October 2025

ယူကရိန်း နယ်မြေတွေကို လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ဇီလန်စကီး ပြော

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၂၅ အနာဂတ် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားဆီ ယူကရိန်းနယ်မြေတွေကို လက်လွှတ်ပေးသွားမှာ မဟုတ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဘရပ်ဆဲလ်မှာ ကျင်းပမယ့် အီးယူ ညီလာခံ မတိုင်ခင် Euronews သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ မော်စကိုက ငြင်းဆိုနေတဲ့အတွက် အမေရိကန်နဲ့ ဥရောပက ရုရှားအပေါ် အရေးယူ…

ကမ္ဘောဒီးယားနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုးမယ်

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၅ လက်ရှိ ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး သီရိခေတ်ဟာ အောက်တိုဘာ ၂၅ ရက်က နတ်ရွာစံသွားတာကြောင့် ထိုင်းဝန်ကြီးချုပ် အာဆီယံ အစည်းအဝေး တက်ရောက်မှာ မဟုတ်ပေမယ့် ကမ္ဘောဒီးယားနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးဖို့ မလေးရှားသို့ သွားရောက်မှာ ဖြစ်ပါတယ်။ ကွာလာလမ်ပူမြို့မှာ ကမ္ဘာလုံးဆိုင်ရာ သံတမန် တွေ့ဆုံပွဲ စတင်ဖို့ အာဆီယံ…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံရ

တနင်္သာရီ၊ အောက်တိုဘာ ၂၅ နှစ်ဖက်စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ကျန် ၄ ဦးဟာ လက်သည်မပေါ်ဘဲ…

စစ်မှုထမ်းဟောင်းတွေကို ဌာနဆိုင်ရာနဲ့ကုမ္ပဏီတွေမှာ အလုပ်ပေးမယ်လို့ စစ်ကော်မရှင်ပြော

နေပြည်တော် ၊ အောက်တိုဘာ ၂၅ စစ်ကော်မရှင်တပ်ရဲ့ အမြဲတမ်း စစ်မှုထမ်းနဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ စစ် မှုထမ်း ဟောင်းတွေကို ဌာနဆိုင်ရာ၊ ကုမ္ပဏီနဲ့ပုဂ္ဂလိကလုပ်ငန်းတွေမှာ ထည့်ပြီး အလုပ်အကိုင် ရရှိအောင် ဆောင်ရွက်နေတယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး…

မွန်မှာ လောင်းကစားဝိုင်းတွေကြောင့် လူငယ်တွေ ပျက်စီးနေပေမယ့် စစ်ကော်မရှင် လျစ်လျူရှုထား

မော်လမြိုင် ၊ အောက်တိုဘာ ၂၅ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကြောင့် လူငယ်တွေ ပျက်စီးနေပေမယ့် ပြည်နယ်စစ်ကော်မရှင်ဘက်က လျစ်လျူရှုထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ်စစ်ကော်မရှင်ဟာ သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လောင်းကစားဝိုင်းတွေကို ဘုရားပွဲ၊ ဆွမ်းကြီးလောင်းပွဲ၊ ကထိန်ပွဲ၊ ရာသီပွဲတော်တွေအပြင် ပျော်ပွဲရွှင်ပွဲဆိုတဲ့ အကြောင်းပြချက်ဖြင့် ပုံစံအမျိုးမျိုးနဲ့ ဖွင့်လှစ်ခွင့်ပြုထားတာပါ။ အခုလို…

ပုလောမှာ စစ်တပ်ဒရုန်းကြောင့် KNDO တပ်ပေါင်းစု စစ်ကြောင်းမှူး ကျဆုံး

ပုလော၊ အောက်တိုဘာ ၂၅ တနင်္သာရီတိုင်း ပုလောမြို့နယ် တိုက်ပွဲမှာ စစ်တပ်ဒရုန်းကြောင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ပေါင်းစု စစ်ကြောင်းမှူး ကျဆုံးခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က ပုလောမြို့နယ် တန်ရှင်းကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ KNDO ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ…

ကမ္ဘာ့ဈေးကွက်မှာ ရုရှား ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကင်းစင်အောင် လုပ်မယ်လို့ ယူကရိန်း မဟာမိတ်များ ကတိပြု

လန်ဒန်၊ အောက်တိုဘာ ၂၅ စစ်ပွဲ အဆုံးသတ်စေရေး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ဖိအားပေးဖို့ ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘာ့ဈေးကွက်မှာ ရုရှား ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ကင်းစင်အောင် လုပ်ဆောင်သွားမယ်လို့ ယူကရိန်းကို ကူညီနေကြတဲ့ နိုင်ငံပေါင်း ၂၀ ကျော်က ကတိပြုလိုက်ပါတယ်။ ရုရှား စစ်ပွဲ ယန္တယားအတွက် ရန်ပုံငွေ ရရှိနေတဲ့ လမ်းကြောင်းကို…

မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ဖို့ မခက်ဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၅ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး အာဆီယံရဲ့ လေးနှစ်တာ အစီအစဉ်ဟာ အကောင်အထည် ဖော်ရ မခက်ဘဲ နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်တပ်က လိုက်နာသင့်ပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ဖြန့်ဝေခွင့် ပေးသင့်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ဒီဇင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာ ရွေးကောက်ပွဲကို အာဆီယံက…

စစ်အာဏာသိမ်း (၁၇၂၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၀၅) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၅ AAPP ရဲ့ အောက်တိုဘာ၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၂၇) ရက်အတွင်း ပြည်သူ (၇၄၀၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၈၆၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခွင့်မရှိတဲ့ အာဆီယံထိပ်သီးအစည်းအဝေး ဘာတွေထူးခြားလာနိုင်မလဲ

နေပြည်တော် ၊ အောက်တိုဘာ ၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တက်ရောက်မယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအ ဝေးမှာ မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခွင့်မရှိတဲ့အပေါ် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထူးခြားတဲ့ အပြောင်းအလဲဖြစ်လာမလားဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။ အောက်တိုဘာ ၂၆ ကနေ ၂၈ ရက်နေ့အထိ ကွာလာလမ်ပူမြို့မှာ ကျင်းပသွားမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ တက်ရောက်မှာ…