ရွှေကုက္ကိုလ်က ကျားဖြန့်အဆောက်အအုံတွေ ဆက်တိုက်ဖြိုချနေတယ်လို့ စစ်အစိုးရ ဝါဒဖြန့်
မြဝတီ၊ ဇွန် ၁၃ ကရင်ပြည်နယ် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု(ကျားဖြန့်) ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံတွေကို ဆက်တိုက်ဖြိုချနေပြီး အဆောက်အအုံ ၂၀ ကျော်သာ ဖြိုချဖျက်ဆီးဖို့ ကျန်ရှိတော့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု(ကျားဖြန့်) ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၇၇ လုံး ရှိတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပြီး အဲဒီအဆောက်အအုံတွေကို စစ်ကော်မရှင်က နေ့စဉ်…
