March 26, 2026

စစ်အာဏာသိမ်း (၁၈၈၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၅၂) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၂၇ AAPP ရဲ့ မတ်၂၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၈၀) ရက်အတွင်း ပြည်သူ (၇၉၅၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၇၀၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၄၀၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

တရုတ်ကျားကန်ပေးမှုကြောင့် စစ်တပ်လဲပြိုမှုကနေ နာလန်ပြန်ထူလာ

မော်လမြိုင် ၊ မတ် ၂၇ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတွန်းလှန်မှုကြောင့် နိုင်ငံတဝန်းမှာ အရေးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စစ်တပ်ဟာ တရုတ်အစိုးရရဲ့ ကျားကန်ပေးမှုကြောင့် လဲပြိုမှုကနေ နာလန်ပြန်ထူလာနိုင်တဲ့အခြေအနေ ရောက်ရှိလာပါတယ်။ အီရန်စစ်ပွဲကြောင့် စက်သုံးဆီနဲ့ လေယာဉ်ဆီ အကန့်အသတ်ဖြစ်လာနေတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွင်း တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာပါ။ အာဏာသိမ်းမှု ၅ နှစ်အတွင်း စစ်တပ်ဟာ…

ပုလောမှာ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသားတစ်ဦး ခြေတစ်ဖက်ဖြတ်လိုက်ရ

ပုလော၊ မတ် ၂၇ တနင်္သာရီတိုင်း ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာအနီးမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က မီးလောင်ချောင်းကျေးရွာနေ အသက် ၂၁ နှစ်အရွယ် မောင်အောင်စိုးဟာ ကျေးရွာအနီးမှာ ဟင်းသီးဟင်းရွက်ခူးဖို့ သွားစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။ မြေမြှုပ်မိုင်းကြောင့် မောင်အောင်စိုးဟာ ဘယ်ဘက်ခြေဖဝါး ကြေမွဒဏ်ရာရရှိခဲ့တာကြောင့်…

တိုက်ပွဲပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ဒေသခံ တစ်သိန်းနီးပါး စစ်ရှောင်နေရ

တနင်္သာရီ၊ မတ် ၂၇ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုကြောင့် တနင်္သာရီတိုင်းမှာ ဒေသခံ တစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အဖြစ်တဲ့ FE 5 Thanintharyi ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈၉၇၀၀…

ကျိုက်ထိုမှာ ကုန်တင်ကုန်ချ အလုပ်သမား ၁၂ ဦး စစ်မှုထမ်း စုဆောင်းခံရ

ကျိုက်ထို၊ မတ် ၂၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာမှာ စစ်ကော်မရှင်တပ် ဖမ်းဆီးသွားတဲ့ ကုန်တင်ကုန်ချ အလုပ်သမား ၃၀ ကျော်အနက် လူငယ် ၁၂ ဦး စစ်မှုထမ်းတပ်သား စုဆောင်းခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ကျိုက္ကသာကျေးရွာဆိပ်ကမ်းမှာ ကုန်တင်ယာဉ် နှစ်စီးကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။…

မကွေး စစ်ကော်မရှင် လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

မကွေး မတ် ၂၆ မကွေးတိုင်း မကွေးမြို့ရှိ စစ်ကော်မရှင် လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်လို့ ထိခိုက်မှုတွေရှိတယ်လို့ Brave Warriors For Myanmar အဖွဲ့ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် ည ၁၁ နာရီကျော်မှာ မကွေးလေတပ်စခန်းထဲကို ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၁ လုံးလုံး…

လောင်စာဈေးနှုန်း မြင့်တက်မှုကြောင့် ထိုင်း ငါးဖမ်းလုပ်ငန်း ရပ်တန့်လုနီးပါးဖြစ်

ဆာမွတ်ဆာခွန် ၊ မတ် ၂၆ အီရန် စစ်ပွဲကြောင့် ဒီဇယ်ဈေးမြင့်တက်လာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ငါးဖမ်းလုပ်ငန်းနယ်ပယ်ဟာ အစိုးရ ကြားဝင် မဖြေရှင်းပေးရင် ရပ်တန့်သွားတော့မှာ ဖြစ်ပါတယ်။ လောင်စာဈေးနှုန်း မြင့်တက်လာမှုကြောင့် ငါးဖမ်းလှေတွေအနေနဲ့ ရက်ပိုင်းအတွင်း မောင်းနှင်နိုင်တော့မှာ မဟုတ်ဘူးလို့ ငါးဖမ်းသမားတွေက သတိပေးထားပါတယ်။ ထိုင်းပယ်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက် အလယ်ပိုင်းပြည်နယ်ရှိ ထိုင်းရဲ့ အကြီးမားဆုံး ငါးဖမ်းဆိပ်ကမ်းမှာ…

နိုင်ငံတော် အရန်ရေနံတွေ စတင် ထုတ်ဝေပြီလို့ ဂျပန် ပြော

တိုကျို၊ မတ် ၂၆ မိမိတို့ရဲ့ ဗျူဟာမြောက် သိမ်းဆည်းထားတဲ့ နိုင်ငံတော် အရန် ရေနံရဲ့ နောက်ထပ် တစ်စိတ်တစ်ပိုင်းကို မတ် ၂၆ ရက်မှာ စတင် ထုတ်ဝေပြီ ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောပါတယ်။ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဈေးနှုန်းမြင့်တက်လာတဲ့အတွက် စွမ်းအင် နည်းပါတဲ့ ဂျပန် အပေါ် ရိုက်ခတ်မှုတွေ လျော့နည်းစေဖို့ အစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။ ကမ္ဘာ့ရေနံနဲ့…

သင်္ကြန်မှာ ရေပက်ခံကားတွေနဲ့ ရေမကစားဖို့ စစ်ကော်မရှင် ပြော

နေပြည်တော်၊ ၂၆ လာမယ့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်မှာ အလှပြယာဉ်၊ ရေပက်ခံကားတွေနဲ့ ရေပက်ကစားတာ မပြုလုပ်ကြဖို့ စီမံထားတယ်လို့ စစ်ကော်မရှင်က မတ်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်ကတော့ ဒီနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွေကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်တာကြောင့် ရေပက်ခံကားတွေနဲ့ ရေမကစားဖို့ အသိပေးလာတာပါ။ ဒီအစီအစဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က နေပြည်တော် ပြုလုပ်တဲ့…

ရေးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် စစ်ကြောင်းပြန်ဆုတ်

ရေး၊ မတ် ၂၆ မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းဒေသထဲကို နယ်မြေရှင်းလင်းခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းပြန်ဆုတ်သွားပြီလို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကစလို့ ရေးမြို့နယ် မြောက်ပိုင်းဒေသဖြစ်တဲ့ အောင်သာယာကျေးရွာနဲ့ လိမ္မော်ခြံကျေးရွာတို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာပါ။ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုကြောင့် အဲဒီကျေးရွာတွေမှာ မတ်လ ၁၉ ရက်နေ့ကနေ…