စစ်တစ်ပိုင်းအစိုးရလက်ထက် စစ်မှုထမ်းတွေကို စာရင်းသွင်းတဲ့ပုံစံနဲ့ ဆင့်ခေါ်လာနိုင်
နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၈ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကနေ ပေါ်လာမယ့် စစ်တစ်ပိုင်းအစိုးရလက်ထက်မှာ စစ်မှုထမ်းအ ကျုံးဝင်တဲ့ လူငယ်တွေကို ကိုယ်ရေးအချက်အလက်တွေနဲ့ စနစ်တကျ စာရင်းသွင်းပြီး ဆင့်ခေါ်တဲ့ ပုံစံ လုပ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်က တာဝန်ရှိသူတွေဟာ စစ်မှုထမ်းတပ်သားတွေကို မဲနှိုက်ရွေးချယ်တာ၊ အတင်းအဓ္မဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ ဒေသန္တရအမိန့် ဖောက်ဖျက်တဲ့ အ ကြောင်းပြချက်နဲ့…
