LTE Network အထိထောက်ပံ့ပေးမယ့် MEIZU M5 Note

MEIZU M5 Note ကို 2016 နှစ်ကုန်ပိုင်းလောက်က ထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး သုံးစွဲလို့ကောင်းတဲ့ features တွေနဲ့ specs တွေကို ထည့်သွင်းပေးထားပါတယ်။ GSM ၊ HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano Dual SIM စနစ်ပါရှိပါတယ်။

ဖုန်းအရွယ်အစားက 153.6 x 75.8 x 8.2 mm ရှိပြီး 175g အလေးချိန်ရှိပါတယ်။ မျက်နှာပြင်အကျယ်က 5 လက်မခွဲရှိပြီး LTPS IPS LCD Capacitive touchscreen နဲ့ပြုလုပ်ထားပါတယ်။ ၎င်းက 1080 x 1920 pixels ရှိတဲ့မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး မျက်နှာပြင်မှာ Multitouch စနစ်ကိုလည်း သုံးစွဲနိုင်သလို အရှေ့ဘက် Home button မှာ fingerprint sensor လည်း ပါရှိပါတယ်။ ကိုယ်ထည်ထဲမှာ SMediatek MT6755 Helio P10 Octa core processor တို့ကို ထည့်ထားပြီး Mali-T860MP2 graphics card ကို သုံးထားပါတယ်။ Non-removable 5000 mAh battery ကိုထောက်ပံ့ထားပြီး ဖုန်းအားသွင်းရာမှာ မြန်ဆန်တဲ့ Fast Battery Charging စနစ်လည်း ပါရှိပါတယ်။ ရရှိနိုင်တဲ့ အရောင်တွေကတော့ ရွှေရောင်၊ ငွေရောင်၊ မီးခိုးရောင်နဲ့ အပြာရောင်တို့ပဲဖြစ်ပါတယ်။

Specification တွေကတော့
MEIZU 2
Display : 5.5 inch, IPS LCD Capacitive Touchscreen
Memory : 16 GB, 3 GB RAM, microSD, up to 256 GB
Camera : 13 MP(Back), auto focus, dual LED flash
OS : Android OS, v 6.0 (Marshmallow) တို့ပဲဖြစ်ပါတယ်

ဈေးနှုန်းကတော့ 209,000 ဖြစ်ပါတယ်

Ref:NGJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.