင်း အမေရိကန် သတင်းဌာနတွေက ပြုစုထားတဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
ကမ္ဘာတဝှမ်းက အမေရိကန် သံတမန် ၂၀၀၀ လောက်ဟာ အလုပ်ဖြုတ်ခံရတာနဲ့အတင်းအကြပ် အနားပေးခံထားရပါတယ်။
ဒီလို အလုပ်ဖြုတ်ခံရတဲ့ အမေရိကန် သံတမန်တွေထဲမှာ လုပ်သက် ၂၈ နှစ်ကျော်ရှိပြီး သံတမန် အတွေ့အကြုံ များတဲ့သူတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ဘာသာစကား အတော်များများ ပြောတတ်ပြီး သံတမန်ဆိုင်ရာ ဘွဲ့တွေ ရထားသူတွေ သံတမန်ရေး အတွေ့အကြုံ ဆက်လက် ရယူလိုသူတွေလည်း အလုပ်ကို စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
အထူးသဖြင့် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ လက်ထက်မှာ အလုပ်ထုတ်ခံရတာနဲ့ အနားပေးခံရတဲ့ သံတမန်အရေအတွက် ပိုများလာတာကြောင့် ကမ္ဘာတဝှမ်း နိုင်ငံ ထက်ဝက်ကျော်မှာ အမေရိကန် သံအမတ် မရှိ ဖြစ်နေတာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အလုပ်ထုတ်ထားတာနဲ့ အနားပေးထားတဲ့ သံတမန်အရေအတွက် အတိအကျကို မဖော်ပြပါဘူး။
အမေရိကန် နိုင်ငံခြားဝန်ဆောင်မှု ဌာနဆိုင်ရာ အဖွဲ့အစည်းရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ နှစ်အတွင်း အလုပ်ကို စွန့်လွှတ်ခဲ့ရတဲ့ အမေရိကန် သံတမန် ၂၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သံတမန်ရေးနယ်ပယ်မှာ ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိပြီး ဘာသာစကား စွမ်းရည် မြင့်မားသူတွေလည်း အလုပ်ထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် အတွင်း အမေရိကန် သံတမန်ရေး နယ်ပယ်က ထွက်ခွာသူ ၁၄၀၀၀ လောက် ရှိတယ်လို့ လက်ရှိနဲ့ အရင်က နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။
အဲဒီအချိန်မှာ အမေရိကန်ဟာ နိုင်ငံခြားရေးမူဝါဒ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလို သံတမန်ရေး ခေါင်းဆောင်မှု ကင်းမဲ့နေတဲ့ နိုင်ငံတွေမှာ အရေးကြီးတဲ့ နိုင်ငံတွေလည်း ပါဝင်နေပြီး လက်ရှိ ပြဿနာကြုံနေတဲ့ နိုင်ငံတွေမှာ အမေရိကန် သံအမတ် မရှိ ဖြစ်နေတာပါ။
ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေကို မေးမြန်းရာမှာလည်း ထရန့်ရဲ့ လက်တုံ့ပြန်မယ့် အန္တရာယ်ကို စိုးရိမ်တာကြောင့် မှတ်ချက်ပေးသူ မရှိဘူးလို့ အမေရိကန် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Ref:NBCNews

