မွန်ပြည်နယ်ရှိ မြို့နယ်ဆယ်မြို့နယ်လုံးတွင် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်သင့်သလား

0
22614

မွန်ပြည်နယ်အစိုးရက မွန်ပြည်နယ်ရှိ မြို့နယ်ဆယ်မြို့နယ်လုံးတွင် အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက် မည်ဟု တရားဝင်ထုတ်ဖော်ပြောကြားလိုက်သည်။ ယခုလက်ရှိတွင် ရေးမြို့နယ်အဝေးပြေးယာဉ်ရပ်နားစခန်း (ဆောက်လုပ်ဆဲ)၊ သံဖြူဇရပ်အဝေးပြေးယာဉ်ရပ်နားစခန်း(ဖွင့်လှစ်ပြီး)နှင့် မော်လမြိုင်အဝေးပြေးယာဉ်ရ

ပ်နား စခန်း(အသုံးပြုနေ)တို့ရှိပြီးဖြစ်သည်။ မွန်ပြည်နယ်အစိုးရမှ စီစဉ်နေသည့် ဆယ်မြို့နယ်တွင် အဝေးပြေးယာဉ်ရပ် နားစခန်းတည်ဆောက်ရေးကိစ္စ ပြည်နယ်ရှိ ပြည်သူအသီးသီးတို့၏ အသံများကို စုစည်းဖော်ပြလိုက်ပါတယ်။
%e1%80%80%e1%80%af%e1%80%ad%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%b9%e1%80%b1%e1%80%99%e1%80%ac%e1%80%84%e1%80%b9-%e1%80%99%e1%80%af%e1%80%92%e1%80%b6%e1%80%af
ကိုကျော်မောင်
မုဒုံမြို့

အဝေးပြေးယာဉ်ရပ်နားစခန်းက မွန်ပြည်နယ်(၁၀)မြို့နယ်စလုံးမှာတော့ အမှန်တကယ်ဆောက်သင့် တယ်၊ အခုတက်လာတဲ့ဝန်ကြီးချုပ်ကလည်း(၁၀)မြို့နယ်စလုံးမှာ အဝေးပြေးဂိတ်တွေ သူ့လက်ထက်မှာဆောက်သွားမယ်လို့လည်းပြောထားတယ်။ နောက်ပြီး လက်ရှိအသုံးပြုနေတဲ့အဓိက မိန်းလမ်းကိုလည်း နိုင်ငံ တကာလမ်းအဖြစ် အဆင့်မြှင့်တင်ဖို့ကလည်းရှိတော့ ဘယ်လိုဘဲပြောပြောအဝေးပြေးကားကွင်းတွေကတော့ မြို့နယ်တိုင်းမှာရှိသင့်ပြီးလို့ပြောချင်ပါတယ်။ မွန်ပြည်နယ်မှာက အဝေးပြေးကားကွင်းဆိုလို့ မော်လမြိုင်မှာနှစ်ခုရှိတယ်။ သံဖြူဇရပ်ကမကြာခင်တုန်းကပဲ ဖွင့်ခဲ့သလိုရေးမှာတော့ဖွင့်တော့မယ်လို့ကြားနေရတယ်။ ကျန်တဲ့မြို့တွေမှာကမရှိကြဘူးလေ။ ချောင်းဆုံမှာလည်း ဘယ်လိုဘဲပြောပြောတံတားပြီးသွားရင်တော့ ယာဉ်အဝင်အထွက်တွေများလာမှာပဲလေ။ သူ့မြို့အတွက်လည်းလိုအပ်လာမှာပဲ။ မုဒုံမှာက အဝေးပြေးကားကွင်းရှိဖို့လိုအပ်နေသာကြာပြီ။ မြို့တွင်းလမ်းတွေပေါ်မှာ ကားတွေဆိုင်ကယ်တွေ ကုန်တင်၊ကုန်ချကားတွေ Expressကားကြီးတွေဝင်ထွက်သွားလာနေကြတော့ နေ့တိုင်းနီးပါးမြို့တွင်းအဝိုင်းမှာ အဲဒီကားတွေကွေ့တဲ့နေရာမှာ မလွတ်တော့ ယာဉ်အန္တရာယ်ဖြစ်လာမှာကို စိုးရိမ်ရသလို သွားလာသူတွေရပ်တန့်စောင့်ဆိုင်းရတော့ ဘုပြောပြောသူတွေနဲ့ သည်းမခံတတ်တဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့ကြုံဆုံတဲ့အခါ မလွဲပဲ၊ ပြီးတော့ကားကွင်းမရှိတော့ အချို့ယာဉ်တွေ ကန်ကြီးဘုရားဝင်းထဲမှာရပ်ထားနေတာကိုလည်း တွေ့နေရတယ်။ ဒါတွေကလိုအပ်ချက်ကိုပြတာပဲ။

