January 6, 2026

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်တပ်စစ်ကြောင်းထိုးထား

လှိုင်းဘွဲ၊ ဇန်နဝါရီ ၇ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးပြီး ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီလ အစောပိုင်းရက်တွေကစလို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့တွေ အများအပြားပါဝင်တဲ့ စစ်ကားတန်းတွေဟာ မွန်ပြည်နယ်ကနေ ကရင်ပြည်နယ် ဘားအံမြို့ကို ရောက်ရှိဖြတ်သန်းလာပြီး အဲဒီကတစ်ဆင့် လှိုင်းဘွဲမြို့ထဲ…

မုဒုံနဲ့မြဝတီမှာ အမျိုးသမီးနှစ်ဦး အသတ်ခံရ

မုဒုံ၊ ဇန်နဝါရီ ၇ မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့တို့မှာ အမျိုးသမီးနှစ်ဦး အသတ်ခံလိုက်ရပြီး လက်ရှိအချိန်ထိ လက်သည်မပေါ်ဘဲ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ် ဆက်သွယ်ရေးကျေးရွာ သံဖြူဇရပ်-မုဒုံကားလမ်းဘေး ရော်ဘာခြံထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးကို ဒေသခံတွေက တွေ့ရှိခဲ့တာပါ။ သေဆုံးသူဟာ…

မာဒူရိုကို အမေရိကန် ဖမ်းဆီးအရေးယူမှု ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာချာဒို ချီးကျူး

ကာရာကတ်စ်၊ ဇန်နဝါရီ ၆ သမ္မတ နီကိုလာ့စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးလိုက်တာဟာ လူသားမျိုးနွယ်အတွက်၊ လွတ်လပ်မှုနဲ့ လူသား ဂုဏ်သိက္ခာအတွက် ကြီးမားတဲ့ ခြေလှမ်းဖြစ်တယ်လို့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုက ပြောပါတယ်။ မာဒူရိုနဲ့ သူ့ဇနီးကို အမေရိကန် အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့က ကာရာကတ်စ်မြို့ကို ဝင်ရောက် ဖမ်းဆီးခဲ့ပြီး နယူးယောက်…

နယ်စပ်ဖြတ်ကျော် ပစ်ခတ်ပြီး ကမ္ဘောဒီးယားက အပစ်ရပ် သဘောတူညီမှု ချိုးဖောက်တယ်လို့ ထိုင်းပြော

ဘန်ကောက်၊ ဇန်နဝါရီ ၆ ၁၀ ရက်ကြာပြီဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ကမ္ဘောဒီးယားက ဇန်နဝါရီ ၆ ရက်က ချိုးဖောက်ပြီး နယ်စပ်ဖြတ်ကျော် မော်တာသေနတ်နဲ့ ပစ်ခတ်မှုကြောင့် စစ်သား တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းက ပြောပါတယ်။ ဖနွမ်းပင်အစိုးရကတော့ အမှိုက်ပုံ ပေါက်ကွဲမှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ပြောထားပါတယ်။ အရှေ့တောင်အာရှ…

မကွေးထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃၅ ဦး ရိုက်နှက်တိုက်ပိတ်ခံရ

မကွေး၊ ဇန်နဝါရီ ၆ မကွေးတိုင်း မကွေးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား ၃၅ ဦးကို မတရား ရိုက်နှက်ခဲ့ကာ တိုက်ပိတ်ထားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေ သိရပါတယ်။ မကွေးအကျဉ်းထောင်ရှိ အမျိုးသားအဆောင် ၄ က နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ထောင်တစ်ခုလုံးရှိ စားပြီးသားပန်းကန်တွေကို လူ ၁၀…

ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မယ်လို့ KNA ဗိုလ်မှူးချုပ် ပြော

မြဝတီ၊ ဇန်နဝါရီ ၆ ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မှာဖြစ်ပြီး မိမိတို့မြေကို မိမိတို့ကိုယ်တိုင်သာ အုပ်ချုပ်မယ်လို့ ကရင်အမျိုးသားတပ်မတော် KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက ပြောပါတယ်။ အခုရက်ပိုင်းထဲ ကျင်းပခဲ့တဲ့ BGF က KNA ဘက်တံဆိပ်သစ်ကို ပြောင်းလဲတပ်ဆင်လိုက်တဲ့ အခမ်းအနားတစ်ခုမှာ KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက သူ့ရဲ့ တပ်သားတွေကို…

တနင်္သာရီမှာ PDF စခန်းတစ်ခု ဗုံးကြဲခံရ

တနင်္သာရီ၊ ဇန်နဝါရီ ၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာမှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ PDF စခန်းတစ်ခု ဒရုန်းနဲ့ဗုံးကြဲခံခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ တမုတ်ချုံးကျေးရွာအခြေစိုက် တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စခန်းကို မနေ့ ဇန်နဝါရီ ၅ ရက် ညနေ ၄ နာရီအချိန်လောက်မှာ အောက်ကင်းကျေးရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းက ဒရုန်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကော်မရှင်ရဲ့…

အီရန်က ဆီးရီးယားသမ္မတကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတယ်လို့ အစ္စရေး စစ်တပ် သတင်းရင်းမြစ် ပြော

ဂျေရုစလင်၊ ဇန်နဝါရီ ၆ ဆီးရီးယားသမ္မတ အာမက် အယ်လ်ရှာရားကို အီရန်က လုပ်ကြံသတ်ဖြတ်ဖို့ ရန်လိုတဲ့ အင်အားစုတွေနဲ့ ကြံစည် လုပ်ဆောင်နေကြောင်း အစ္စရေး စစ်တပ် သတင်းရင်းမြစ်က ဇန်နဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။ ဆီးရီးယားနဲ့အစ္စရေးကြား ရင်းနီးတဲ့ ဆက်ဆံမှု စတင်လိုက်ပြီးနောက် အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အာမက် အယ်လ်ရှာရားအနေနဲ့ သူ…

ထရန့်ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ကိုလံဘီယာ သမ္မတ လက်နက်ကိုင်ဖို့ အဆင်သင့်ပဲလို့ ပြော

ဘိုဂိုတာ၊ ဇန်နဝါရီ ၆ အမေရိကန်ရဲ့ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပက်ထရိုက သူ့အနေနဲ့ လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိတယ်လို့ ဇန်ဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။ အိမ်နီးချင်း ဗင်နီဇွဲလားကို ဝင်ရောက် တိုက်ခိုက်ပြီး သမ္မတ နီကိုလာ့စ် မာဒူရိုကို ဖမ်းဆီးခေါ်ဆောင်ပြီးတော့ ကိုလံဘီယာကို တိုက်ခိုက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားချိန်မှာ…