သထုံ၊ ဒီဇင်ဘာ ၁၂
မွန်ပြည်နယ် သထုံမြို့နယ် ကော့လှိုင်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မ ရှင်တပ်ဖွဲ့ဝင် သုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက သထုံမြို့နယ် ဝီယော်ကျေးရွာကနေ ပိန္နဲတောတပ်စခန်းထံ တပ်ချိန်းဖို့လာတဲ့ အင်အား ၆၀ ကျော်ပါ စစ်ကော်မရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် အချိန် နာရီဝက်ကျော်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သထုံအခြေစိုက် စစ်ကော်မရှင်တပ်ရင်းတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲပြီးနောက် အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဟာ ပိန္နဲတောတပ်စခန်းထံ ထွက်ခွာပြီး လက် နက်ကြီး ပစ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။
သထုံမြို့နယ်မှာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်ဘက်က တပ်အင်အားတိုးချဲ့တာ၊ မြို့အဝင်အထွက် နေရာတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ရွေးကောက်ပွဲနီးကပ်လာချိန် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာတာကြောင့် ပြည်သူတွေ စစ်ရေးသတိရှိကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