ဦးမောင်ဝင်း၊ ယာဉ်မောင်း
မုဒုံမြို့

မွန်ပြည်နယ်(၁၀)မြို့နယ်စလုံးမှာတော့ အဝေးပြေးယာဉ်ရပ်နားစခန်းမဆောက်သင့်ဘူးလို့ဘဲဖြေရမယ်။ ဘာလို့လဲဆိုရင် လိုအပ်ချက်ရှိတဲ့ မုဒုံလိုနေရာမျိုးမှာတော့လိုအပ်တယ်။ ဒါပေမဲ့တကယ်လုပ်ခဲ့ရင်တော့ထိ ရောက်မှုလေးတော့ရှိစေချင်တယ်။ မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်မှာ နစ်ခု၊ သံဖြူဇရပ်နဲ့ရေးမှာဆိုရင်နှစ်ခါ ပြန်တည်ဆောက်ခဲ့ပြီ။ နီးနီးစပ်စပ်သံဖြူဇရပ်ကိုပဲကြည့်။ အဝေးပြေးကားဝင်းဆိုပေမဲ့လည်းအကျိုးက ခပ်နည်း နည်းပဲ။ ဒါကြောင့်မုဒုံမှာလည်း ဖြစ်ခဲ့၊လုပ်ခဲ့မယ်ဆိုရင် ဒါမျိုးတွေတော့မဖြစ်စေလိုဘူး။ မြို့တွင်းမှာက ကားအဝင်၊ အထွက်တွေများလာတော့ ယာဉ်အန္တရာယ်အတွက်စိုးရိမ်နေရတယ်။ ဒါကြောင့်လည်း ဘဲရမ်းအဝေးပြေးကား ကွင်းဖြစ်လာဖို့ကိုလည်း မျှော်လင့်တယ်။ ဒါမှလည်းကျောင်းသား၊ကျောင်းသူတွေနှင့် လမ်းသွား၊လမ်းလာ၊ ခရီး သွားတွေ အန္တရာယ်ကင်းကင်းသွားလာမှအဆင်ပြေပြီးဖြစ်မယ်။ မြို့တွင်းကားဂိတ်နေရာနှင့် မြို့တွင်းကုန်တင်၊ ကုန်ချမှုတွေရော၊ ရွှေဟသာၤဈေးရှေ့နှင့်ကျွန်းရွာလမ်းမှာရော ယာဉ်ကြောရှပ်ထွေးမှုလျှော့ပါးသွားစေမယ်လို့မျှော်လင့်ပါတယ်။ သို့သော်ပြည်သူကိုတစ်ကယ်အကျိုးပြုဖို့ကအဓိကပါဘဲ။

