ပွဲတော်တွေက လောင်းကစားပွဲ ဘယ်လိုအရေးယူမလဲ

0
21389
အစိုးရသစ်လက်ထက် လောင်းကစားမှုတွေကို အရေးယူသွားမယ်ဆိုပြီး အစိုးရသစ်၏ ပြောဆိုမှုမှာ လူထုကြားထဲ အတော်လေးစိတ်ဝင်စားခဲ့ကြသည်။ သို့သော် လောင်းကစားမှုတွေ လျော့ပါးခဲ့သလား။ ပိုမိုများပြားခဲ့သလားဆိုသည်မှာလည်း ပြည်သူတွေ ကြားမှာ အသံဆူညံနေသည်။ အထူးသဖြင့် ပွဲလမ်းသဘင် <!--more-->

များတွင် လောင်းကစားမှုများပြားနေခြင်းကိစ္စမှာလည်း ပြည်သူကြားထဲ ဝေဖန်မှုမြင့်တက်နေသည်။ ထိုသို့သော အထွေထွေကိစ္စရပ်များနှင့်ပတ်သက်ပြီး နယ်ပယ်အသီးသီးမှ ပြည်သူများ၏ အသံကို ဖော်ပြလိုက်ပါသည်။

ဦးမင်းစိုး
မုဒုံမြို့

ပွဲလမ်းသဘင်၊ ဘုရားပွဲတော်၊ ဘာသာရေးပွဲတော်များ ကျင်းပပြုလုပ်တဲ့နေရာမှာ ရန်ပုံငွေလိုအပ်ချက်အနည်းနဲ့အများတော့ရှိမှာပါပဲ။ ရန်ပုံငွေလိုအပ်မှာဖြစ်ပေမယ့် လောင်းကစားဝိုင်းကျင်းပပြီးမှ ရန်ပုံငွေရှာဖွေမယ်ဆိုရင်တော့ ဘုရားပွဲတော်၊ ဘာသာရေးပွဲတော်အတွက် မလိုလားအပ်တဲ့ အညှီအဟောက်စွန်းထင်းမှုတွေရှိမှာ ပဲ။ ဘယ်လိုဘုရားပွဲတော် ဘာသာရေးပွဲတော်မဆို အညှီအဟောက်ကင်းလေ၊ ကောင်းလေပါဘဲ။

မဖြူနှင်းဦး
သံဖြူဇရပ်

ပျော်ပွဲရွှင်ပွဲနှင့် ပွဲလမ်းသဘင်ဘုရားပွဲတွေမှာ ရန်ပုံငွေ လိုအပ်ချက်နဲ့ကစားဝိုင်းတွေ လုပ်ပြီး ရန်ပုံငွေ ရှာကြတယ်။ ဘာသာရေးအနေနဲ့ပြောရမယ်ဆိုရင် ဘာဆိုင်လို့လဲ။ ဒီလိုကစားဝိုင်းရန်ပုံငွေတွေရမှ ပွဲတော် ကျင်းပရမယ်ဆိုရင် ဘာပွဲတော်မှမလုပ်တာအကောင်းဆုံးပဲ။ အကျင့်စာရိတ္တတွေ ပျက်ပြားပြီး ခိုးဆိုးလုယက်မှု တွေပဲ ကြီးထွားမှာ။ ဘယ်သူတွေကခွင့်ပြုတာလဲ ဘယ်သူ့မှာတာဝန်အရှိဆုံးလဲ။ ဘယ်ပွဲလမ်းသဘင်မျိုးမှ ကစားဝိုင်းထည့်တာမကောင်းဘူး။ ရှုံးလည်းမကောင်းဘူး နိင်လည်းမကောင်းဘူး။ ကောင်းတာတစ်ခုမှ မရှိတဲ့ ဟာတွေကို မကောင်းဘူးဆိုတဲ့ အသိနဲ့ မလုပ်တာအကောင်းဆုံးပဲ။
%e1%80%80%e1%80%af%e1%80%ad%e1%80%b1%e1%80%87-%e1%80%9e%e1%80%b6%e1%80%bb%e1%80%96%e1%80%b4%e1%80%87%e1%80%9b%e1%80%95%e1%80%b9
ကိုဇေ
သံဖြူဇရပ်

