အချမ်းသာဆုံးစာရင်းကနေ ချန်လှပ်ခံရပြီးနောက် ထရန့်က Forbes မဂ္ဂဇင်းကို တောင်းပန်ခိုင်း

0
601

ဝါရှင်တန်၊ အောက်တိုဘာ (၁၃) 

အချမ်းသာဆုံး အမေရိကန်နိုင်ငံသားများစာရင်းကနေ သုံးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ချန်လှပ်ခံခဲ့ရပြီးနောက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူ့ကို ပြန်တောင်းပန်ရ မယ်လို့ Forbes မဂ္ဂဇင်းကို ပြောကြားလိုက်ပါတယ်။ 

Forbesမဂ္ဂဇင်းအနေနဲ့ သူ့အကြောင်းကို ဖော်ပြရာမှာ မှားယွင်းချက်တွေ အများကြီးပါဝင်နေပြီး အချမ်းသာဆုံး အမေရိကန်နိုင်ငံသားများစာရင်းမှာ မိမိနာမည်ကိုဖော်ပြဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် အပြည့်အဝ ပြန်တောင်းပန်ရမယ်လို့ ထရန့်က သူရဲ့လူမှုမီဒီယာမှာ အောက်တိုဘာ ၁၀ ရက်က ရေးသားဖော်ပြခဲ့တာပါ။ 

အဲဒီနောက် ထရန့်က Forbes မဂ္ဂဇင်းကို တရုတ်ကပိုင်ဆိုင်ထားတာလို့ စွပ်စွဲခဲ့ပါသေးတယ်။ 

Forbes မဂ္ဂဇင်းကို ဟောင်ကောင်အခြေစိုက် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ထား ပေမယ့် ရှယ်ယာအများစု အမေရိကန်ကပိုင်ဆိုင်လာမယ့် သဘောတူညီမှုတစ်ရပ်အတွက် လောလောဆယ် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ 

သူ့ကို Forbes မဂ္ဂဇင်းက အချမ်းသာဆုံး အမေရိကန်နိုင်ငံသားများစာရင်းမှာ ထည့်သွင်းဖော်ပြဖို့ ပျက်ကွက်ခဲ့တာကြောင့် စိတ်ပျက်မိတယ်လို့လည်း ထရန့်ကပြောပါတယ်။ 

Forbes မဂ္ဂဇင်းဟာ မိမိကို တိုက်ခိုက်နေတာ နှစ်အတော်ကြာနေပြီဖြစ်သလို တိုက်ခိုက်ဖို့အတွက် အမှန်တကယ် တုံးအတဲ့စာရေးသူတွေကို ငှားရမ်းထားတယ်လို့လည်း ထရန့်က ပြောပါတယ်။ 

ထရန့်ဟာ လောလောဆယ်မှာ သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးကို ချဲ့ကားပြောဆိုထားတယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ တရားရင်ဆိုင်နေရပါတယ်။

 Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ထရန့်ရဲ့ပြီးခဲ့တဲ့တစ်နှစ်က အသားတင်ကြွယ်ဝချမ်းသာမှု တန်ဖိုးဟာ ကန် ဒေါ်လာ သန်း ၆၀၀ လျှော့ကျသွားတယ်လို့ သိရပါတယ်။ 

ထရန့်ဟာ အချမ်းသာဆုံးစာရင်းမှာ ၁၉၉၆ ကနေ ၂၀၂၁အထိ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

Ref; Y! News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.