ဦးထွန်းအောင် ဝယ်ကဝါကျေးရွာအုပ်ချုပ်ရေးမှူး
သံဖြူဇရပ်မြို့

၁၀မြို့နယ်လုံးအဝေးပြေးကားကွင်းတည်ဆောက်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကားတွေဟာ အဝေး ပြေးဝင်းရှိရင် ကားတွေဟာ ရပ်ချင်တဲ့နေရာမှာရပ် တင်ချင်တဲ့နေရာမှာတင် လုပ်လို့မရတော့ဘူး။ ဒါကို တာဝန် ရှိတဲ့လူတွေက အမြဲတမ်းစည်းကမ်းတကျဖြစ်ဖို့ ကြပ်မတ်သင့်တယ်။ မြို့ဆိုတာမြို့အင်္ဂါရပ်နဲ့ စည်းစနစ်တကျ ရှိရင်ကောင်းပါတယ်။ လုပ်တဲ့အလုပ်တစ်ခုဟာ အကျိုးဖြစ်ထွန်းရင် ပြည်သူပြည်သားတွေရော နိုင်ငံအတွက် ကောင်းတာပေါ့။ ကားဝင်းဆောက်တယ်ဆိုတာ ဘာအတွက်စောင့်တာလဲ ဘာဖြစ်ချင်လို့ဆောက်တာလဲ ဖြစ်ချင်တာတွေဖြစ်သင့်တာတွေကို အမှန်တကယ်ဖြစ်အောင်လုပ်ဖို့လိုတယ်။ လုပ်လဲလုပ်တယ် အကျိုးမဖြစ်တဲ့ အလုပ်တော့ မလုပ်စေချင်ဘူး ပြီးရင်ပြီးရောဆိုတဲ့ ပြီးစလွယ်အလုပ်မျိုးမဖြစ်ရင်အားလုံးကောင်းပါတယ်။
%e1%80%80%e1%80%af%e1%80%ad%e1%81%bf%e1%80%96%e1%80%ad%e1%80%b3%e1%80%b8-%e1%80%9e%e1%80%b6%e1%80%bb%e1%80%96%e1%80%b4%e1%80%87%e1%80%9b%e1%80%95%e1%80%b9
ကိုဖြိုး၊ ယာဉ်လိုင်းတာဝန်ခံ
သံဖြုဇရပ်မြို့

၁၀မြို့နယ်စလုံးမှာ အဝေးပြေးကားဝင်းဆောက်သင့်သလားဆိုတဲ့မေးခွန်းနဲ့ပတ်သတ်ပြီး ပြောရရင် အဝေးပြေးကားဝင်းဟာ အဝေးပြေးကားဝင်းအင်္ဂါရပ်နဲ့ညီရတယ်။ လုံခြုံရေးတွေ အဝင်ထွက်ဂိတ်တွေထားသင့် တယ်။ ယ.ထ.က လက်အောက်မှာရှိတဲ့ယာဉ်လိုင်းတွေ ကားဝင်းထဲမှာအကုန်ဝင်ရမယ်။ ခရီးသည်အတင်အချ ပြုလုပ်ရမယ်။ လမ်းဘေးမှာထိုးချင်သလိုထိုး ရပ်ချင်သလိုရပ်လို့မရဘူး။ အခုတော့အဝေးပြေးကားဝင်းသာ ဆောက်ထားတယ်။ ကားတွေကမြို့ထဲမှာတင်ချင်သလိုတင် ချချင်သလိုချ ရပ်ချင်သလိုရပ်လုပ်နေကြတော့ ဘာထူးတော့မှာလဲ။ ရဟန်းရှင်လူကျောင်းသားကျောင်းသူတွေနဲ့ ခရီးသွားပြည်သူတွေ သွားရေးလာရေး အဆင်ပြေစေဖို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းစနစ်တကျရှိစေဖို့ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ စည်းကမ်း နဲ့အညီလုပ်ပါမှတည်ဆောက်သင့်ပါတယ်။
%e1%80%80%e1%80%af%e1%80%ad%e1%80%99%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%b0%e1%80%b8-%e1%80%b1%e1%80%9b%e1%80%b8
ကိုမင်းထူး (ထူး-ကုန်စည်ပို့ဆောင်ရေး)
ရေးမြို့

