ပြည်နယ်အစိုးရနဲ့ ပြည်သူ့တွေ့ဆုံပွဲ ဘယ်လိုပုံစံမျိုးလုပ်သင့်သလဲ

ပြည်နယ်အစိုးရမှ လူထုတွေ့ဆုံပွဲများကို မွန်ပြည်နယ်ရှိ မြို့နယ်များတွင် ပြုလုပ်လျက်ရှိသည်။ ဆွေးနွေးပွဲတိုင်းလိုလိုတွင် ပြည်သူများနှင့်တွေ့ဆုံပွဲဟုခေါင်းစဉ်တပ်သော်လည်း ပြည်သူများ၏ တင်ပြမှုနှင့် အစိုးရတို့၏ လိုလားမှုတို့မှာ ကွဲပြားမှုများရှိနေသလို ပြည်သူများဝင်ခွင့်မရခဲ့သည့် တွေ့ဆုံပွဲများလည်း<!--more-->

ရှိနေသည်။ ထို့အတွက်ကြောင့် အစိုးရမှပြုလုပ်သည့် ပြည်သူ့တွေ့ဆုံပွဲများကို မည်သို့ပြုလုပ်သင့်သည်များကို အကြံပြုထားသည့်ပြည်သူ့အသံများကို မျှဝေဖော်ပြလိုက်ပါသည်။

ဦးဖိုးမြိုင်၊ မုဒုံမြို့
ဦးဖိုးမြိုင်၊ မုဒုံမြို့

ပြည်သူ့အစိုးရနဲ့ပြည်သူ့တွေ့ဆုံပွဲဘယ်လိုပုံစံမျိုးလုပ်သင့်သလဲ မွေးခွန်းအရပြည်သူတစ်ဦးအနေနဲ့ပြည်သူ့အစိုးရဖြစ်လာရေး ပြည်သူများရဲ့လက်သန်းပေါင်းများစွာတွေကလက်ပေါင်းများစွာမှင်အစွန်းအထင်းပြီးထောက်ခံခဲ့ကြတယ်။ ပြည်သူများရဲ့လက်သန်းမှင်စွန်းထောက်ခံခြင်းအား ကျေးဇူးပြန်ဆပ်ဖို့ပြည်သူ့အစိုးရမှာ တာဝန်ရှိတယ်။ ပြည်သူတွေနဲ့လက်ပွန်းတသီး တပြေးညီ၊မိသားစုအသွင် တွေ့ဆုံမှုများလည်းဖြစ်သင့်တယ်။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ ပြည်သူ့လိုအပ်ချက်အမှန် သိဖို့ဆိုတာ ပြည်သူ့တွေ့ဆုံပွဲကိုပြည်သူ့ကြားထဲမှာပဲလုပ်သင့်တယ်၊ ပြည်သူတွေခံစားနေရတဲ့ သုက္ခ၊ဒုက္ခတွေကို ရှေ့ထွက်ဖွင့်ဟပြောနိုင်ရေးအတွက် ဟန့်တားမှုတွေကို ဖယ်ရှားပြီး လမ်းဖွင့်ပေးနိင်ဖို့လည်းလိုပါတယ်။ ဒါမှလည်းပြည်သူ့အစိုးရနဲ့ပြည်သူ့တွေ့ဆုံမှုကအနှစ်သာရရှိမှာပါ၊

 ဦးအောင်မျိုးကြည် (သီရိနန္ဒာရပ်ကွက်၊ အဏ္ဏဝါရပ်နေပြည်သူတစ်ဦး)

ဦးအောင်မျိုးကြည် (သီရိနန္ဒာရပ်ကွက်၊ အဏ္ဏဝါရပ်နေပြည်သူတစ်ဦး)

ခုလို တစ်လတစ်ကြိမ် ဝန်ကြီးချုပ်အနေနဲ့ ပြည်သူလူထုတွေကို တွေ့ဆုံနေတာဟာ ဖြစ်သင့်ပါတယ်၊ ပြည်သူတွေနဲ့သီးခြားတွေ့ဆုံတာမျိုး ပိုကောင်းမွန်မယ်လို့ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထု တွေရဲ့တင်ပြချက်၊ လိုလားချက်တွေကို အကြောက်တရားကင်းကင်းနဲ့ လွတ်လွတ်လပ်လပ်တင်ပြလို့ရတယ်၊ ဌာနတွေတိုင်းမှာလဲ အဂတိလိုက်စားမှုက (လုံးဝ)ပပျောက်သွားတာမရှိသေးဘူး၊ ပြည်သူလူထုတွေက သီးသန့် တွေ့ဆုံမှပဲ သူတို့တွေရဲ့ခံစားချက်ကို ပြောပြလို့ပိုအဆင်ပြေမယ်၊ အမြဲမပြတ် တွေ့ဆုံပွဲတွေကို လုပ်ပေးစေချင် ပါတယ်။

