သီရိလင်္ကာဖြုတ်ချခံ သမ္မတ ထိုင်းမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံမယ်

0
13298

ဘန်ကောက် –  ဩဂုတ်(၁၁)  

သီရိလင်္ကာနိုင်ငံရဲ့ ဖြုတ်ချခံထားရတဲ့ သမ္မတ ဂိုတာဘာရာ ရာဂျာပတ်ဆာ ဟာ ပြီးခဲ့တဲ့လက နိုင်ငံကနေထွက်ပြေးခဲ့ပြီးနောက် အရှေ့တောင်အာရှိမှာ ယာယီခိုလှုံနေထိုင်ဖို့ ဒုတိယနိုင်ငံ အဖြစ် ထိုင်းနိုင်ငံကို ဩဂုတ်လ(၁၁) ရက်နေ့မှာ ရောက်ရှိလာနိုင်တယ်လို့ ဘန်ကောက်ပိုစ့်မှာ ဖော်ပြထား ပါတယ်။ 

တိုင်းပြည်ရဲ့ အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းကြောင့် မငြိမ်သက်မှုတွေနဲ့ အဆိုးဆုံး အငတ်ဘေးဆိုက်မှုတွေဖြစ်ပေါ်ပြီးနောက် ထောင်ပေါင်းများစွာသော ဆန္ဒပြ ပြည်သူတွေဟာ သမ္မတ အိမ်တော်နဲ့ ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ(၁၄) ရက်နေ့မှာ ရာဂျာပတ်ဆာ ဟာ မော်လ်ဒိုက်မြို့က တဆင့် စင်္ကာပူနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ တာဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ 

သမ္မတဟောင်းဟာ စင်္ကာပူကနေ ဘန်ကောက်ကို ဩဂုတ်လ(၁၁) ရက်နေ့မှာ ထွက်ခွာမှာဖြစ် တယ်လို့ သိရပြီး သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန အစိုးရလက်ထောက်ပြောရေးဆိုခွင့် ရှိသူ ကတော့ ရိုက်တာသတင်းဌာနကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ 

မစ္စတာ ရာဂျာပတ်ဆာဟာ သီရိလင်္ကာက ထွက်ခွာပြီးထဲက သူရောက်ရှိနေတဲ့ နိုင်ငံကို လူသိရှင် ကြား ထုတ်ဖော်တာ မှတ်ချက်တစ်စုံတစ်ရာ ပြောတာတွေမရှိခဲ့ပဲ စင်္ကာပူအစိုးရအနေနဲ့ သူ့ကို အမြဲတမ်း ခိုလှုံဖို့ အခွင့်အရေးနဲ့ လွတ်ငြိမ်းချမ်းသာခွင့် တစ်စုံတစ်ရာ မပေးခဲ့ဘူးလို့ ဒီလ ပထမ ပတ်မှာ ပြောဆိုခဲ့ပါတယ်။ 

သူဟာ သီရိလင်္ကာနိုင်ငံမှာဩဇာကြီးမားတဲ့ ရာဂျာပတ်ဆာမိသားစုက ဆင်းသက်လာတာဖြစ်ပြီး အသက်(၇၃) နှစ်အရွယ်အထိ သီရိလင်္ကာစစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့သလို ကာကွယ်ရေး ဝန်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပါတယ်။ 

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.