ပွဲတော်တွေကနေ လောင်းကစားဝိုင်း ဘယ်လိုအရေးယူရမလဲဆိုတဲ့ မေးခွန်းပိုဖြေရရင် ဘယ်သူက တာဝန်ခံလဲ။ ဘယ်သူကခွင့်ပြုတာလဲ ကစားတဲ့သူတွေဖမ်းပြီး အရေးယူမယ်ဆိုအများကြီး ဖြစ်နေတော့ ရှုပ်နေ မယ်။ တာဝန်ခံနဲ့ ခွင့်ပြုသူနှစ်ယောက်ကို ဖမ်းပြီးအရေးယူမယ်ဆို ကိစ္စကပြတ်ပြီ။ အဓိကကျတာဒီနှစ်ယောက်ပဲ ဒီနှစ်ယောက်မရှိရင် ကစားဝိုင်းဆိုတာဖြစ်လာမှာမဟုတ်ဘူး။ ပွဲလမ်းသဘင်ကို အကြောင်းပြပြီး ဝိုင်းထောင် ဘုရားပွဲကို အကြောင်းပြပြီးကစားဝိုင်းဖွင့်နဲ့ နောက်ဆုံးသူတို့တွေပဲအဆင်ပြေနေကြတာ။ ဘယ်သူမှ အရေးယူ ဆောင်ရွက်မှုတွေမလုပ်ကြပါဘူး။ ဖြစ်လာမှဟိုလူ့ကိုအပြစ်တင် ဒီလူ့ကိုအပြစ်တင်နဲ့ လုပ်ကြမှာ အရေးယူမှုတွေ မလုပ်ရဲတာလား။ မလုပ်ရက်တာလားတော့မသိပါဘူး။ အမြဲတမ်းဒါတွေကို သိနေကြမြင်နေကြတွေ့နေကြဖြစ်နေ တော့လဲ မဆန်းသလိုဘဲဖြစ်နေတာပေါ့။

ဦးမြင့်ဦး
ရေးမြို့

ဘယ်လိုအရေးယူမလဲဆိုတဲ့မေးခွန်းကို သာမာန်ပြည်သူတစ်ယောက်အနေနဲ့ဖြေရင် အလကား ပဲဖြစ်မှာပါ။ အမှန်ဖြေရမှာကထွေအုပ်၊ ပြည်သူ့ရဲ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဖြစ်ရပါမယ်။ ပြောစရာ တွေ အများကြီးရှိပေမယ့် သူတို့ဖြေတာ ပိုကောင်းပါလိမ့်မယ်။

ဦးမျိုးအောင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊
ကျောင်းရွာကျေးရွာအုပ်စု၊ ရေးမြို့

လောင်းကစားဥပဒေနဲ့အညီ အရေးယူရမှာပေါ့။ ဒါကလည်း ပြောရခက်တဲ့အနေအထားတွေရှိ တယ်၊ အစဉ်အလာရဖြစ်နေတာတွေလဲရှိတယ်၊ အဓိကအနေနဲ့ အဲ့လိုလောင်းကစားဝိုင်းတွေရှိလာရင်
ခိုးမှုတွေ၊ ဒုစရိုက်မှုတွေဖြစ်လာစေနိုင်တယ်၊ စီးပွားရေး၊ လူမှုရေးစတာတွေ ယိုယွင်းပျက်စီးလာစေနိုင် လို့ တာဝန်ရှိသူတွေ ဂရုပြုဆောင်ရွက်စေချင်တာပါပဲ။

ဒုရဲမှုး ဝင်းထိန်၊ စခန်းမှုး
ပေါင်မြို့မရဲစခန်း၊ ပေါင်မြို့

ကျွန်တော့်စခန်းအပိုင်နယ်မြေထဲမှာတော့ ဘုရားပွဲတွေမှာ ကစားဝိုင်းပေးလုပ်ထားတာမရှိပါ ဘူး။ ပေါင်စခန်းအနေနဲ့နာရေးအိမ်မှာ ဖဲကစားလို့ဆိုပြီး ဖုန်းနဲ့လှမ်းတိုင်လို့ ဖမ်းဆီးအရေးယူထားရတဲ့ သာဓကတွေရှိပါတယ်။ အဲ့လောက်အထိဖြစ်နေတာပါ။ ပွဲလုံခြုံရေး ယူပေးရတဲ့ ရဲတွေက ကစားဝိုင်းတွေ့ရင်ဖမ်းမှာပါပဲ။ ကျွန်တော်ကလည်း ညွှန်ကြားထားပြီးသားပါ။ ရဲကလက်လှမ်းမမီလို့ ပြည်သူက အမြင်ရှိလို့သတင်းပေးရင်လည်း ချက်ချင်းဖမ်းသွားမှာဖြစ်ပါတယ်။

