လူငယ့်ရှုထောင့်

0
18521

တက္ကသိုလ်ကျောင်းသာအများစုဟာ ပညာရေးနယ်ပယ်ထက် အခြားအရာတွေကိုစိတ်ဝင်စားပြီး အချိန် ဖြုန်းနေကြသည်ကို တွေ့ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာပင်။

တက္ကသိုလ်ကျောင်းသားဘဝမှာ ဘယ်လိုနေထိုင် လေ့လာသင်ယူရမလဲဆိုတာနဲ့ ပတ်သက်ပြီး မော်လမြိုင်တက္ကသိုလ်မြန်မာစာဌာနတွင် ပညာသင်ကြားပေးလျက် ရှိသော ကျူတာဆရာမ ဒေါ်မျိုးသန္တာဦးနဲ့ သံလွင်တိုင်းမ်တို့တွေ့ဆုံဖြစ်ခဲ့ပုံလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

မေး – ဆရာမအနေနဲ့ အလုပ်တွေအများကြီးထဲမှ ဒီကျူတာအလုပ်ကို ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တာလဲ။
ဖြေ – တက္ကသိုလ်ကျောင်းတက်နေတဲ့အချိန်မှာ ကိုယ်တွေကိုစာလာသင်ပေးတဲ့ ကျူတာဆရာမတွေကို အားကျ မိတယ်။ ယူနီဖောင်းလှလှလေးနဲ့စမတ်ကျကျနဲ့ ထက်ထက်မြက်မြက်ဖြစ်ချင်ခဲ့တယ်။ ဆရာမတို့အတန်းမှာ စာ လာသင်ပေးတဲ့ မြန်မာစာဆရာမတစ်ယောက်ရှိတယ်။ သူကကျောင်းသာတွေကို စာကြိုးစာဖို့ အတန်းမှန်မှန် တက်ဖို့ အသံချိုချိုလေးနဲ့အမြဲတိုက်တွန်းတယ်။ သူ့ကိုအားကျပြီးဆရာမဖြစ်ချင်လို့ ဒီကျူတာအလုပ်ကို ရွေးခဲ့ တာပါ။

မေး – ကျူတာဆရာမ အနေနဲ့လုပ်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ဘယ်လိုအခက်အခဲလေးတွေ ကြုံရလဲ။
ဖြေ – စသင်တုန်းကဆိုရင် စိတ်ပူတယ်။ ငါသင်တာကိုကလေးတွေနားလည်ပါ့မလား။ သူတို့ရောဖြေနိုင်ပါ့ မလားပေါ့။ ဆရာမက နယ်ကလာတာဆိုတော့ ဗဟုသုတရဖို့အတွက် စာဖတ်ရမှာဆိုတော့ ဒီမှာကစာအုပ်တွေ သိပ်မရှိဘူးလေ။ ဒီကိုရောက်မှ အပတ်တကုတ်ကြိုးစားပြီး လေ့လာရတယ်။ စာအုပ်စာတန်းတွေကိုတော့ စာ ကြည့်တိုက်တွေမှာ ခက်ခက်ခဲခဲပြန်ရှာရတယ်။ အဲ့လိုအခက်အခဲလေးတွေတော့ရှိတယ်။

မေး – အခုလက်ရှိတက္ကသိုလ်မှာကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ ကျူတာဆရာမ ဖြစ် ချင်တဲ့သူတွေကို ဘယ်လိုကြိုးစားရမလဲဆိုတာကို ပြောပြပေးပါဦး။
ဖြေ – အဓိက ကတော့ရိုးရိုးသားသားနဲ့ စာကိုပုံမှန်ကြိုးစားရမယ်။ အတန်းမှန်မှန်တက်ရမယ်။ ပြင်ပဗဟုသုတ တွေဖြစ်တဲ့ စာအုပ်စာတမ်းတွေကိုလည်း ရှာဖွေဖတ်ရမယ်လို့ ပြောချင်ပါတယ်။
image1
မေး – အခုလက်ရှိ မော်လမြိုင်တက္ကသိုလ်ရဲ့သင်ကြားရေးစနစ်ပိုင်းကို ဆရာမအမြင်လေး သုံးသပ်ပေးပါဦး။
ဖြေ – ကောင်းပါတယ်။ ဆရာမတွေလည်းသေချာဂရုတစိုက်သင်ကြားပေးတယ်။ အဖက်ဖက်ကလည်း ကူညီ ပံံ့ပိုးပေးနေတယ်။ ဒါပေမယ့် ကလေးတွေကမလိုက်လာကြဘူး။ စာတွေမှာစိတ်မဝင်စားဘူး။ အတန်းလဲပျက်ကြ တယ်။

