ဘားအံမှာ ဆီလာဖြည့်တဲ့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးသိမ်းဆည်းခံရ
ဘားအံ၊ မတ် ၈ ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ စက်သုံးဆီဆိုင်ကြီးတွေထဲ မတ်လ ၇ ရက်နေ့ကစလို့ ဆီလာဖြည့်တဲ့ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေတချို့ကို စစ်ကော်မရှင်လက်အောက်ခံ ရဲ၊ ယာဉ်ထိန်းရဲအဖွဲ့တွေက ဖမ်းဆီးသိမ်းဆည်းယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခအရေးကြောင့် လောင်စာဆီအခက်ကြုံနေရချိန် စစ်ကော်မရှင်က စက်သုံးဆီခြိုးခြံချွေတာရေးနဲ့ ဖူလုံမှုရှိစေရေးအတွက်ဆိုပြီး မတ်လ ၇ ရက်နေ့ကစလို့ နိုင်ငံတစ်ဝန်းမှာ မော်တော်ယာဉ်တွေအနေနဲ့ “စုံ”ရက်၊ “မ”ရက်စနစ်နဲ့…
