ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံကနေ လွတ်မြောက်ဖို့ စစ်အစိုးရကော်မတီဖွဲ့
မော်လမြိုင် ၊ မေ ၂၈ နိုင်ငံတကာအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့ဖို့ ခရီးမပေါက်သေးတဲ့ စစ်အစိုးရက အာဏာသိမ်းမှုအတွင်း ဖွဲ့စည်းပြီး အလုပ်မဖြစ်ခဲ့တဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး ဦးဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။ နိုင်ငံတော်အနေနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်ကနေ လွတ်မြောက်ရေးအတွက် လုပ်ဆောင်မယ့် ဦးစားပေးလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်မှုကို ကြီးကြပ်နိုင်ဖို့ အဲဒီဦးဆောင်ကော်မတီကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာ ဖွဲ့စည်းထားတာပါ။…
