September 16, 2025

TikTok ပိုင်ဆိုင်မှု လွှဲပြောင်းပေးရေး အမေရိကန်နဲ့တရုတ် သဘောတူညီမှု ရရှိ

မက်ဒရစ်၊ ဝါရှင်တန်၊ စက်တင်ဘာ ၁၆ ဗီဒီယိုအတိုလေးတွေ ဝေမျှနိုင်တဲ့ TikTok အက်ပလီကေးရှင်းကို အမေရိကန် ပိုင်ဆိုင်မှုအောက်သို့ လွှဲပြောင်းပေးရေး မူဘောင်ဆိုင်ရာ သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း အမေရိကန်နဲ့တရုတ် အရာရှိတွေက စက်တင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။ အဲဒီ သဘောတူညီမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ စက်တင်ဘာ ၁၉ ရက်…

ရေးမြို့နယ်က စစ်တပ်ဂိတ်စခန်းနဲ့ ကင်းပုန်းအဖွဲ့တိုက်ခိုက်ခံရ

ရေး၊ စက်တင်ဘာ ၁၅ မွန်ပြည်နယ် ရေးမြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ ကွမ်ကျိုက်ဂိတ်စခန်းနဲ့ နှစ်ကရင်ရွာလမ်းဆုံမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်လောက်က နှစ်ကရင်ရွာလမ်းဆုံအနီးရှိ ရထားလမ်းဘေးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့…

ကော့သောင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံး

ကော့သောင်း၊ စက်တင်ဘာ ၁၆ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ငယ်နဲ့အလိဝမ်းကျေးရွာအနီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ခမောက်ကြီးမြို့နယ် ခမောက်ငယ် (ယုဇနဆီအုန်းပျိုးခင်း)မှာ ရောက်ရှိတပ်စွဲနေတဲ့ စစ်တပ်အင်အား ၁၀၀ အနက်က ထုတ်နှုတ်အင်အား ၃၀ ကျော်ဟာ ခမောက်ငယ်ကျေးရွာဘက်ကို ရေလမ်းကနေ…

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ကူညီပေးဖို့ NLD တောင်းဆို

မော်လမြိုင်၊ စက်တင်ဘာ ၁၆ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တောင်းဆိုလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဦးစီးကျင်းပတဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ NLD ပါတီ ဗဟိုအလုပ်ကော်မတီက…

စစ်အာဏာသိမ်း (၁၆၈၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၅၇) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၆ AAPP ရဲ့ စက်တင်ဘာ၁၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၈၈) ရက်အတွင်း ပြည်သူ (၇၂၅၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၇၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၇၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်ရှုံးနယ်မြေတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ဝန်ခံ

နေပြည်တော် ၊ စက်တင်ဘာ ၁၆ လာမယ့် ဒီဇင်ဘာမှာ စတင်ကျင်းပမယ့် စစ်ကော်မရှင်ရဲ့ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ်ရဲ့ မဲဆန္ဒနယ် ၁၂၁ နယ်မှာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က စက်တင်ဘာ ၁၄ ရက်နေ့မှာ ကြေညာပါတယ်။ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး ပြည်နယ်တွေဖြစ်တဲ့…

ထားဝယ် ပကာရီတိုက်ပွဲကြောင့် ဒေသခံ ၃၅၀၀ ကျော် စစ်ရှောင်နေရ

ထားဝယ်၊ စက်တင်ဘာ ၁၆ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ပကာရီကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ၃၅၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီအချိန်ခန့်မှာ ပကာရီကျေးရွာရှိ ပကာရီရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။…

ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် နိုင်ငံရေးအင်အားစုတွေကို NUG ယာယီသမ္မတ ဝေဖန်

မော်လမြိုင်၊ စက်တင်ဘာ ၁၆ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအပေါ် မျှော်ကိုးနေတဲ့ ပြည်တွင်းအင်အားစုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝေဖန်လိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကျင်းပတဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်မိန့်ခွန်းပြောကြားစဉ် ယာယီသမ္မတက ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းအင်အားစုတချို့ဟာ အတုအယောင်ရွေးကောက်ပွဲ မှန်းသိပေမယ့်…

ရေးမှာ အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာတာဝန်ခံတို့ ပစ်သတ်ခံရ

ရေး၊ စက်တင်ဘာ ၁၆ မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဓမင်းဆိပ်ကျေးရွာ တာဝန်ခံတို့ နှစ်ဦး တစ်ရက်တည်း ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ အံဒင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေအနဲ့ ဓမင်းဆိပ်ကျေးရွာတာဝန်ခံ ဦးသောင်းစိန်တို့ကို လက်နက်ကိုင်အဖွဲ့တစ်ခုက နေအိမ်တွေမှာ ဝင်ရောက်ပစ်ခတ်သွားတာပါ။ သေနတ်နဲ့အနီးကပ် ပစ်ခတ်ခံရတာကြောင့်…