June 2026

စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု အပြီးသတ် မဆုံးဖြတ်ရသေးဘူးလို့ အီရန် ပြော

ဝါရှင်တန်၊ ဒူဘိုင်း၊ ဇွန် ၁၁ အမေရိကန်နဲ့ အီရန်တို့ ယခု သီတင်းပတ်ကုန်ရက်မှာ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးနိုင်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ဇွန် ၁၀ ရက်မှာ ပြောပေမယ့် အီရန်က အပြီးသတ် မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ အဲဒီ ငြိမ်းချမ်းရေး သဘောတူညီမှုအတွင်း ကမ္ဘာ့ လောင်စာ သုံးစွဲမှုအတွက် အရေးကြီးတဲ့…

ထိုင်းဘုရင်ရဲ့ အကြီးဆုံး သမီးတော် ဘာရက်ချ်ကီတီယက်ဘာစာ နတ်ရွာစံ

ဘန်ကောက်၊ ဇွန် ၁၂ သုံးနှစ်ကျော်ကြာ မေ့မြောနေတဲ့ ထိုင်း တော်ဝင်မင်းသမီး ဘာရက်ချ်ကီတီယက်ဘာစာဟာအသက် ၄၇ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီဖြစ်ကြောင်း နန်းတော်က ကြေညာပါတယ်။ သူဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာက သူ့ရဲ့ ခွေးတွေကို လေ့ကျင့် သင်ကြားပေးနေချိန်မှာ ပြိုလဲကျသွားခဲ့ပါတယ်။ သူ့ရဲ့ ဆရာဝန်တွေက နှလုံးခုန်နှုန်း မူမမှန်တာနဲ့ သူ့ရဲ့ နှလုံးမှာ ရောဂါပိုး တစ်မျိုး…

ISP-Myanmar တည်ထောင်သူ ဦးမင်းဇင်ကို တရုတ် ဖမ်းဆီး

ဘေဂျင်း ဇွန် ၁၂ ISP-Myanmar တည်ထောင်သူနဲ့ မြန်မာနိုင်ငံရေး လေ့လာသုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက “နိုင်ငံတော်လုံခြုံရေး ထိခိုက်စေမှု” စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဦးမင်းဇင်ဟာ ဇွန်လအစောပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ရှိနေချိန်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇွန် ၃ ရက်နေ့ကစလို့ ပြင်ပနဲ့အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ အမေရိကန်သံတမန်တွေကလည်း ဒီဖမ်းဆီးမှုကို…

ကျိုက်ထိုမှာ စစ်တပ်က ရွာစဉ်လှည့်ပြီး စစ်မှုထမ်း ပေါ်တာဆွဲနေ

ကျိုက်ထို၊ ဇွန် ၁၂ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားမှု အားနည်းလာတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ်က ရွာစဉ်လှည့်ပြီး စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်မှုထမ်း တပ်သားလိုအပ်ချက်တွေ ဆက်ရှိနေတဲ့ စစ်ကော်မရှင်တပ်ဟာ အခုလဆန်းပိုင်းကစလို့ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ရွာစဉ်လှည့်ပြီး စစ်မှုထမ်း ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။ အိမ်စီးကားတွေနဲ့ ရွာစဉ်လှည့်ပြီး…

လိုင်စင်မဲ့ ပရဟိတယာဉ်တွေကို လိုင်စင်ထုတ်ပေးဖို့ အစီအစဉ် မရှိ

နေပြည်တော်၊ ဇွန် ၁၂ တရားမဝင် ရောက်ရှိနေတဲ့ လိုင်စင်မဲ့ ပရဟိတ မော်တော်ယာဉ်တွေကို လိုင်စင်လုပ်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ စစ်အစိုးရရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောပါတယ်။ မနေ့ ဇွန် ၁၁ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မင်းလှမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ဦးရဲထွဋ်အောင်ရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။ မေးခွန်းရှင်က…

စစ်အာဏာသိမ်း (၁၉၅၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၉၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၂ AAPP ရဲ့ ဇွန်၁၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၅၇) ရက်အတွင်း ပြည်သူ (၈၀၉၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၁၅၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၆၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

စစ်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်မလား

နေပြည်တော် ၊ ဇွန် ၁၂ အရပ်သားအသွင်ပြောင်း စစ်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၇ ဖွဲ့ တို့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်လာပါတယ်။ အဲဒီတွေ့ဆုံမှုတွေအတွင်း ဆွေးနွေးညှိနှိုင်းရရှိမှုတွေကို မှတ်တမ်းတင်ရာမှာ ထိရောက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ပြီး NCA ပါ သဘောတူညီချက်တွေကို…

မွန်ပြည်နယ်လွှတ်တော်မှာ ကော်မတီဖွဲ့ပြီး တိုင်ကြားစာ လက်ခံမယ်လို့ဆို

မော်လမြိုင် ၊ ဇွန် ၁၂ မွန်ပြည်နယ် လွှတ်တော်မှာ ပြည်သူတွေရဲ့ အသံကို ပိုမိုထိရောက်စွာ နားထောင်ပေးနိုင်ဖို့အတွက် တိုင်ကြားစာ ကော်မတီ ဖွဲ့စည်းပြီး တိုင်ကြားစာတွေ လက်ခံသွားမယ်လို့ စစ်အစိုးရရဲ့ ပြည်နယ်လွှတ်တော်ဘက်က အသိပေးထုတ်ပြန်ပါတယ်။ ပြည်နယ်လွှတ်တော်အနေနဲ့ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီကို ဖွဲ့စည်းသွားမှာ ဖြစ်ပြီး ဒီကော်မတီဟာ ပြည်သူတွေရဲ့…

မြန်မာပြည်အရှေ့တောင်ပိုင်းမှာ မြေမြှုပ်မိုင်းအန္တရာယ် ကြီးမားနေတယ်လို့ KHRG ပြော

မော်လမြိုင်၊ ဇွန် ၁၂ မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ပွဲ တွေအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေအသုံးပြုတဲ့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေဟာ ဒေသခံတွေအပေါ် ကြီးမားတဲ့အန္တရာယ်ကို ဖြစ်ပေါ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ဝေလိုက်တဲ့ လူ့အခွင့်အရေးသတင်းလွှာ ၂၀၂၆ ခုနှစ် ဧပြီလ စာစဉ် ၂၆ မှာပါရှိတဲ့…

ဂျပန်မှာ အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၄၁ ဦးကို ဖမ်းဆီး

တိုကျို ဇွန် ၁၁ ဂျပန်နိုင်ငံ အိုဆာကာစီရင်စု ရဲတပ်ဖွဲ့က လူမှုကွန်ရက်ပေါ်မှာ အယောင်ဆောင်ကြော်ငြာတွေတင်ကာ သင်တန်းကြေး လိမ်လည်ရယူခဲ့တဲ့ အဖွဲ့ဝင် ၄၁ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဇွန် ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အိုဆာကာမြို့က အက်ပလီကေးရှင်းဖန်တီးမှုကုမ္ပဏီတစ်ခု ဖြစ်တဲ့ Unity ရဲ့ ဥက္ကဋ္ဌ အသက် ၂၉ နှစ်အရွယ် ရှင်ဂို မက်ဆူမူရာလည်း…