May 1, 2026

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ရှေ့နေအဖွဲ့ စီစဉ်

ရန်ကုန် ၊ မေ ၁ စစ်အစိုးရက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန် ထောင်ဒဏ်တွေအတွက် နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့ကျခံဖို့ အမိန့်ချလိုက်ကြောင်း ကြေညာချက် ထွက်လာပြီးနောက် သူ့ကို သူ့ရဲ့ ရှေ့နေအဖွဲ့က သွားရောက် တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ကိုယ်စားလှယ် တစ်ဦးက မေ ၁ ရက်မှာ ပြောပါတယ်။ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ…

အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ ထရန့်ကို ဆုံးဖြတ်ခိုင်းမယ်လို့ ရီပက်ဘလေကန်တွေ ပြော

ဝါရှင်တန်၊ မေ ၁ အီရန်ကို တိုက်ခိုက်နေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ မပြေမလည် ဖြစ်နေတဲ့ ရီပက်ဘလေကန် အမတ် တော်တော်များများက နောက်ဆုံးသတ်မှတ်ထားတဲ့ မေ ၁ ရက်ပြီးရင် လွှတ်တော်က ကြားဝင် ဖြေရှင်းလိမ့်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရီပက်ဘလေကန် အမတ်တွေက အဲဒီကိစ္စကို မဆုံးဖြတ်ဘဲ အိမ်ဖြူတော်သို့ လွှဲအပ်မယ်လို့ ဆိုပါတယ်။…

မိတ်ဆွေဟောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေ တိုးတက်မှုကို စောင့်ကြည့်နေ‌ကြောင်း တရုတ် ပြော

ဘေဂျင်း မေ ၁ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းတစ်ဦးဖြစ်ပြီး သူ့ရဲ့အခြေအနေကို မိမိတို့ဘက်က ဆက်လက် စောင့်ကြည့်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဧပြီ ၃၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ လင်ကျန်းက တရုတ်နိုင်ငံဟာ အိမ်နီးချင်းမိတ်ဆွေနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံ့အခြေအနေအလိုက် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ရွေးချယ်နိုင်ဖို့ ထောက်ခံတယ်လို့…

KNU နယ်မြေမှာ စစ်အစိုးရ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာ

ကော့ကရိတ်၊ မေ ၁ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာတာကြောင့် အရပ်သားထိခိုက်သေဆုံးမှု ပိုများလာတယ်လို့ ဒေသခံတွေအပါအဝင် KNU ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အာဏာသိမ်း စစ်အစိုးရဟာ KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တပ်မဟာ ၆ အပြင် တပ်မဟာ ၁ ဝင်းတာပန်ရွာ၊ တပ်မဟာ ၂ သံတောင်မြောက်ပိုင်းဒေသ၊…

ဘီးလင်းမှာ လူငယ် ၂၃ ဦး ပေါ်တာဆွဲခံရ၊ တစ်ဦးကို သိန်း ၃၀၀ တောင်း

ဘီးလင်း၊ မေ ၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်း-ရွှေလှေလမ်းပိုင်းမှာ လူငယ် ၂၃ ဦး ပေါ်တာဆွဲဖမ်းဆီးခံရပြီး တပ်နဲ့ရဲက တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၀ တောင်းခံနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်၊ရဲနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့ ညပိုင်းတွေမှာ ရွှေလှေနဲ့နှင်းပုလဲရွာကြားမှာ ပြုလုပ်နေတဲ့ အာဝါဒေးဝိုင်းကနေ ပြန်လာတဲ့…

အမေရိကန်က ထပ်မံ တိုက်ခိုက်ရင် နာကျင်ရလောက်အောင် တုံ့ပြန်မယ်လို့ အီရန်ခြိမ်းခြောက်

‎ဝါရှင်တန် ၊ဒူဘိုင်း၊ မေ ၁‎‎အမေရိကန်က ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် ရေရှည် နာကျင်ရလောက်တဲ့ တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်သွားမှာ ဖြစ်ကြောင်း အီရန်က ဧပြီ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။‎‎ဟောမု့ဇ် ရေလက်ကြားဟာ မိမိတို့ အပိုင်ဖြစ်ကြောင်းလည်း အီရန်က ထပ်မံပြောကြားလိုက်တာကြောင့် အဲဒီရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး ညွှန့်ပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ အမေရိကန်ရဲ့ အစီအစဉ်ကို ကမောက်ကမ ဖြစ်သွားစေပါတယ်။‎‎အီရန်ကို…