December 11, 2025

စစ်အာဏာသိမ်း (၁၇၇၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၅၆၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၁၂ AAPP ရဲ့ ဒီဇင်ဘာ၁၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၇၅) ရက်အတွင်း ပြည်သူ (၇၅၆၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၁၁၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၄၂၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ တရားဝင်ဖြစ်လိုမှုကို ရိုက်ချိုးနိုင်မလား

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၂ တနိုင်ငံလုံးကနေ တစ်ပြိုင်တည်း ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အသံတိတ်သပိတ် လှုပ်ရှားမှုနဲ့ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာနဲ့ တရားဝင်ဖြစ်လိုမှုကို ရိုက်ချိုးနိုင်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိပေးပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ် လှုပ်ရှားမှုဟာ ပြည်သူလူထုရဲ့…

သထုံတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးထက်မနည်း သေဆုံး

သထုံ၊ ဒီဇင်ဘာ ၁၂ မွန်ပြည်နယ် သထုံမြို့နယ် ကော့လှိုင်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မ ရှင်တပ်ဖွဲ့ဝင် သုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက သထုံမြို့နယ် ဝီယော်ကျေးရွာကနေ ပိန္နဲတောတပ်စခန်းထံ တပ်ချိန်းဖို့လာတဲ့ အင်အား ၆၀ ကျော်ပါ စစ်ကော်မရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက…

လောင်းလုံးမြို့အနီး တိုက်ပွဲပြင်းထန်နေ

လောင်းလုံး၊ ဒီဇင်ဘာ ၁၂ တနင်္သာရီတိုင်း လောင်းလုံးမြို့အနီး ညှင်မော်ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်‌နေပြီး စစ်‌ကော်မ ရှင်ဘက်က လေကြောင်းကနေ လာရောက်ဗုံးကြဲသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ လောင်းလုံးမြို့ပေါ်ကနေ အင်အားအလုံးအရင်းနဲ့ စစ်‌ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။ အဲဒီတိုက်ပွဲအတွင်း နေ့လည် ၁…

မြောက်ဦးဆေးရုံ စစ်တပ်ဗုံးကြဲမှု သေဆုံးသူ ၃၃ ဦးအထိ ရှိလာ

မြောက်ဦး၊ ဒီဇင်ဘာ ၁၁ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က မြောက်ဦးပြည်သူ့ဆေးရုံ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိလာပြီလို့ မြေပြင်ကယ်ဆယ်ရေးမှာ ပါဝင်နေသူတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ မနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ မြောက်ဦးဆေးရုံကို လေကြောင်းကနေ…

စစ်ကော်မရှင်အပေါ် လက်နက် ပိတ်ဆိုမှုလုပ်ဖို့ ကုလကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၁ နိုင်ငံတွင်းရှိ မွတ်စလင်တွေအပေါ် ဆက်လက် ဖိနှပ်မှုတွေ ရှိနေချိန် မြန်မာနိုင်ငံကို ထိန်းချုပ်ထားတဲ့ စစ်တပ်အုပ်ချုပ်သူတွေအပေါ် လက်နက်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့က ဒီဇင်ဘာ ၁၀ ရက်မှာ ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။ လေယာဉ်ဆီ ထောက်ပံ့မှု ရပ်ဆိုင်းရေး၊ နှစ်မျိုးသုံး နည်းပညာနဲ့ လက်နက်တွေ လွှဲပြောင်းပေးမှု ရောင်းချမှု၊ လုံခြုံရေး အကူအညီပေးမှု…

မဲဆောက် ထိန်းသိမ်းရေးစင်တာမှာ တရုတ်နိုင်ငံသားတွေ အဓိကရုဏ်း ဆင်နွဲလို့ ထိုင်းအရာရှိတွေ အင်အားသုံး ထိန်းချုပ်

မဲဆောက်၊ ဒီဇင်ဘာ ၁၁ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်တွေ နှိမ်နှင်းနေချိန် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသား ၃၂၅ ဦးက မိခင်နိုင်ငံသို့ ပြန်ပို့မခံရရေး မဲဆောက် ထိန်းသိမ်းရေးစင်တာမှာ အဓိကရုဏ်း ဆင်နွှဲခဲ့တာကြောင့် ထိုင်းအရာရှိတွေက မီးသတ်ပိုက်နဲ့ ထိုးတာ အပါအဝင် အင်အားသုံး ထိန်းချုပ်မှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။ အဓိကရုဏ်းအတွင်း ထိန်းသိမ်းခံထားသူတွေက အစိုးရပိုင်…

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးရွားဆုံး အခြေအနေ ရောက်ရှိနေပြီလို့ KHRG ပြော

ဘားအံ၊ ဒီဇင်ဘာ ၁၀ အာဏာသိမ်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုဆိုးရွာလာတဲ့အတွက် ယိုယွင်းနေတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေရမှုတွေဟာ အဆိုးရွားဆုံး အခြေအနေဆီ ရောက်ရှိစေခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေဟာ တဟုန်ထိုးဆိုးရွားလာနေပြီး စစ်တပ်ဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ဆန့်ကျင်ကာ…

ကျားဖြန်နှိမ်နင်းဖို့ စစ်ကော်မရှင် ကော်မတီဖွဲ့

နေပြည်တော်၊ ဒီဇင်ဘာ ၁၁ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုံးဝအခြေမပြုနိုင်ရေးအတွက် အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ စစ်ကော်မရှင်က ဒီဇင်ဘာ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ဒီကော်မတီကို စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးတို့က ဒုဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာ ဖြစ်ပါတယ်။…

အမေရိကန်ကို လာမယ့် ခရီးသည်တွေ ပြည်မဝင်ခင် ၅ နှစ်တာ လူမှုမီဒီယာ ရာဇဝင် မေးမြန်း စစ်ဆေးခံရနိုင်

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ အမေရိကန်အရာရှိတွေ မိတ်ဆက်လိုက်တဲ့ အဆိုပြုချက်အရ ဗြိတိန် အပါအဝင် ကမ္ဘာတဝန်းနိုင်ငံတွေက အမေရိကန်သို့ လာရောက်လည်ပတ်ကြမယ့် နိုင်ငံခြားခရီးသွားတွေအနေနဲ့ ပြည်မဝင်ခင် သူတို့ရဲ့ လွန်ခဲ့တဲ့ ၅နှစ်တာ လူမှုမီဒီယာ ရာဇဝင်ကို မေးမြန်း စစ်ဆေးခံရနိုင်ကြောင်း သိရပါတယ်။ အဲဒီ သတ်မှတ်ချက်အသစ်အရ အမေရိကန်သို့ ဗီဇာ မလိုဘဲ ရက် ၉၀ ကြာ လာရောက်လည်ပတ်ခွင့်ရှိတဲ့…