May 11, 2026

စစ်အာဏာသိမ်း (၁၉၂၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၃၃) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၂ AAPP ရဲ့ မေ၁၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၂၆) ရက်အတွင်း ပြည်သူ (၈၀၃၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၉၅၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၈၁)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

အာဆီယံအဖွဲ့ဝင်တချို့ရဲ့ တန်းတူကိုယ်စားပြုမှု ချန်လှပ်ခံနေရတယ်လို့ စစ်အစိုးရပြော

နေပြည်တော် ၊ မေ ၁၂ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံအများစုက ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လိုပေမယ့် အဖွဲ့ဝင်နိုင်ငံတချို့က တန်းတူကိုယ်စားပြုမှု ချန်လှပ်ထားခြင်းတွေကို ဆက်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်အစိုးရက ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ အရပ်သားအသွင်ပြောင်း စစ်အစိုးရက အာဆီယံအတွင်း ပြန်လည်ဝင်ဆံ့နိုင်ဖို့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေ ရှိနေတဲ့အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်လာတာပါ။…

မော်လမြိုင်မြို့ကို Smart City လုပ်မယ်လို့ မွန်ဝန်ကြီးချုပ် ကြွေးကြော်

မော်လမြိုင် ၊ မေ ၁၂ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့ကို Smart City ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ အာဏာသိမ်း စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းက ကြွေးကြော်လိုက်ပါတယ်။ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေ…

ထားဝယ်မြို့ပေါ်မှာ အုပ်ချုပ်ရေးမှူး လင်မယားနှစ်ဦး အသတ်ခံရ

ထားဝယ်၊ မေ ၁၁ တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ဆန်ချီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကို လက်နက်ကိုင်ထားတဲ့ အမျိုးသား နှစ်ဦးက နေအိမ်ပေါ်အထိ တက်လာပြီး…

ရေပြင်နယ်နိမိတ်အရေး ထိုင်းက ကမ္ဘောဒီးယားနဲ့ တိုက်ရိုက် ဆွေးနွေးလို

ဘန်ကောက်၊ မေ ၁၁ ကမ္ဘောဒီးယားနဲ့ ရေပြင် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုအတွင်း ပြင်ပနိုင်ငံတွေရဲ့ အကူအညီနဲ့ ဖြေရှင်းရေးထက် နှစ်‌နိုင်ငံ တိုက်ရိုက်ဆွေးနွေးရေး ပိုမိုလိုလားကြောင်း ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။ မိမိတို့ရဲ့ နှစ်နိုင်ငံ အငြင်းပွားမှုကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ကိုယ်တိုင် ဖြေရှင်းသင့်တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကတ်ကွေးက မေ ၁၁ ရက်မှာ ပြောလိုက်တာပါ။…

အိန္ဒိယနိုင်ငံသားတွေ ခြိုးခြံချွေတာကြဖို့ ဝန်ကြီးချုပ် မိုဒီ တိုက်တွန်း

နယူးဒေလီ၊ မေ ၁၁ အရှေ့အလယ်ပိုင်း စစ်ပွဲ ဆက်လက် ဖြစ်ပွားနေမှုကြောင့် ကမ္ဘာ့လောင်စာဈေး မြင့်တက်နေမှုကို ဖြေရှင်းရေး အိန္ဒိယနိုင်ငံသားတွေအနေနဲ့ နေအိမ်ကပဲ အလုပ်လုပ်ကြဖို့၊ ရွှေတွေ လျှော့ဝယ်ကြဖို့၊ ပြည်ပသို့ ခရီးသွားမှုတွေကို ကန့်သတ်ကြဖို့ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီက တိုက်တွန်းလိုက်ပါတယ်။ ကိုဗစ်ကာလတုန်းကနဲ့ ဆင်တူတဲ့ အခုလို ခြိုးခြံ ချွေတာရေး အစီအစဉ်တွေကြောင့် အိန္ဒိယရဲ့ လောင်စာ…

စစ်ပွဲ အဆုံးသတ်ရေး အီရန်ရဲ့ တုံ့ပြန်မှုကို လုံးဝလက်မခံနိုင်ဘူးလို့ ထရန့် ပြော

ဝါရှင်တန်၊ မတ် ၁၁ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် အီရန် တုံ့ပြန်မှုကိုသမ္မတ ဒေါ်နယ် ထရန့်က မေ ၁၀ ရက်မှာ ပယ်ချလိုက်တာကြောင့် သီတင်း ၁၀ ပတ်ကြာခဲ့တဲ့ စစ်ပွဲ အဆုံးသတ်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ မှေးမှိန်သွားခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်နဲ့ လက်ဘနွန်မှာ ကျယ်ပြန့်တဲ့ ထိခိုက်ပျက်စီးမှုတွေ…

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်က ပြန်လွတ်ပြီ

ဘန်ကောက်၊ မေ ၁၁ ဝါရင့်နိုင်ငံရေးသမား ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာဟာ မေ ၁၁ ရက်မှာ ထောင်ကနေ စောပြီး လွတ်လာခဲ့ပြီဖြစ်ပါတယ်။ အသက် ၇၆ နှစ်အရွယ် ဆက်သွယ်ရေး လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလကတည်းက တစ်နှစ်ထောင်ဒဏ် ကျခံနေခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ခံဝန်အချုပ်နဲ့ လွတ်နေတဲ့ လေးလတာ ကာလအတွင်း အီလက်ထရွန်နစ်…