ရန်ကုန် ၊ မေ ၁

စစ်အစိုးရက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန် ထောင်ဒဏ်တွေအတွက် နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့ကျခံဖို့ အမိန့်ချလိုက်ကြောင်း ကြေညာချက် ထွက်လာပြီးနောက် သူ့ကို သူ့ရဲ့ ရှေ့နေအဖွဲ့က သွားရောက် တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ကိုယ်စားလှယ် တစ်ဦးက မေ ၁ ရက်မှာ ပြောပါတယ်။

နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကိုထိန်းလင်းခေါ် ကင်မ် အဲရစ် ဦးဆောင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း တောင်းဆိုမှု တစ်ခု ပြုလုပ်နေကြ ပါတယ်။

အဲဒီ အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နှစ်များစွာအတွင်း ဓာတ်ပုံ တစ်ပုံ ထုတ်ပြပြီး သက်ရှိ ထင်ရှားရှိကြောင်း သက်သေတည်လို့ မရဘူးလို့ ပြောဆိုနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လောလောဆယ် နေပြည်တော်မှာ ရှိနေတုန်းပဲ ဖြစ်ပါတယ်လို့ သူ့ရဲ့ရှေ့နေအဖွဲ့ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၃၀ ရက် ညက နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ချထားခဲ့တာ ဖြစ်တယ်လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါပေမဲ့ နေပြည်တော် သတင်းရင်းမြစ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ထားထားတာ တစ်နှစ်လောက်ရှိနေပြီလို့ ပြောပြီး အခုမှ သတင်းထုတ်ပြန်တာလို့ ဆိုပါတယ်။

သူ့ကို ဘယ်မြို့ဘယ်ရွာက ဘယ်အိမ်မှာ အကျယ်ချုပ်ချထားတယ်ဆိုတာကို စစ်တပ်က ထုတ်ဖော်ပြောကြားတာ မရှိဘဲ နိုင်ငံပိုင် မီဒီယာကတဆင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ် အရာရှိ တစ်ယောက်နဲ့ ရဲယူနီဖောင်းဝတ်ထားသူ တစ်ယောက် တွေ့ဆုံ စကားပြောနေပုံကိုပဲ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စွပ်စွဲ ပြစ်တင်ချက်အမျိုးမျိုးတွေနဲ့ထောင် ၃၃ နှစ် ချမှတ်ခံခဲ့ရပြီး နှစ်ကြိမ်တိုင် ပြစ်ဒဏ် လျှော့ပေါ့ပေးတာတောင် ထောင်ဒဏ် ၁၈ နှစ် ကျခံရဦးမှာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.