မေး – ခေတ်လူငယ်တွေဟာ ပညာရေးကိုဂရုမစိုက်ဘဲ အပျော်အပါးတွေမှာ အချိန်ဖြုန်းနေကြတာတွေ့ရတဲ့ အတွက် ဆရာမရဲ့အမြင်လေးကို ပြောပြပေးပါဦး။
ဖြေ – အဓိက ကတော့ကလေးတွေက ဖုန်းတွေလှုမှုကွန်ယက်တွေမှာ အာရုံထားပြီးပျော်နေကြတယ်။ စာသင် ခန်းထဲမှာဆိုလည်း ဖုန်းတွေပွတ်နေတယ်။ နားကြပ်တွေနဲ့လည်း သီချင်းနားထောင်နေကြတယ်။ ဆရာမဝင် လာတာကိုတောင် သတိမထားမိကြဘူး။ စာသင်တဲ့အခါမှာဆိုရင် စိတ်ဝင်စားမှုမရှိကြတော့ဘူး ပြန်ပြီးတော့ လေ့လာတာတွေလည်း မလုပ်တော့ဘူး။ လူမှုကွန်ယက်မှာပဲ အချိန်ကုန်နေတယ်။

မေး – တက္တသိုလ်ဝင်တန်းစာမေးပွဲကို မတ်လထဲမှာဖြေဆိုကြရတော့မယ့် ကျောင်းသူကျောင်းသားတွေကို ဘယ်လိုအကြံဉာဏ်တွေ ပေးချင်လဲ။
ဖြေ – စာကြိုးစာကြပါလို့။ ဆရာဆရာမတွေပေးတဲ့စာကိုလည်း အပတ်တကုတ်ကြိုးစားသင်ယူပါလို့။ အချိန် ရှိတဲ့အခိုက်မှာ ဇွဲလုံ့လရှိရှိနဲ့ ကြိုးစားပါလို့ ကျန်းမားရေးကို ဂရုစိုက်ကြပါ။ စာတွေကိုလည်း ဖြေးဖြေးမှန်မှန်နဲ့ ကျက်သွားပါလို့ပြောချင်ပါတယ်။

မေး – ဆရာမအနေနဲ့ ခေတ်လူငယ်လေးတွေကို သီးခြားထပ်ပြောချင်တာရော ရှိမလား။
ဖြေ – ကလေးတွေအားလုံးကို ရိုးရိုးသားသားနဲ့ စာကြိုးစားစေချင်တယ်။ အတန်းတွေကိုလည်းတနှစ်တစ်တန်း မှန်မှန်အောင်အောင် ဖြေဆိုကြပါ။ ဘယ်ပညာမဆို တစ်ဖက်ကမ်းခပ်ရောက်အောင် ကြိုးစားကြပါလို့ ပြောချင်ပါ တယ်။

စာဖတ်ပရိတ်များခင်ဗျား။ ကျူတာဆရာမတစ်ဦးအနေနဲ့ ခေတ်လူငယ်တွေအပေါ်မှာ ဘယ်လိုမြင်လဲ ဘယ်လိုသဘောထားလဲဆိုတာကို ဖတ်ရှုလိုက်ရတဲ့အတွက် ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်အပတ်မှာလည်း ဘယ်လိုလူငယ်လေးတွေက သူတို့ဘဝအတွက် ဘယ်လိုရုန်းကန်နေရလဲ ဆိုတာကို တင်ဆက်ပေးသွားမှာ ဖြစ်တဲ့အတွက် ဆက်လက်စောင့်မျှော်ဖတ်ရှုကြပါအုံး ခင်ဗျား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.