မြန်မာမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာအထောက်အထားတွေကို ကုလသမဂ္ဂစုံစမ်းစစ်ဆေး

0
9446
People who are displaced by the fighting in Laukkai move towards a rescue convoy, February 17, 2015. Unknown attackers shot and wounded two people on Tuesday in the first ever assault on a Red Cross convoy in Myanmar where battles have raged in the northeast between government soldiers and ethnic insurgents over two weeks, a Reuters witness said. The convoy was attempting to transport civilians displaced by fighting in Laukkai, a town in the Kokang region, on the border with China. REUTERS/Soe Zeya Tun (MYANMAR - Tags: CIVIL UNREST POLITICS TPX IMAGES OF THE DAY) - RTR4PXAT

ရန်ကုန် – ဩဂုတ်(၁၁) 

မြန်မာနိုင်ငံမှာ လူသတ်မှုညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေများပြားလာတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ် ဆေးရေးမှူးတွေက ဩဂုတ်လ(၉) ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ကုလသမဂ္ဂနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က ကျူးလွန်ခံရသူတွေမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ အထူးပစ်မှတ်ထားခံနေတယ်လို့ ဆိုထားပါတယ်။ 

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ အရပ်သား တွေကို တစ်နိုင်ငံလုံးအတိုင်းအတာ စနစ်တကျ တိုက်ခိုက်တဲ့ ပုံစံနဲ့ ရာဇ၀တ်မှုတွေ ကျူးလွန် ခဲ့တဲ့ သက်သေပြစရာတွေ အများကြီးရှိတယ်” လို့ စုံစမ်းစစ်ဆေးသူများက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

စစ်တပ်ဟာ ပြီးခဲ့တဲ့ နှစ်ဖေဖော်ဝါရီလ(၁) ရက်နေ့က အရပ်သားအစိုးရကို ဖြုတ်ချပြီး လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ 

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သွေးထွက်သံယိုနှိမ်နင်းမှုတွေ ပြုလုပ်ခဲ့ ပြီး အကြမ်းဖက်မှုတွေကြောင့် အရပ်သား(၂၁၀၀) ကျော်သေဆုံးပြီး (၁၅၀၀၀) နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသတွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံမှာ ဇွန်လကုန်အထိ (၁၂) လတာကာလအတွင်းဖြစ်ပွားနိုင်ခြေရှိတဲ့ နိုင်ငံတကာရာဇ ဝတ်မှုတွေကျယ်ပြန့်လာတယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က သူတို့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာ မှာ သတိပေးထားပါတယ်။

IIMM ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ဖွဲ့စည်းတည် ထောင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေရဲ့ သက်သေအထောက် အထားတွေကို စုဆောင်းပြီး ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေအတွက် အမှုဖိုင်တွေကို ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ 

“ဤရာဇ၀တ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူဖို့  ဆက်လက်လုပ်ဆောင်နိုင်ရန် အခြေအနေမရှိဖြစ်နေတာကို သိရှိရန် လိုအပ်ပါတယ်၊ သက်သေအထောက်အထားတွေကို စုဆောင်းထိန်းသိမ်းပြီး တစ်နေ့ကျရင် စာရင်းရှင်းနိုင်မှာပါ” လို့ IIMM အကြီးအကဲ နီကိုလာက ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ 

IIMM ဟာ ဂျီနီဗာမှာ တည်ရှိပြီး ၂၀၁၉ ခုနှစ်ဩဂုတ်လမှာ စတင်လုပ်ဆောင်ခဲ့ပြီး လူ့အခွင့် အရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွညီလာခံမှာ နှစ်စဉ်အစီရင်ခံတင်ပြခဲ့တာဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.