လူငယ့်ရှုထောင့်

0
17600

ခေတ်လူငယ်တွေရဲ့ရေစီးကြောင်းပေါ်မှာ သဘာဝကျကျအက်ရှင်ဇတ်လမ်းတွေကို ရိုက်ကူးနေတဲ့ သရုပ်ဆောင်ယုန်လေးက မြင့်မြတ်နဲ့ ထွန်းထွန်းတို့ကို အကယ်ဒမီရစေချင်တယ်လို့ ဆိုပါတယ်။ ကိုယုန်လေးနဲ့ သံလွင်တိုင်းမ်တို့တွေ့ဆုံခဲ့ပုံကို တင်ဆက်ပေးလိုက်ပါတယ်။

မေး – ကိုယုန်လေးရဲ့ အခုလတ်တလောအနုပညာလှုပ်ရှားမှုကို ပြောပြပေးပါဦး။
ဖြေ – အခုတလောမှာ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ရုပ်ရှင်ဇာတ်ကားကိုရုံတင်ဖို့ လုပ်နေပါတယ်။ အော်ရီဂျင်နယ် ဂိုဏ်းစတား ၂ ကိုမြင့်မြတ်နဲ့ ရိုက်ထားပါတယ်။

မေး – အကိုတို့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်နေတာတွေ့ရတယ်။ ဘယ်လိုဇာတ်လမ်းမျိုးတွေကို ရိုက်ကူး ဖြစ်လဲအကို။
ဖြေ – ကျွန်တော်တို့ အက်ရှင်ကားတွေပဲရိုက်ဖြစ်ပါတယ်။

မေး – အက်ရှင်ဇာတ်ကားတွေရိုက်တဲ့အခါမှာရော အနုပညာဖန်တီးမှုအပိုင်းကို ဘယ်လောက်ထိအားရကျေနပ် မှုရှိလဲ အကို။
ဖြေ – ကျွန်တော်တို့လုပ်တာအားလုံးကို အားရပါတယ်။ ကျွန်တော်အားရတဲ့အပိုင်းတွေကိုပဲ ဖန်တီးဖြစ်တာပါ။

မေး – ဇာတ်ကားတွေ ရိုက်တဲ့အခါမှာ အကိုတို့ အကောင်းဆုံးကြိုးစားပေမယ့် စိတ်တိုင်းမကျတဲ့အရာတွေရှိရင် ပြောပြပေးပါဦး။
ဖြေ – တစ်ခါတစ်လေတော့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက ဆက်တင်တွေမရှိဘူး။ စတူရီယိုတွေမရှိဘူး။ ဘက်ဂျက်တွေကလည်းနည်းတယ်။ ကိုယ့်အားကိုယ်ကိုးပြီး အကောင်းဆုံးရိုက်တဲ့အတွက် အရေအတွက် ကတော့နည်းလိမ့်မယ်။ အရေအတွက်နည်းပေမဲ့ ထိထိမိမိဖြစ်လိမ့်မယ်။ အဲ့လိုမျိုးပဲ ကားတိုက်တဲ့ ဇာတ်ဝင်ခန်း တွေရိုက်မယ်ဆိုရင် ဘေးနားကလူတွေဝိုင်းအုံးကြည့်နေတာ ရှိနေတတ်တယ်။ ကားလမ်းပိတ်တာတွေလည်း ကြုံရတတ်တယ်။ မြို့လယ်ခေါင်မှာရိုက်ရတဲ့အတွက် အဲ့လိုအခက်အခဲတွေကို ကျွန်တော်တို့ဘယ်လိုမှ ဖြေရှင်း လို့မရဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံးကြိုးစားပြီး အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။
လူငယ့်ရှုထောင့်
မေး – အကိုတို့ဇာတ်လမ်းတွေက အခုခေတ်လူငယ်တွေကြားမှာရေပန်းစားနေပြီး သူတို့ရဲ့ဘဝတွေနဲ့လည်း တစ်ထပ်တည်းကျတယ်ပေါ့။ အဲ့လိုဖြစ်အောင် အကိုတို့ဘယ်လိုကြိုးစားရိုက်ကူးခဲ့ရလဲအကို။
ဖြေ – ကျွန်တော်တို့စိတ်ထဲရှိတဲ့ဟာ တကယ်ဖြစ်ပျက်နေတာကိုပဲရိုက်တာပါ။ အပြင်ကဘဝတွေကိုပဲ ဇာတ်လမ်း အဖြစ်ရိုက်တာပါ။ စိတ်ကူးယဉ်ဆန်ဆန် တက္ကသိုလ်ကျောင်းမှာတက်မယ်။ ကျွန်တော့်ဘေးမှာ ကောင်မလေး သုံးဦးရှိမယ်။ လူရွှင်တော်တွေရှိမယ်။ နောက်ဆုံးမှာညားမယ်ဆိုတဲ့ အဲ့လိုကားမျိုးတွေကို ကျွန်တော်မရိုက်ဘူး။