မြို့တစ်ခုရှိလို့ရှိရင် အဝေးပြေးဂိတ်တစ်ခုက ရှိသင့်တယ်။ အဝေးပြေးကွင်းတစ်ခုပြုလုပ်ထားတဲ့အတွက် ယာဉ်တွေ မြို့ထဲမှာရှင်းသွားမယ်၊ ခရီးသည်တွေလည်း စုရပ်ဖြစ်တယ်။ မြို့အင်္ဂါနဲ့လည်းပြည့်စုံတယ်။ လက်ကား ဈေးဆိုင်တွေလဲ မြို့ထဲမှာမနေပဲ အဝေးပြေးကားဂိတ်တွေကိုမှီပြီး အပြင်ထွက်လာတယ်။ ရေးဂိတ်မှာလဲ စီးပွား ရေး လုပ်ငန်းရှင်တွေဝယ်ထားတယ်၊ အဝေးပြေးကွင်းမတော့ မရှိမဖြစ်လိုအပ်တယ်။ အဝေးပြေးတစ်ကွင်းရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ ခရီးသည်တွေနားနေဖို့၊ ကုန်စုတဲ့နေရာတွေ၊ သန့်စင်ခန်း၊ လျှပ်စစ်မီး၊ လုံခြုံရေးကအစပေါ့ လိုအပ်ပါတယ်။ မြို့ရဲ့အနေအထားအရ ခရီးသည်တင်ရော၊ ကုန်စည်ရောမြေအနေအထားတော့ လိုအပ်တယ်၊ မြို့နဲ့ဆက်စပ်မှုရှိဖို့လဲ လိုအပ်တယ်။

ကိုမင်းသိန်းထွန်းဦး (လမိုင်းမြို့)

မြို့တစ်မြို့မှာ အဝေးပြေးဂိတ်ရှိသင့်ပါတယ်။ ရှိတဲ့နေရာမှာ စည်းစနစ်ကျကျနဲ့ရှိဖို့လိုတယ်။ အဝေးပြေး ဂိတ်ကတစ်ခြား ယာဉ်လိုင်းတွေက အဝေးပြေးဂိတ်မှာမနေပဲ အတွင်းမှာလာနေတော့မကောင်းဘူးပေါ့၊ အဓိက ကတော့ စည်းကမ်းချက်တွေနဲ့စနစ်တကျလုပ်နိုင်ရင်ပိုကောင်းမယ်။

ဦးစိုးနိုင် ဥက္ကဌ မြို့နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ
ပေါင်မြို့နယ်

မော်လမြိုင်မှာလည်းကားဝင်းရှိနေတာပဲ။ ဒီမြို့က ကားတွေကလည်းမော်လမြိုင်ကိုအခြေပြုပြီးပြေးဆွဲနေကြတာဆိုတော့ ပေါင်မြို့မှာတော့မလိုအပ်ဘူးလို့မြင်တယ်။ နောက်တခုက ခရီးရဲ့အစအဆုံးနေရာမြို့လည်း မဟုတ်ဘူးဆိုတော့ အဝေးပြေးကားဝင်းနဲ့ရပ်နားစခန်းတွေလုပ်ခဲ့ရင်လည်း အကျိုးသက်ရောက်မှုက သိပ်ထူး
လာဖို့မရှိဘူး။ ပေါင်မြို့က ကြားဖြတ်သန်းတဲ့မြို့တခုအဆင့်ပဲရှိတာလေ။

ဦးဇော်ဝင်းလှိုင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး
ပေါင်မြို့နယ်အုပ်ချုပ်ရေးမှုးရုံး

