ရန်ကုန် – နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်တရားရုံးဗုံးခွဲခံရပြီးနောက် ပြည်သူတွေကို ဖမ်းဆီးကာ လမ်းပေါ်ဒူးထောက်ခိုင်းထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာ တရားရုံးဗုံးခွဲခံရပြီးနောက် စစ်ကောင်စီဘက်က ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

“ပထမဗုံးတလုံးပေါက်ပြီး နောက် ၁၅ မိနစ်လောက်ကြာတော့ ဗုံးတလုံးထပ်ပေါက်တာပါ။ အဲဒီလိုပေါက်ပြီးတော့ နွယ်သာကီ ၁ လမ်းထိပ်အထိ ပိတ်ပြီးတော့ တွေ့တဲ့သူအကုန်ဖမ်းပြီး လမ်းပေါ်ဒူးထောက်ခိုင်းထားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ မြောက်ဥက္ကလာထဲမှာ ပိတ်ဆို့တာတွေလုပ်ထားပြီး စစ်ကောင်စီတပ်သားတွေ အော်ဟစ်ဆဲဆိုတာတွေ လုပ်နေတယ်လို့ သူက ပြောပါသေးတယ်။ဗုံးခွဲတိုက်ခိုက်ခံလိုက်ရတဲ့ မြောက်ဥက္ကလာပ မြို့နယ်တရားရုံးမှာ စစ်ကောင်စီတပ်တွေ တပ်စွဲ ထားတာတော့ မရှိဘူးလို့ သိရပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ ဗုံးခွဲခံရပြီးနောက်ပိုင်း ပြည်သူဘယ်လောက်ဖမ်းဆီးခံခဲ့ရတယ်ဆိုတာ တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြောက်ဥက္ကလာပမြို့နယ်တရားရုံဟာ ဗုံးခွဲတိုက်ခိုက်ခံရတာ နဲ့ မီးရှို့ဖျက်ဆီးခံထားရတာပါ။

သံလွင်တိုင်းမ်က သတင်းရေးနေချိန်မှာပဲ လက်ရှိ ည ၁၀ နာရီ ၂၅ မိနစ်မှာ မြောက်ဥက္ကလာပ မြို့နယ်အတွင်းဗုံးတလုံးထပ်မံပေါက် ကွဲခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

ပုံစာ – မြောက်ဥက္ကလာပမြို့နယ်တရားရုံး ဗုံးဖောက်ခွဲခံရပြီး စစ်ဆေးနေပုံ(ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.