မြန်မာနိုင်ငံမှာက အဲ့လိုအလွယ်လုပ်တဲ့အတွက် ဒီလိုမျိုးပေါက်ကရဇာတ်ကားတွေ ဖြစ်လာတာလို့ ထင်ပါတယ်။
မေး – အကိုတို့ အော်ရင်ဂျယ်နယ် ဂိုဏ်းစတား ၂ ရိုက်နေတယ်လို့ သိရတယ်။ အဲ့ဒီဇာတ်ကားရိုက်တဲ့အခါမှာ ရော ဘယ်လိုအမှတ်တရတွေ ရှိလဲအကို။

ဖြေ – ကျွန်တော်ရယ် မြင့်မြတ်ရယ်။ ဂျက်စီးဖို့ပင်လယ်ထဲသွားမယ်။ ဒါပေမဲ့ဂျက်စီးဖို့မရရင် ဝယ်ရမယ်။ ကျွန်တော်တို့က မရ ရအောင်လုပ်မယ်ဆိုပြီး နောက်ဆုံးကျတော့ မော်တော်ဘုတ်နဲ့ ရှေ့ကပြေးမယ်။ ကျွန်တော်တို့က ဂျက်စီးပြီး နောက်ကလိုက်မယ်ဆိုတဲ့ ဇာတ်ဝင်ခန်းကိုရေးတယ်။ အဲဒါတွေကိုကြောက်လို့ ပရိုဂျူဆာ သုံးဦးလောက်ပြောင်းသွားပါတယ်။ အကုန်အကျများတာရော။ အသက်အန္တရာယ်များတာရော ဖြစ်နိုင်ပါ့မလားဆိုပြီးတော့ ဒါပေမဲ့ကျွန်တော်တို့ ရအောင်လုပ်ထားပါတယ်။ ဇာတ်ကားရိုက်တဲ့အခါမှာ ရန်ကုန် မြစ်ထဲမှာ အသက်ကယ်အင်္ကျ ီတွေ မဝတ်ပဲအသက်စွန့် ရိုက်ခဲ့ရပါတယ်။ ကွန်တိန်နာသဘောၤကြီးတွေ ဖြတ် သွားရင် ကျွန်တော်တို့မော်တော်ဘုတ်လေးက အချိန်မရွေး မှောက်သွားနိုင်တယ်။ အဲဒါတွေကို မကြောက်မရွံ့ ရိုက်ခဲ့ရပါတယ်။
မေး – မတ်လထဲမှာ ကျင်းပမယ့်အကယ်ဒမီပေးပွဲကို တက်ဖို့အစီအစဉ်ရှိလား အကို။

ဖြေ – တက်ဖြစ်မယ်ထင်ပါတယ်။ အကယ်ဒမီကိုတာ့ ကျွန်တော့်သူငယ်ချင်းတွေဖြစ်တဲ့ မြင့်မြတ်နဲ့ထွန်းထွန်းကို ရစေချင်ပါတယ်။ သူတို့ကို အားသွားပေးပါမယ်။
မေး ။ ။အကို့အနေနဲ့ ဇာတ်ကားတွေချည်းပဲ ရိုက်ဖြစ်နေတာဆိုတော့ သီချင်းဆိုဖို့ရော အစီအစဉ်ရှိလား အကို။

ဖြေ – ရှိပါတယ်။ အခုကျွန်တော်တို့ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ်လုပ်နေပါတယ်။ မကြာခင် အွန်လိုင်း ပေါ်မှာ ဖြန့်ဝေပေးပါမယ်။
မေး – အကို့ကို အားပေးနေတဲ့ပရိသတ်ကြီးအတွက် စကားလက်ဆောင်ပါးပေးပါဦးအကို။

ဖြေ – ကျွန်တော်ရဲ့ ဇာတ်ကားတွေကို မရိုးသွားအောင် အမြဲတမ်းအသစ်တွေ ဖန်တီးသွားပါမယ်လို့ ပြောချင်ပါ တယ်။
သံလွင်တိုင်းမ် ပရိသတ်များခင်ဗျား။ သရုပ်ဆောင်ယုန်လေးကတော့ မြင့်မြတ်နဲ့ထွန်းထွန်းကို အကယ်ဒမီရစေ ချင်တယ်လို့ ဆိုပါတယ်။ မတ်လ(၃)ရက်နေ့မှာ ကျင်းပတော့မယ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ တစ်ကြိုပြေး ပြီး ရေပန်စားနေတဲ့အနုပညာရှင်တွေလည်း ပေါ်ထွက်နေပါပြီ။ နောက်အပတ်မှာလည်း ဘယ်လိုအနုပညာရှင် တွေရဲ့ ရင်ခုန်သံတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရှုကြပါဦး ခင်ဗျား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.