ရေး၊ စက်တင်ဘာ ၁၆

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဓမင်းဆိပ်ကျေးရွာ တာဝန်ခံတို့ နှစ်ဦး တစ်ရက်တည်း ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ အံဒင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေအနဲ့ ဓမင်းဆိပ်ကျေးရွာတာဝန်ခံ ဦးသောင်းစိန်တို့ကို လက်နက်ကိုင်အဖွဲ့တစ်ခုက နေအိမ်တွေမှာ ဝင်ရောက်ပစ်ခတ်သွားတာပါ။

သေနတ်နဲ့အနီးကပ် ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာတာဝန်ခံတို့ဟာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ထိမှန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုပြီးနောက် စစ်ကော်မရှင်တပ်က အံဒင်ဒေသမှာ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ကျေးရွာချင်းဆက် လမ်းပိုင်းတချို့ကိုလည်း ယာယီပိတ်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာတာဝန်ခံတို့ နှစ်ဦး ပစ်သတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တော် လှန်ရေးတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ကလည်း ရေးမြို့နယ် လေးအိမ်စုကျေးရွာ တာဝန်ခံ ဦးကျော်ထူးဟာ သေ နတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.