တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံရ

တနင်္သာရီ၊ အောက်တိုဘာ ၂၅

နှစ်ဖက်စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ကျန် ၄ ဦးဟာ လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရတာပါ။

စစ်ကော်မရှင်လက်ချက်ကြောင့် သေဆုံးသူ ၆ ဦးထဲမှာ နှစ်ဦးဟာ ဝေဒီ၊ ကြက်ယက်တွင်း၊ သပြေရှောင်၊ ကျောက်ပုံစတဲ့ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ်သုံးဦးဟာ ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စုကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီးနောက် နေအိမ်တစ်လုံးနောက်မှာ တစ်ဝက်တပျက် မြေမြှုပ်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရသူ ၄ ဦးထဲမှာ သုံးဦးဟာ နှစ်ဖက်တိုက်ပွဲအ တွင်း ကျည်ထိမှန်သေဆုံးခဲ့တာ ဖြစ်ပြီး နောက်ထပ်တစ်ဦးမှာ ဘယ်အဖွဲ့က ထောင်ထားမှန်းမသိတဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကလည်း တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြောင့် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.