AI နည်းပညာကိုထိန်းကျောင်းဖို့ မလေးရှားအစိုးရ စီစဉ်

0
658

ကွာလာလမ်ပူ၊ အောက်တိုဘာ(၁၃) 

ဉာဏ်ရည်တု AI နည်းပညာရဲ့ ခြိမ်းခြောက်မှုတွေကို ထိန်းကျောင်းကာကွယ်ဖို့အတွက် လာမယ့် နှစ်မှာ ကျင့်ဝတ်ဆိုင်ရာစံနှုန်းတွေနဲ့ မူဝါတွေချမှတ်ဖို့ မလေးရှားအစိုးရက စီစဉ်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။ 

AI နည်းပညာကို ထိန်းကျောင်းဖို့ မလေးရှားနိုင်ငံရဲ့ သိပ္ပံနည်းပညာဝန်ကြီးဌာန၊ မလေးရှားနည်း ပညာတက္ကသိုလ်၊ အစိုးရအေဂျင်စီတွေရဲ့ ကိုယ်စားလှယ်တွေ၊ အဆင့်မြင့်ပညာရေးအဖွဲ့နဲ့ စက်မှု လုပ်ငန်းဆောင်ရွက်သူတွေ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာပါ။ 

နိုင်ငံအတွင်း AI နည်းပညာနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်တွေနဲ့ အုပ်ချုပ်မှုယန္တရားပါဝင်တဲ့ စည်းမျဉ်း ချမှတ်ဖို့ လာမယ့်နှစ်မှာ အဆင်သင့်ဖြစ်နိုင်လိမ့်မယ်လို့ မလေးရှားနိုင်ငံ သိပ္ပံနဲ့နည်းပညာဝန်ကြီး ချန်လင်ကန်က အောက်တိုဘာ ၁၀ ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

ဝန်ကြီးဌာနဟာ ဥပဒေမူဘောင်နဲ့ AI အက်ဥပဒေကို ဖန်တီးဖို့ လိုအပ်ချက်ကို ဆန်းစစ်နေခဲ့တာ ဖြစ်တယ်လို့လည်း သူ့ရေးသားချက်အရ သိရပါတယ်။ 

“မလေးရှားရဲ့ အမျိုးသားအဆင့် AI လမ်းပြမြေပုံ ၂၀၂၁-၂၀၂၅ မှာတော့ AI နဲ့ပတ်သက်ပြီး တာဝန်ယူတာဝန်ခံရမယ့် မူဝါဒ ၇ ခု ပါဝင်ပါတယ်။ အဲ့ဒီလမ်းပြမြေပုံဟာ AI ဟာ ယုံကြည် စိတ်ချရပြီး တာဝန်ယူ တာဝန်ခံမှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရပိုင်ခွင့်နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ပေးထားနိုင်မယ်”လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

ဝန်ကြီးမစ္စတာချန်ရဲ့ အဆိုအရ မလေးရှားစံချိန်စံညွှန်းဌာန (JSM) ဟာ AI စံနှုန်းတွေကို အကောင်အထည်ဖော်ဖို့ အမျိုးသားအဆင့်ေကော်မတီတစ်ရပ်လည်း ဖွဲ့စည်းထားခဲ့တယ်လို့ သိရပါတယ်။ 

ဉာဏ်ရည်တု AI နည်းပညာဟာ လူတစ်ယောက်လို စွမ်းဆောင်နိုင်သလို နည်းပညာနဲ့ ဖန်တီးပြီး အသွင်တူအောင် စကားပြောနိုင်တာ၊ ပုံဖော်နိုင်တာ၊ သီချင်း၊ကဗျာတွေနဲ့ ပန်းချီပါဆွဲနိုင်တာ ကြောင့် လူသားတွေရဲ့နေ့စဉ်ဘဝမှာ နေရာယူလာနိုင်ခဲ့တာပါ။ 

ဒါပေမဲ့ ဉာဏ်ရည်တု AI နည်းပညာကို အသုံးပြုပြီး လူမှုကွန်ယက်မှာ ကလေးငယ်တွေနဲ့ အမျိုး သမီး လိင်ပိုင်းဆိုင်ရာ စော်ကားတာအပြင် လူဂုဏ်သိက္ခာကို အကြီးအကျယ် ခြိမ်းခြောက်နေ တာ ဖြစ်ပါတယ်။ 

Ref: Bernama/ya(as)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.