မော်လမြိုင်၊ မေ ၂၉
လာမယ့် ဇွန် ၁ ရက်နေ့ကစလို့ မော်လမြိုင် – ရန်ကုန်နဲ့ ရန်ကုန် – မော်လမြိုင် ရထားပြေးဆွဲချိန်တွေကို အချိန်ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ မြန်မာ့မီးရထား လက်အောက်ခံ မော်လမြိုင်ဘူတာရုံက အသိပေးထုတ်ပြန်ပါတယ်။
အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်နဲ့ အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ် ထွက်ခွာချိန်ကို မနက် ၇ နာရီခွဲအဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာပါ။
အရင်က မော်လမြိုင် – ရန်ကုန်နဲ့ ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ် ထွက်ခွာချိန်ကို မနက် ၈ နာရီခွဲ သတ်မှတ်ထားပေမယ့် အခုအခါမှာတော့ အချိန်တစ်နာရီစောပြီး ထွက်ခွာဖို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ရထားပြေးဆွဲချိန် ပြောင်းလဲသတ်မှတ်ရတာဟာ ခရီးသွားပြည်သူတွေ ရထားဆိုက်ရောက်ချိန် စောစေရေးနဲ့ ကုန်ပစ္စည်းတွေ အချိန်မီရောက်ရှိစေဖို့ ရည်ရွယ်တာလို့ မော်လမြိုင်ဘူတာရုံ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရထားပြေးဆွဲချိန် ပြောင်းလဲသတ်မှတ်လိုက်ပေမယ့် အထက်တန်းလက်မှတ်ကို သုံးရက်ကြိုတင်၊ ရိုးရိုးတန်းလက်မှတ်တွေ တစ်ရက် ကြိုတင်စနစ်နဲ့ နေ့စဉ် ပိတ်ရက်မရှိ ဝယ်ယူနိုင်တယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