ဦးဝင်းနိုင်သက် (ဖိတ်စာ၊ ယပ်တောင်လုပ်ငန်း၊ ရန်ကြီးအောင်ရပ်ကွက်၊ ရေးမြို့)
ဦးဝင်းနိုင်သက် (ဖိတ်စာ၊ ယပ်တောင်လုပ်ငန်း၊ ရန်ကြီးအောင်ရပ်ကွက်၊ ရေးမြို့)

အစိုးရနဲ့ပြည်သူတွေရဲ့တွေ့ဆုံမှုဟာ အရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်၊ တစ်ခါထဲဖြေရှင်းလို့ရ တာကို တစ်ခါထဲဖြေရှင်းမယ်၊ အချိန်ယူဆောင်ရွက်ရမယ့်ဟာတွေဆိုရင် အချိန်ယူဆောင်ရွက်မယ်၊ အဲ့လို ဆောင်ရွက်တဲ့နေရာမှာ မှတ်တမ်းပြုပြီး ပြန်လည်စိစစ်ကြပ်မတ်ဖို့လိုပါတယ်၊ အမြဲတမ်းမတွေ့ဆုံနိုင်လို့ ကြားခံဆက်သွယ်မှုတစ်ခုထားပေးတာတို့ ဥပမာ – အွန်လိုင်းမှာ ပြည်သူ့အသံဆိုတာလုပ်ထားပြီး ကြည့်ရှု မှတ်သားပေးဖို့လဲ လိုပါတယ်။ တွေ့ဆုံမှုရဲ့ရလဒ်က အကျိုးတရားအမြဲတမ်းဖြစ်ပေါ်နေဖို့လိုပါတယ်၊ ဒါမှသာ ပြည်သူတွေက အားရကျေနပ်ကြပါလိမ့်မယ်၊ တွေ့မယ် ပြောမယ် ပြန်သွားမယ် ဘာမှလဲမထူးလာဘူးဆိုတာ မျိုးတော့ မဖြစ်စေချင်ပါဘူး။

ဦးဝင်းနိင်၊မုဒုံမြို့
ဦးဝင်းနိင်၊မုဒုံမြို့

ပြည်သူ့အစိုးရနဲ့ပြည်သူ့တွေ့ဆုံပွဲတွေကို ဘယ်လိုပုံစံမျိုးလုပ်သင့်သလဲဆိုသာထက်အရင်ဦးဆုံးနောက်ခံစာလုံးတွေကိုအဦးဆုံးပြောင်းလဲသင့်တယ်။ အရင်ပြည်ခိုင်ဖြိုးအစိုးရလက်ထက်၊အခုတက်လာတဲ့NLDအစိုးရ လက်ထက် ဝန်ကြီးချုပ်လာရောက်တဲ့ဆုံတွေ့မှုတွေက” တွေ့ဆုံပွဲ”ဆိုတဲ့စကားလုံး၊စာလုံးသုံးလုံးပဲတွေ့တယ်၊ ကျွန်တော် ဆိုလိုချင်တာက”ပြည်သူ့တွေ့ဆုံပွဲ၊လူထု တွေ့ဆုံပွဲဆိုတဲ့စကားလုံးမျိုးဖြစ်သင့်တယ်၊ အခုဟာကတွေ့ဆုံပွဲတိုင်းမှာပြည်သူလူထုအလွှာတွေကအချို့တွေ့ဆုံပွဲတွေမှာရှိကိုမရှိဘူး၊ဌာနဆိုင်ရာတွေရယ်၊စာရေးဝန်ထမ်းတွေရယ်၎င်းတို့နဲ့ပနာသင့်ဆက်စပ်တဲ့ လူတွေကအများ။ ဒါကြောင့်ပြည်သူလူထုနဲ့ဌာနဆိုင်ရာခွဲခြားပြီး၊ သီးခြားဆီ တွေ့ဆုံခြင်းများကိုတစ်နှစ်(၂)ကြိမ်လောက်လုပ်ပေးသင့်တယ်။

ဦးတင်မြင့်၊ ဖလပ်ကျေးရွာအုပ်ချုပ်ရေးမှုး ပေါင်မြို့
ဦးတင်မြင့်၊ ဖလပ်ကျေးရွာအုပ်ချုပ်ရေးမှုး ပေါင်မြို့