ဦးထွန်းငြိမ်း၊
သဲကုန်းကျေးရွာ၊ ပေါင်မြို့နယ်

ရွာမှာကတော့မရှိခဲ့တာ ကြာပြီ။ ကစားဝိုင်းလာလုပ်ရင် ရွာကလူတွေစီးပွားရေးပျက်မယ်အကျင့်စာရိတ္တ ပျက်ကြမယ်။ ငွေဆုံးရှုံးမှုကြောင့် လင်မယားတွေကွဲကြပြဲကြမယ်။ ပတ်ဝန်းကျင်ကရွာတွေကိစ္စကိုတော့ဘာမှမပြောချင်ဘူး။ ပွဲပါမစ်ပေးထဲကလည်းခွင့်မပြုသင့်ဘူး။ ကစားသမားတွေကလည်းသိကြတယ်။ ဘယ်ရွာမှာတော့ လုပ်လို့ရတယ်ဘယ်ရွာမှာတော့လုပ်လို့မရဘူး။ ဒီရွာမှာလာလုပ်ရင်တော့ အုပ်ချုပ်ရေးမှုးတို့ ရဲတို့ကိုအကြောင်း ကြားပေးလိုက်ပါမယ်

ဦးကိုကိုလတ်
သီရိမြိုင်ရပ်ကွက်၊ မော်လမြိုင်

ပွဲတော်တွေမှာ လောင်းကစားလုပ်တာတွေက လုံးဝမရှိသင့်ဘူး။ အရေးယူမယ်ဆိုရင်တော့ ဌာနဆိုင်ရာ တွေကိုပါ အရေးယူသင့်တယ်။ ဘာလို့လဲဆိုတော့ သူတို့ပါမစ်လုပ်ပေးမှ လောင်းကစားဝိုင်းတွေ လုပ်လို့ရတာ လေ။ ရဲတွေလည်း အလုပ်လုပ်တာနည်းတော့ ဥပဒေစိုးမိုးမှုက အားနည်းနေတယ်လေ။ ပြည်သူဆိုတာ ဥပဒေ စိုးမိုးမှုအောက်မှာနေရမယ့်သူတွေ ညမထွက်နဲ့ကွမ်းမထွေးနဲ့ဆိုရင် ကွမ်းတောင်မဝါးရဘူး။ သဘောပြောပြ တာပါ။ အရင်ပြင်သင့်တာက အစိုးရအနေနဲ့ဥပဒေစိုးမိုးမှုရှိအောင် လုပ်သင့်တယ်။
%e1%80%80%e1%80%af%e1%80%ad%e1%80%b1%e1%80%94%e1%80%99%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%bc%e1%80%94%e1%80%b9%e1%80%b8-%e1%80%b1%e1%80%99%e1%80%ac%e1%80%b9%e1%80%9c%e1%81%bf%e1%80%99%e1%80%ad
ကိုနေမင်းထွန်း
မော်လမြိုင်

လောင်းကစားဝိုင်းတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်။ ဘယ်လိုအရေးယူရမလဲဆိုရင် တော့ အကိုတို့အနေနဲ့ ဥပဒေတွေကိုနားမလည်တော့ မပြောတတ်ဘူးလေ။ ဒါပေမဲ့ လောင်းကစားဝိုင်းဆိုတာ လုံးဝမရှိသင့်ဘူး။ ပွဲတော်တွေမှာလောင်းကစားဝိုင်းတွေရှိတာဟာ သင့်လဲမသင့်တော်ပါဘူး။ ပွဲတော်တွေမှာ လောင်းကစားဝိုင်းတွေဟာ အပျော်အနေနဲ့ရော စီးပွားဖြစ်အနေနဲ့ပါ မရှိသင့်ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.