ဝါရှင်တန်၊ မေ ၁
အီရန်ကို တိုက်ခိုက်နေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ မပြေမလည် ဖြစ်နေတဲ့ ရီပက်ဘလေကန် အမတ် တော်တော်များများက နောက်ဆုံးသတ်မှတ်ထားတဲ့ မေ ၁ ရက်ပြီးရင် လွှတ်တော်က ကြားဝင် ဖြေရှင်းလိမ့်မယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ရီပက်ဘလေကန် အမတ်တွေက အဲဒီကိစ္စကို မဆုံးဖြတ်ဘဲ အိမ်ဖြူတော်သို့ လွှဲအပ်မယ်လို့ ဆိုပါတယ်။
၁၉၇၃ စစ်အင်အား ဖြေရှင်းချက် ဥပဒေအရ လွှတ်တော်အနေနဲ့ စစ်ကြေညာရမှာ ဖြစ်ပြီး မဟုတ်ရင် ရက်ပေါင်း ၆၀ အတွင်း စစ်အင်အား အသုံးပြုခွင့် ပေးရမှာ ဖြစ်ပါတယ်။
ဒါမှမဟုတ် သမ္မတက သက်တမ်းတိုးပေးဖို့ တောင်းဆိုခဲ့ရင် ရက်ပေါင်း ၉၀ အတွင်း ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။
ဒီမိုကရက်တို့ရဲ့ ဆဌမအကြိမ်မြောက် စစ်ပွဲ ရပ်တန့်ရေး ကြိုးပမ်းမှုကို အထက်လွှတ်တော်က ပယ်ချခဲ့ပြီးနောက် တစ်ပတ်ကြာတဲ့အထိ လွှတ်တော်က လိုအပ်တာတွေ လုပ်ဆောင်မှု မရှိသေးတာ တွေ့ရပါတယ်။
ထရန့် အစိုးရကလည်း လွှတ်တော်ရဲ့ ခွင့်ပြုချက် ရယူရေး စိတ်ဝင်စားပုံ မပေါ်ပါဘူး။
အီရန် စစ်ပွဲအတွင်း အပစ်အခတ် ရပ်စဲလိုက်တာကြောင့် စစ်ပွဲ အဆုံးသတ်သွားပြီလို့ ယူဆနိုင်တာကြောင့် လွှတ်တော်က ဆုံးဖြတ်ဖို့ မလိုဘူးဆိုတဲ့ စောဒက တက်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော်က ဆုံးဖြတ်ဖို့ မရှိသေးဘူးလို့ လွှတ်တော် လူများစု ခေါင်းဆောင် ဂျွန် သန်းက ပြောပါတယ်။
ထရန်ရဲ့ စစ်ပွဲ ဆင်နွှဲမှုကို အာမခံလိုတဲ့ ရီပက်ဘလေကန်တွေဟာ နိုင်ငံရေးအရ အရမ်း ထိခိုက်လွယ်တဲ့ အချိန်အခါနဲ့ ကြုံနေပါတယ်။
အမေရိကန် ပြည်သူတွေဟာ အီရန် စစ်ပွဲကို မလိုလားသလို စစ်ပွဲကြောင့် ဖြစ်လာတဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့်လည်း မကျေနပ် ဖြစ်နေကြပါတယ်။
ဗီယက်နမ် စစ်ပွဲအတွင်း ပြဌာန်းခဲ့တဲ့ ဥပဒေအရ ဖွဲ့စည်းပုံနဲ့ ညီနေတယ်ဆိုရင်တောင် လွှတ်တော်က ကြားဝင် ဖြေရှင်းရမှာ ဖြစ်တယ်လို့ သတ်မှတ်ထားပေမယ့် ရီပက်ဘလေကန် အများစုကတော့ အီရန် စစ်ပွဲနဲ့ ပတ်သက်လို့ လွှတ်တော်က ဆုံးဖြတ်ဖို့ မရှိဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ရီပကပ်ဘလေကန် တချို့က စစ်ပွဲရဲ့ အချို့ အခြေအနေတွေမှာ လွှတ်တော် ပါဝင် သင့်တယ်လို့ ပြောဆိုထားကြပါတယ်။
Ref:AP

