သံတမန်တွေအပေါ် ခြိမ်းခြောက်မှု စစ်ဆေးဖော်ထုတ်ပေးဖို့ ဂျပန်ကို တရုတ် တောင်းဆို
တိုကျို ဧပြီ ၁၇ ဂျပန်အခြေစိုက် တရုတ်သံရုံးက တစ်လအတွင်း သူတို့သံတမန်တွေထံ ခြိမ်းခြောက်မှု ၃ ကြိမ် ရောက်ရှိလာလို့ လုံခြုံရေးကာကွယ်မှု မလုံလောက်ဘူးလို့ ဂျပန်အစိုးရကို စွပ်စွဲလိုက်ပါတယ်။ ဧပြီ ၁၇ ရက်က လူမှုမီဒီယာ X မှာ တရုတ်သံရုံးဘက်နေထုတ်ပြန်တဲ့စာထဲ ဒီကိစ္စတွေကို ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးပြီး တရားခံတွေကို ပြင်းထန်စွာ အရေးယူဖို့ တိုကျိုအာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။…