အစိုးရအဖွဲ့ဝန်ကြီးတွေပဲဖြစ်ဖြစ် သူတို့ကလာရင် ယာဉ်တန်းနဲ့လာတယ်။ အစည်းအဝေးပြီး ရင်လည်း လုံခြုံရေးယာဉ်တန်းနဲ့ပဲပြန်သွားကြတာဆိုတော့ အောက်ခြေမှာဖြစ်နေပျက်နေတာတွေကို သူတို့က ဘာမှသိနိုင်မှာမဟုတ်ဘူး။ ရုံးတွေကတင်ပြနေကြတဲ့စာရွက်စာတမ်းတွေကိုပဲ ကြည့်နေကြ မယ်ဆိုရင်အမှန်သိဖို့မလွယ်နိုင်ဘူး။ အရှင်းဆုံးပြောရရင် မဲဆွယ်ကာလတုန်းက ပြည်သူကိုထိတွေ့ တဲ့ ပုံစံအတိုင်း တွေ့နိုင်ရင် အကောင်းဆုံးပါ။

ဦးထွန်းဦး၊ မိုးနှိုင်းရပ်ကွက် ပေါင်မြို့
ဦးထွန်းဦး၊ မိုးနှိုင်းရပ်ကွက် ပေါင်မြို့

ကျွန်တော်တို့က ဆင်းရဲတယ်။ လက်လုပ်လက်စားလူတွေပါ။ အခုချိန်ထိဘယ်ဝန်ကြီး ဘယ် အမတ်လူကြီးတွေကိုမှ စကားမပြောဘူးဘူး။ သူတို့လာရင် ရဲတွေ သေနတ်တွေကိုင်ထားပြီး အစောင့် တွေပါတယ်။ သာမန်လူဆိုတော့ကြောက်တာပေါ့။ မဲကောက်တုန်း( မဲဆွယ်ကာလ) တုန်းကတော့ ကျွန်တော်တို့အိမ်မှာ အမတ်လောင်းတွေ လာပြီးဟောကြပြောကြတယ်။ လူကြီးဖြစ်သွားတော့ မလာကြတော့ဘူး။ ကျွန်တော်တို့ရဲ့ဘ၀ ရပ်တည်မှုကို လူကြီးတွေက အမှန်အတိုင်းမသိနိုင်ပါဘူး ။ မြို့တွေရွာတွေကိုသူတို့လာတဲ့အခါဆိုရင် နီးစပ်ရာအိမ်တွေကိုဝင်လည်ပြီး စကားပြောတာ အခြေ အနေကိုမေးမြန်းတာတွေလုပ်ပြီးထိတွေ့သင့်ပါတယ်။

ကိုကျော်ကျော်ဇင် (မော်လမြိုင်)
ကိုကျော်ကျော်ဇင် (မော်လမြိုင်)

အစိုးရနဲ့ပြည်သူတွေတွေ့ရတဲ့အကြောင်းရင်းကတော့ ဌာနဆိုင်ရာတွေရဲ့အခက်အခဲတွေကို ပြည်သူတွေ သိရအောင်ပြည်သူတွေရဲ့အခက်အခဲတွေကိုလည်း အစိုးရသိအောင် မျက်နှာချင်းဆိုင်ဆွေးနွေးကြ တာပေါ့။ ဒီလိုပွဲမျိုးတွေကို တစ်လတစ်ခါလောက်လုပ်သင့်တယ်။ တစ်လတစ်ခါမလုပ်နိုင်ရင်တောင် သုံးလ တစ်ခါလောက်ဖြစ်အောင်လုပ်သင့်တယ်။ ဌာနဆိုင်ရာတွေကလည်း သူတို့လုပ်ငန်းစဉ်တွေရှိသေးတာဆိုတော့ အချိန်မပေးနိုင်ကြဘူး။

ကိုထက်နောင် (မော်လမြိုင်)
ကိုထက်နောင် (မော်လမြိုင်)

အစိုးရနဲ့ပြည်သူတွေတွေ့ဆုံတဲ့ပွဲတွေကို မကြာမကြာလုပ်သင့်တယ်။ ပြည်သူတွေ ကြုံရတဲ့အခက်အခဲ တွေ တင်ပြစရာတွေကအများကြီး ဒီလိုပွဲတွေလုပ်တဲ့အတွက် အစိုးရနဲ့ပြည်သူတွေရဲ့ဆက်ဆံရေးက ပိုကောင်း လာမယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.