စခန်းတွေသိမ်းပိုက်ခံနေရတဲ့အပေါ် ရဲတပ်ဖွဲ့ကို စစ်ခေါင်းဆောင်အပြစ်ပုံချ
နေပြည်တော်၊ နိုဝင်ဘာ ၁၁ ရှမ်းမြောက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ရဲကင်းတွေ၊ ရဲစခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံနေရတဲ့အပေါ် ရဲတပ်ဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြစ်ပုံချပြီး ပြောဆိုလာပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကြောင့် အရေးပေါ်သက်တမ်းကုန်ဆုံးမှသာ ခေါ်ယူလေ့ရှိတဲ့ ကာလုံအစည်းအဝေးကို နိုဝင်ဘာ ၈ ရက်နေ့က ခေါ်ယူခဲ့ပြီး စစ်ခေါင်းဆောင်က မူးယစ်ဆေးဝါးနှိပ်နင်းရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ စွမ်းရည်မြှင့်တင်ဖို့ ပြောဆိုခဲ့တာပါ။ ရှမ်းမြောက်မှာ…