လူကြီးတွေကမဖြစ်မနေလုပ်ရမယ်ဆိုယင်တော့လုပ်ရမှာပါပဲ။ ပေါင်မြို့ကိုအခြေခံပြီး မော်လမြိုင်ရန်ကုန်သွားနေကြတဲ့ သူတွေ တဆင့်ပြောင်းစီးချင်တဲ့သူတွေအတွက်စုရပ်ဆုံရပ်သဘောဖြစ်လာမယ်။ မြေနေရာ အခက်အခဲကတော့ရှိမယ်ထင်တယ်။ လမ်းဘေးတလျောက်မြေတွေကဈေးတွေကြီးနေတာဆိုတော့ အစိုးရပိုင် မြေကိုပဲရှာရလိမ့်မယ်။ ဒီမြို့ကနေ ဟိုင်းဝေးကားထွက်နိုင်သွားမယ်ဆိုတော့ အဝေးပြေးဝင်းရှိလာတဲ့အခါ မြို့ခံ လုပ်ငန်းရှင်တွေက ကားတွေဝယ်လာကြလိမ့်မယ်။ အဲဒီတော့မြို့ကပြည်သူတွေကိုယ့်မြို့ကကားနဲ့ ခရီးသွားနိုင်ကြမယ်လူနေမှုအဆင့်မြင့်လာနိုင်မယ်။ အခုအခြေအနေက အဝေးကလူတွေပေါင်မြို့မှာဆင်းဖို့ ရောက်တဲ့အချိန်နဲ့ဆိုယင် သိပ်အဆင်မပြေပဲကသိကအောက်အခြေအနေရှိနေပါတယ်။ ကျွန်တော့်သဘောကတော့လုပ်သင့် တယ်လို့ပဲထင်တယ်။
%e1%80%80%e1%80%af%e1%80%ad%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%86%e1%80%94%e1%80%b9%e1%80%b8%e1%80%9c%e1%80%84%e1%80%b9%e1%80%b8-%e1%80%b1%e1%80%99%e1%80%ac%e1%80%b9%e1%80%9c%e1%81%bf
ကိုအောင်ဆန်းလင်း၊ ရွှေမန္တလာ မှန်လုံယာဉ်မောင်း
မော်လမြိုင်

မွန်ပြည်နယ် မြို့နယ် အားလုံးမှာ အဝေးပြေးတွေ တည်ဆောက်လိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ ခရီးသည်တွေအတွက် အဆင်ပြေပါတယ်။ သူတို့နားဖို့ သန့််စင်ခန်းတွေ သွားဖို့ အဆင်ပြေပါတယ်။ တစ်မြို့ ဝင် တစ်ခါဂိတ်ထိုးပုံစံမျိုးမဟုတ်တဲ့အတွက် သူ့ဂိတ်နဲ့သူ သူ့ယာဉ်လိုင်းနဲ့ သူဆိုတော့ ခရီးမရောက်တာမျိုးဖြစ် မှာလည်း မပူရပါဘူး။ ကျွန်တော်တို့ ဒီမှန်လုံမောင်းတာ သုံးလေးနှစ်လောက်ရှိပါပြီ။ အဲ့လိုလုပ်ပေးရင်တော့ ကောင်းပါတယ်။

ကိုကျော်မြင့် (ရွှေဝါဖူး မှန်လုံယာဉ်မောင်း)
မော်လမြိုင်

အဓိကကတော့ Owner တွေအပေါ်မူတည်ပါတယ်။ သူတို့ယူမယ့်လမ်း၊ သူတို့ပြေးမယ့်လမ်းကို ကိုယ်တို့သွား ပေးရမယ်။ ဒီသဘောပဲ ရှိပါတယ်။ မော်လမြိုင်နဲ့ ရေးလိုင်းကို ယူထားမယ်ဆိုရင် အဓိကက မော်လမြိုင်ကသွား ရင် ရေးမှာဂိတ်ဝင်ထိုးပေးမယ်။ တစ်မြို့ဝင် တစ်မြိုကထွက် မဟုတ်ဘူးဆိုတော့ အခက်ခဲမရှိပါဘူး။ အဆင်ပြေပါ တယ်။ ကားဝင်းတွေရှိတော့ ခရီးသည်တွေက လမ်းကြို လမ်းကြားကနေ တက်စီးတာတွေ နည်းသွားမယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.